ရထားကို ဘေးကနေ ခိုစီးဖို့ကြိုးစားခဲ့တဲ့ နယူးယော့ခ်မြို့သားရဲ့အဖြစ်အပျက်

ဒီအဖြစ်အပျက်က နယူးယော့ခ်မြို့ထဲက ဘူတာရုံတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ သောကြာနေ့မနက် ၈း၃၀ အချိန်တုန်းက မန်ဟက်တန်ကနေ ၀ါရှင်တန်ရိပ်သာကိုထွက်ခွာခဲ့တဲ့ ရထားပေါ်က ခရီးသည်တွေဟာ ထူးဆန်းတဲ့ ရထားစီးသူတစ်ယောက်ကြောင့် အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။

ဘူတာကနေ ရထားစတင် ထွက်ခွာလာတဲ့ အချိန်မှာပဲ လူငယ်တစ်ယောက်က ရထားရဲ့တံခါးပေါက် အပြင်ဖက်ကနေ ခိုစီးလိုက်ပါလာခဲ့ပြီး အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ရထားအတွင်းက လူတွေ တအံ့တသြ ဖြစ်ခဲ့ကြရတာပါ။

မြန်ဆန်လွန်းတဲ့ ရထားရဲ့အရှိန်ကြောင့် အဲဒီလူငယ် ပြုတ်ကျသွားမှာကို အားလုံးက စိတ်ပူနေခဲ့ကြပြီး ရထားစီးသူတွေထဲက တစ်ယောက်ဖြစ်တဲ့ မက်သရူးဆိုသူကတော့ ဒီအဖြစ်အပျက်ကို ဗီဒီယို ရိုက်ကူးထားခဲ့ပါတယ်။

Instagram

မက်သရူးရဲ့ ဗီဒီယိုဖိုင်ထဲမှာ အာဖရိကန်နွယ်ဖွားပုံစံရှိတဲ့ လူငယ်က ရထားရဲ့တံခါးပေါက်အပြင်ဖက်မှာ ခိုစီးနေတာကိုတွေ့ရပြီး သူ့ရဲ့အ၀တ်အစားတွေဟာ လေနဲ့အတူ လွင့်လို့နေခဲ့ပါတယ်။

“အဲဒီလို ကိစ္စမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး” လို့ မက်သရူးက သူ့ရဲ့အဖြစ်အပျက်ကို နယူးယော့ခ်ပို့စ် သတင်းစာဆီ ပြန်လည်ဖောက်သည်ချပါတယ်။

READ
အရှိန်ပြင်းစွာမောင်းဝင်လာတဲ့ Speed Boat ကြောင့် ရေထဲကို အမြန်ခုန်ဆင်းခဲ့ရသူများ

“ဒီအဖြစ်အပျက်ကို ကျွန်တော် ဗီဒီယို ရိုက်ထားခဲ့တယ်၊ ဘာလို့လည်းဆိုတော့ တကယ့်ကို အထူးအဆန်းပဲလေ၊ ပြီးတော့ ကြောက်စရာကြီး” လို့ မက်သရူးက ဆိုပါတယ်။

Instagram

နောက်ထပ် ဘူတာတစ်ခုဆီ ရထားရောက်ရှိ သွားချိန်မှာတော့ မက်သရူးအပါအ၀င် ရထားထဲက လူတွေက လူငယ်အနေနဲ့ ဒဏ်ရာရသွားခဲ့သလားလို့ စောင့်ကြည့်ခဲ့ကြပေမယ့် ရထားခိုစီးခဲ့တဲ့ လူငယ်ကတော့ ဘာဒဏ်ရာမှ မရခဲ့ပဲ သူ့လမ်းသူလျှောက်သွားခဲ့ပါတယ်။

နယူးယော့ခ်မှာတော့ ဒီလို လုပ်ရပ်မျိုးတွေကို subway surfing လို့ ခေါ်ကြပြီး ပို့ဆောင်ရေးအရာရှိတွေရဲ့အဆိုအရ (၁၉၈၉) ခုနှစ်ကစလို့ ဒီလိုလုပ်ရပ်မျိုးတွေကနေ သေဆုံးသူ အနည်းဆုံး (၁၅) ဦး ရှိနေပြီလို့ သိရပါတယ်။

Linn

READ
Facebookမှာ မဖွယ်မရာပုံတင်ခဲ့လို့ ထုတ်ပယ်ခံရတော့မယ့်ရဲမေ

Source : Dailymail

SHARE