ဗီယက်နမ်က အလှဆုံးရှုခင်းတွေနဲ့ ဓာတ်ပုံဆရာတွေရဲ့ အကောင်းဆုံးလက်ရာမွန်များ

Jarryd Salem-CNN

သဘာဝအလှအပကို ချစ်မြတ်နိုးကြသူတွေဟာ နှစ်စဉ်နှစ်တိုင်း တောတောင်ရေမြေ ရှုမျှော်ခင်းတွေနဲ့ လှပတဲ့ ဒေသတွေကို ခရီးထွက်ကြလေ့ရှိပြီး တစ်ချို့ ငွေကြေးတက်နိုင်သူတွေကတော့ ရက်ရှည်ခရီးထွက်ကာ ခရီးသွားမှတ်တမ်းတွေ စုဆောင်းလေ့ရှိပါတယ်။ ဒါကြောင့် ခရီးသွားရတာ မြတ်နိုးသူတွေအတွက် အောက်မှာ ဖော်ပြထားတာတွေကတော့ ဗီယက်နမ်နိုင်ငံက အလှပဆုံးရှုခင်းတွေထဲက တစ်ချို့ ဖြစ်ပါတယ်။

(၁) ကင်သို

From Azerai Hotel Can Tho

မဲခေါင်မြစ်တစ်လျှောက်မှာ စပါးတွေနဲ့ လယ်ယာမြေအဓိက လုပ်ကိုင်ကြတဲ့ ဒေသဖြစ်ပါတယ်။ လှေ၊ သမ္ဗာန်စသည်တို့နဲ့ ဟိုဘက်ကမ်း သည်ဘက်ကမ်းရွာကလေးတွေကို ကုန်ပစ္စည်းတွေ၊ စားသောက်ဖွယ်ရာတွေ သွားရောက် ရောင်းဝယ်ဖောက်ကားလေ့ရှိပြီး ကျေးလက်ဒေသတွေရဲ့ အလှတရားတွေကို မြင်တွေ့ရမှာပါ။

(၂) ဟန်ဆွန်ဒေါင်ဂူကြီး

Jarryd Salem-CNN

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၃)သန်းက တည်ရှိခဲ့တယ်လို့ တွက်ချက်ရရှိခဲ့တဲ့ သဘာဝလိုင်ဂူကြီး ဖြစ်ပါတယ်။ ဒီဂူကြီးကိုတော့ (၁၉၉၁)ခုနှစ်က ဗီယက်နမ်လယ်သမားတွေက တွေ့ခဲ့တာဖြစ်ပြီး၊ တွေ့ရှိပြီး မကြာမီမှာပင် ယူနက်စကိုရဲ့ သဘာဝအမွေအနှစ် စာရင်းကို ဝင်နိုင်ခဲ့ပါတယ်။

(၃) Nha Trang Vinpearl Cable Car

NOMO STUDIO

ဗီယက်နမ်နိုင်ငံရဲ့ ကေဘယ်ကား ဝန်ဆောင်မှု အလှဖြစ်ပါတယ်။ ညဘက်မှ ပိုပြီးလှပတာပါ။ နှစ်မိုင်အကွာအဝေးရှိတဲ့  Hon Tre ကျွန်းနဲ့ Nha Trang ကျွန်းတွေဆီကို ဆက်သွယ်ပြေးစွဲပေးပါတယ်။

READ
အရှေ့တောင်အာရှရဲ့ အလှဆုံးကမ်းခြေ(၄)ခု

(၄) ဖူကွက်ခ်ကျွန်း

Ralf Tooten-JW Marriott Phu Quoc Emerald Bay Resort & Spa

ပင်လယ်ရေပြာပြာနဲ့ ဖူကွက်ခ်ကျွန်းရဲ့ အလှကလည်း အလွန်အံ့မခန်းဖွယ်ရာ ဖြစ်ပါတယ်။ ဗီယက်နမ်ထက် ကမ္ဘောဒီးယားနယ်နိမိတ်နဲ့ ပိုနီပြီး လွန်ခဲ့တဲ့ဆယ်စုနှစ်ကမှ ခရီးသွားလုပ်ငန်းတွေကို အဆင့်မြှင့်တင်နိုင်ခဲ့တာပါ။

(၅) ဒေါင်ဗန်ကရက်

Alesha Bradford-CNN

ယူနက်စကိုအသိအမှတ်ပြု ရှေးဟောင်းကျေးလက်ဒေသလေးဖြစ်ပါတယ်။ တောင်ပူဆာလေးတွေ ဝန်းရံထားပြီး အရောင်အသွေးမျိုးစုံ လယ်ယာစိုက်ခင်းတွေက ပန်ချီးဆရာတွေ လက်စွမ်းပြထားတဲ့ ပန်းချီကားတစ်ချပ်နဲ့ တူပါတယ်။ တောင်ပူဆာလေးတွေရဲ့ သက်တမ်းကတော့ နှစ်သန်းပေါင်း (၅၅၀)အထိတောင် ရှိတယ်လို့ ဆိုပါတယ်။ အမြင့်ဆုံးတောင်ကတော့ မီအူဘက်တောင်ဖြစ်ပြီး (၆၄၆၆)ပေ ရှိပါတယ်။

(၆) QL4D အမြန်လမ်းမကြီး

Alesha Bradford-CNN1

မြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ လိုင်ချူးပြည်နယ်နဲ့ ဆပါးပြည်နယ်တို့ကို ဆက်သွယ်ပေးထားတဲ့၊ တောင်စဉ်တောင်တန်း အသွယ်သွယ်ပေါ်မှာ ဖြတ်သန်းတည်းဆောက်ထားတဲ့ အမြန်လမ်းမကြီးပါ။ သဘာဝရှုခင်းတွေကို ချစ်ခင်မြတ်နိုးကြသူတိုင်း မဖြစ်မနေ တစ်ခေါက်လောက်တော့ သွားရောက်သင့်တဲ့ နေရာလေးဖြစ်ပါတယ်။

(၇) သန်းယန်လှေကားထစ်စိုက်ခင်းများ

Alesha Bradford-CNN2

ကောက်ပဲသီးနှံတွေ ရင့်မှည့်ချိန်ဖြစ်တဲ့ ဆောင်အကုန်နွေအကူး ကာလတွေမှာ လူသွားလာမှုအများဆုံးနေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ သန်းယန်လှေကားထစ် စိုက်ခင်းတွေရဲ့ အလှ၊ ဒေသခံတွေရောင်းချတဲ့ ရိုးရာလက်လုပ်အစားအစာတွေက အလွန်အင်မတန်ကို နာမည်ကြီးပါတယ်။

READ
မြားနတ်မောင်စာတိုက်လို့ တင်စားခေါ်ဝေါ်ရမယ့် ဂျာမနီနိုင်ငံက သစ်ပင်ကြီး

(၈) ဟူမြို့တော်

Wakako Iguchi-La Residence

ငုရင်မင်းဆက်မှာ အဓိကမြို့တော်ကြီးဖြစ်ခဲ့တဲ့ ဟူမြို့တော်မှာတော့ ရှေးဟောင်းသမိုင်းဝင် ဗိသုကာ လက်ရာတွေနဲပ တည်ဆောက်ထားတဲ့ ရှေးခေတ်အဆောက်ဦတွေ၊ ဘုံကျောင်းတွေ၊ ဘုရားစေတီပုထိုးတွေဟာ ဗီယက်နမ်တို့ ရှေးခေတ်သမိုင်းမှာ အနုပညာရည် ဘယ်လောက်အထိ ပြည့်ဝသလဲဆိုတာ မြင်သာစေနိုင်မှာပါ။ ဟွေမြို့တော်လို့လည်း ခေါ်ကြပါတယ်။

နတ်စည်တော် (Shwemom)

source : CNN

SHARE