စိတ်ညစ်နေတာတောင် မေ့သွားမယ့် ချစ်စဖွယ်တိရစ္ဆာန်လေးများရဲ့ ပထမဆုံးတွေ့ဆုံခြင်း

twitter/San DiegoZoo, twitter/mysticaquarium, facebook/Cincinnati Zoo

အခုဆို ကိုဗစ်ကြောင့် လူတွေအားလုံးဟာ လူစုလူဝေးရှိနိုင်မယ့် နေရာတွေကို မသွားရတော့ပါဘူး။ ရုပ်ရှင်ရုံတွေ၊ တိရစ္ဆာန်ရုံတွေ၊ ငါးပြတိုက်တွေကိုလည်း ပိတ်ထားပြီးဖြစ်လို့ နေရာတိုင်းဟာ ခြောက်ကပ်ကပ်ဖြစ်နေပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်လေးတွေအတွက်တော့ လူမရှိတဲ့ တိရစ္ဆာန်ရုံတွေ၊ ငါးပြတိုက်တွေထဲ လျှောက်ကြည့်ရတာဟာ ကျေနပ်စရာပါ။ ကိုယ်နဲ့မျိုးတူတဲ့ကောင်ရော၊ မျိုးမတူတဲ့ကောင်နဲ့ရော ရုံထဲမှာ တွေ့ရမယ်၊ သူတို့နဲ့ ကိုယ်နဲ့ အချင်းချင်း အပြန်အလှန်စူးစမ်းမယ်၊ အမူအရာတွေနဲ့ စကားပြောမယ် စတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားမှုလေးတွေကို သူတို့ ခံစားရမှာပါ။

လတ်တလောမှာလည်း ခွေးလေးတွေ၊ ပင်ဂွင်းလေးတွေရဲ့ ငါးပြတိုက်ဆီသွားလည်တဲ့ဗီဒီယိုတွေ အွန်လိုင်းပေါ်တက်လာနေပါတယ်။ ဘာပဲပြောပြော စာဖတ်သူတွေအနေနဲ့ ကိုဗစ်ကြောင့် ညစ်ညူးနေတဲ့စိတ်တွေက သူတို့လေးတွေရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးတွေကိုကြည့်ရင်း အနည်းနဲ့အများတော့ စိတ်ကျေနပ်မှုရရှိကြမယ်လို့ မျှော်လင့်မိပါတယ်။ အောက်ဘက်မှာတော့ အခုမှ အချင်းချင်း စတွေ့ကြတဲ့ တိရစ္ဆာန်လေးတွေရဲ့ တုံ့ပြန့်ပုံတွေကို ဗီဒီယိုဖိုင်လေးတွေနဲ့အတူ boredpanda ကနေ ဖော်ပြပေးလိုက်ပါတယ်။

ဖွတ်ကိုတွေ့လို့  တအံ့တသြဖြစ်နေတဲ့ ပင်လယ်ဖျံကြီး

ဝက်ကို စိတ်ဝင်တစားဖြစ်ကြတဲ့ သတ္တ၀ါငယ်လေးများ

https://web.facebook.com/cincinnatizoo/videos/911580035967847/?t=28

READ
ပြတင်းပေါက်နားမှာ ရပ်နေတဲ့ အဖြူရောင်မိန်းမပုံရိပ်ရဲ့နောက်ကွယ်မှာ….

ပင်ဂွင်းစင်တာထဲ ၀င်လေ့လာခဲ့တဲ့ ဘဲတစ်ကောင်

ဒါတွေကတော့ ဆိုရှယ်မီဒီယာပေါ်က တိရစ္ဆာန်လေးတွေရဲ့ ပထမဆုံး တွေ့ဆုံမှုလေးတွေ

မျိုးတူပင်ဂွင်းလေးတွေကို ငေးကြည့်နေတဲ့ ပင်ဂွင်းလေးတစ်ကောင်

ရွှေငါးကြီးကို စူးစမ်းနေရှာတဲ့ ဇီးကွက်လေး


လင်းလင်း (ShweMom)

SHARE