နိုင်ငံခြားသားတွေကို တိုင်းပြည်ထဲ ၀င်ခွင့်လုံးဝ မပေးနိုင်သေးဘူးဆိုတဲ့ Vietnam အစိုးရ

Pixabay-Leon_Ting

အခုအချိန်မှာ ဖြစ်ပွားနေဆဲဖြစ်တဲ့ COVID 19 ကပ်ရောဂါအတွက် ရောဂါကာကွယ်ဆေးမပေါ်သေးသလို ရောဂါကူးစက်တဲ့ ကိစ္စတွေကတော့ ရှိနေဆဲပါပဲ။ စဖြစ်ခဲ့တဲ့ အချိန်ကထက်စာလို့ရှိရင်တော့ ရောဂါကူးစက်ဖြစ်ပွားနှုန်းဟာ လျော့ကျသွားပြီဖြစ်ပေမယ့် အရှင်းကြီးမပျောက်သေးတဲ့အတွက်တော့ စိတ်မချရသေးပါဘူး။ အာရှနိုင်ငံတွေထဲ တစ်နိုင်ငံဖြစ်တဲ့ Vietnam နိုင်ငံကတော့ အခုအချိန်အထိ နိုင်ငံခြားသားတွေကို ပြည်တွင်းဝင်ရောက်ခွင့် မပေးသေးကြောင်း e.vnexpress.net သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-Nel_Botha-NZ

Vietnam နိုင်ငံမှာ လက်ရှိအချိန်အထိ COVID 19 ဖြစ်ပွားခဲ့သူ ၃၅၂ ယောက်ရှိသလို ပြန်လည်သက်သာသွားတဲ့လူကလည်း ၃၂၉ ယောက်ရှိပါတယ်။ ဒါပေမယ့် COVID 19 ကပ်ရောဂါကြောင့် သေဆုံးသူ လုံးဝမရှိတဲ့ ရှားရှားပါးပါး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိအနေအထားကို အချိန်အတော်ကြာ ထိန်းသိမ်းနိုင်ဖို့အတွက် နိုင်ငံခြားသားဝင်ရောက်ခွင့်ကို ယခုအချိန်ထိ ခွင့်မပြုခဲ့တာပဲ ဖြစ်ပါတယ်။

READ
ဆယ်ကျော်သက်အရွယ်ထဲက အန္တရာယ်အရှိဆုံးစနိုက်ဘာသမားဖြစ်ခဲ့တဲ့ ယူကရိန်းသူလေး
Wikimedia Commons

“လက်ရှိမှာတော့ နိုင်ငံတော်တော်များများက နယ်စပ်ဂိတ်တွေ ဖွင့်ပေးပြီး နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်တွေ ပေးနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံအနေနဲ့ကတော့ လက်ရှိအချိန်မှာ နိုင်ငံခြားသားဝင်ခွင့်ကို ပိတ်ထားရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီကပ်ရောဂါဟာ ဘယ်အချိန်မှ ပြီးဆုံးမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ ဒါ့ကြောင့် အခုကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေက ကောင်းတယ်လို့ ပြောနိုင်ပေမယ့် အရင်လို ပြန်ဖြစ်ဖို့က တော်တော်အချိန်ယူရအုံးမှာပါ။ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပေးလိုက်တာက ကိုယ့်တိုင်းပြည်ရဲ့ စီးပွားတက်မယ့် ကိစ္စပါ။ ဒါပေမယ့် အဲဒီလူတွေထဲက တစ်ယောက်ယောက်မှာ COVID 19 ရောဂါပိုးပါလာပြီး အဲဒီကနေတစ်ဆင့် အခြားလူတွေကို ကူးစက်နိုင်ပါတယ်။ အဲဒီအချိန်မှ ထိန်းမရသိမ်းမရ ဖြစ်သွားရင် ပိုပြီး အန္တရာယ်များပါတယ်။ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး လက်ရှိအချိန်မှာတော့ နိုင်ငံခြားသားဝင်ခွင့်ကို ဆက်ပိတ်ထားရအုံးမှာပါ” လို့ Vietnam ဝန်ကြီးချုပ် Nguyen Xuan Phuc က ပြောကြားခဲ့ပါတယ်။

READ
အနောက်တိုင်း TicTok မှာခေတ်စားနေတဲ့ Run Way သီချင်းနဲ့ TicTok ရိုက်နည်း

Pyi Hein Kyaw

SHARE