လက်တွေ့ဘဝနဲ့ IG ပေါ်က ပုံတွေကွာခြားချက်ကို ထုတ်ပြလိုက်တဲ့ ထိုင်းမလေး

Instagram- @ViennaDoLL

လူတိုင်းကတော့ social media ပေါ်မှာ အကောင်းဆုံးဆိုတာချည်းပဲ တင်ကြတာမဟုတ်လား။ မိန်းကလေးတွေဆို ပိုဆိုး။ လှပြီးသားကိုတောင်မှပဲ ပိုလှအောင် အမျိုးမျိုး ပြုပြင်ပြီး ပုံလေးတွေကို တင်တတ်ကြပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာလက်တွေ့ဘဝနဲ့ လူမှုကွန်ုယက်ပေါ်ကဘဝတွေဟာ ကွာခြားမှုတွေ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ရုပ်ရည်သွင်ပြင်ပိုင်းမှာပေါ့။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းမလေးတစ်ယောက်ကတော့ သူမရဲ့ လက်တွေ့ဘဝနဲ့ အွန်လိုင်းပေါ်ကဘဝ နှစ်ခုကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြခဲ့ပါတယ်။ သူမနာမည်ကတော့ Vienna ပါ။ Vienna ဟာ YouTuber လည်းဖြစ်သလိုပဲ social media မှာလည်း social influencer တစ်ဦးအဖြစ် ရပ်တည်နေသူတစ်ဦးပါ။

 

View this post on Instagram

 

A post shared by VIENNA (@viennadoll_official) on

အထူးသဖြင့် lifestyle နဲ့ ပတ်သက်ပြီး အလှအပရေးရာ၊ ဖက်ရှင်တွေအကြောင်းကို အဓိကထားပြီးတော့ fan တွေကို ချပြနေသူတစ်ဦးပါ။ Influencer ဖြစ်တာနဲ့အညီ Vienna ဟာ သာမန်ထက်ကိုပိုပြီးတော့ လှအောင်၊ မိုက်နေအောင် နေရပါတယ်။ အထူးသဖြင့် ဓာတ်ပုံတွေရိုက်တဲ့အခါမျိုးမှာ ဓာတ်ပုံအရောင်ကစလို့၊ outfit တွေ၊ make up တွေ၊ ပိုစ့်တွေကိုပါ အမိုက်စားဖြစ်နေအောင် သေချာဂရုစိုကရတာမျိုးပေါ့။

READ
ခရီးသွားရင်း မမျှော်လင့်တဲ့ အတွေ့အကြုံသစ် ရခဲ့သူတွေရဲ့ ရယ်ရွှင်ဖွယ်ရာ ဓာတ်ပုံများ

ဒါပေမဲ့ Vienna ကတော့ ရုပ်ဆိုးပန်းဆိုးပုံတွေကိုလည်း အခုလိုတင်ပြလာခဲ့ပါတယ်။

Instagram- @ViennaDoLL
Instagram- @ViennaDoLL
Instagram- @ViennaDoLL

လူတစ်ယောက်ဟာ အမြဲတမ်းလိုလို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လို ရှုေိထာင့်ကနေမဆို ဘယ်လိုအပြင်အဆင်မျိုးနဲ့ပဲဖြစ်ဖြစ် လှနေဖို့ဆိုတာ လုံးဝနီးပါးမဖြစ်နိုင်ပါဘူး။ ဥပမာ ဒီလိုမျိုးပေါ့။ ဒီပုံမှာဆိုရင် ခန္ဓာကိုယ်အနေအထား၊ ပြင်ထားတဲ့ effect တွေနေဲ့ကို ပထမပုံမှာ မြင်တွေ့ရမှာပါ။

Instagram- @ViennaDoLL
Instagram- @ViennaDoLL
Instagram- @ViennaDoLL

ဒါလေးတွေကတော့ Vienna ရဲ့ ဘွင်းဘွင်းထင်းထင်းဖော်ပြထားခဲ့တဲ့ ဘဝနှစ်ခု ပုံလေးတွေပဲဖြစ်ပါတယ်။

Instagram- @ViennaDoLL
Instagram- @ViennaDoLL
Instagram- @ViennaDoLL
Instagram- @ViennaDoLL

penny

 

SHARE