လက်နက်ကိုင်လာတဲ့ ကျောင်းသားကို ပွေ့ဖက်ကာ လက်နက်ချခိုင်းခဲ့တဲ့ နည်းပြဆရာ

youtube/ The Oregonian

အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်မှာရှိတဲ့ အာဏာပိုင်တွေဟာ သောကြာနေ့မနက်ပိုင်းတုန်းက ဒေသခံအထက်တန်းကျောင်းတစ်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။ ၄င်းဗီဒီယိုဖိုင်ကို insider ကနေတဆင့် တွေ့မြင်ခဲ့ရတာဖြစ်ပြီး ဗီဒီယိုထဲမှာတော့ သေနတ်ကိုင်လာတဲ့ ကျောင်းသားကို ဖြောင်းဖြပြောဆိုပြီး ပွေ့ဖက်နေတဲ့ ဘောလုံးနည်းပြဆရာတစ်ယောက်ကို တွေ့ရမှာဖြစ်ပါတယ်။

youtube/ The Oregonian

နည်းပြဆရာနာမည်ကတော့ Keanon Lowe ဆိုသူပါ။ Keanon ဟာ ကျောင်းသားဆီက သေနတ်ကို ချော့မော့ပြီး ပြန်ယူကာ ကျောင်းသားကို ပွေ့ဖက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကျောင်းသားကို ကြည့်ရတာလည်း စိတ်ရှုပ်နေပုံရပါတယ်။ ထို့နောက်မှာတော့ ၄င်းကျောင်းသားဟာ ဘောလုံးနည်းပြဆရာ Keanon Lowe ကို ပြန်လည်ပွေ့ဖက်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းထဲ လက်နက်ကိုင်လာတဲ့ ကျောင်းသားက အသက်(၁၉) နှစ်ရှိပါပြီ။ သူ့ကိုတော့ Angel Granados-Diaz လို့သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့ မေလ(၁၇) ရက်မှာ သေနတ်တစ်လက်ကို သူ့ရဲ့ ကုတ်အင်္ကျီအရှည်ကြီးအောက်ထဲ ထည့်ဝှက်ပြီး ပေါ့တလန်းမြို့ ပါ့ခ်ရို့စ်ကျောင်းထဲကို လမ်းလျှောက်ဝင်လာတာ ဖြစ်ပါတယ်။

READ
သခင်ဖြစ်သူရဲ့အသက်ကို ကယ်ပေးနိုင်ခဲ့တဲ့ ကြောင်ဆိုးမလေးတစ်ကောင်
youtube/ The Oregonian

Keanon ကတော့ သူ့ရဲ့ အတွေ့အကြုံကို ခုလို ပြန်ပြောပါတယ်။ “ကျွန်တော် သူ့ကို တွေ့လိုက်တော့ သူတော်တော်လေး စိတ်မချမ်းမသာဖြစ်နေပုံရတယ်။ ကျွန်တော်က စိတ်ထဲ ဘာမှမရှိပါဘူး။ သူ့အတွက် ကျွန်တော်ဖေးမပေးဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ သူသိစေချင်တာပဲ ရှိတယ်။ အခင်းဖြစ်တုန်းကတော့ ကျွန်တော်က စိတ်မပူနဲ့၊ သူ့ကို ကယ်ဖို့ ကျွန်တော်ရှိနေတယ်ဆိုတာ ပြောပြရတယ်။ ကျွန်တော်က အဲ့ဒီနားကို ကိစ္စတစ်ခုရှိလို့ ရောက်နေတာပါ။ မမျှော်လင့်ပဲ လူ့အသက်ကယ်ဖြစ်သွားတာပေါ့ဗျာ…”

လက်နက်ကိုင်ဆောင်လာသူ ကျောင်းသား Angel Granados-Diaz ကတော့ ပြီးခဲ့တဲ့အပတ်ကပဲ တရားရုံးမှာ လက်နက်ကိုင်ဆောင် အမှု(၂) ခုနဲ့ တရားစွဲခံထားရပါတယ်။ သူ့ကိုတော့ စိတ်ကျန်းမာရေးချို့ယွင်းမှုနဲ့အတူ လက်နက်ကို အလွဲသုံးစားပြုလုပ်မှုတို့နဲ့ စောင့်ကြည့်ကာလ (၃၆) လ ခွင့်ပြုထားပါတယ်။ အခင်းဖြစ်စဉ်မှာတော့ Angel Granados-Diaz မှာ လက်နက်နဲ့ မည်သူ့ကိုမျှ ထိခိုက်စေတာမျိုးမရှိပဲ မိမိကိုယ်ကို အန္တရာယ်ပြုဖို့သာ ကြံစည်ခဲ့တယ်လို့ သိရပါတယ်။

READ
မဖြစ်နိုင်ဘူးဆိုတာ မရှိကြောင်း သက်သေပြနေတဲ့ ဘတ်စကတ်ဘော ကောင်မလေး

လင်းလင်း (ShweMom)

SHARE