Batman စီးတဲ့ Batmobile ကားကြီးကိုတည်ဆောက်နေတဲ့ ကျောင်းသားလေး

[email protected] Đắc

၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Dark Night ဇာတ်ကားကိုတော့ Batman ပရိသတ်တော်တော်များများ ကြည့်ဖူးကြမှာပါပဲ။ မင်းသားကြီး Christopher Nolan တစ်ယောက် Batman အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဆိုပါဇာတ်ကားမှာ ပရိသတ်တွေ သဘောအကျဆုံးကတော့ Batman ရဲ့ စီးတော်ယာဉ် Batmobile ပြိုင်ကားအနက်ကြီးပဲ ဖြစ်ပါတယ်။ အခုလည်း ဗီယက်နမ်နိုင်ငံက ဗိသုကာကျောင်းသားလေးတစ်ယောက်ဟာ တစ်ကယ့်လက်တွေ့ဘဝမှာ စီးလို့ရတဲ့ အဆိုပါ Batmobile ယာဉ်ကြီးကို တည်ဆောက်နေကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါကျောင်းသားလေးကတော့ ဗီယက်နမ်နိုင်ငံ၊ Hanoi မြို့ရှိ Hanoi University of Architecture တက္ကသိုလ်မှာ တက်ရောက်နေတဲ့ အသက် ၂၃ နှစ်အရွယ်ကျောင်းသားလေး Nguyen Dac Chung ပဲ ဖြစ်ပါတယ်။ Nguyen ဟာ ကလေးဘဝမှာ ကြည့်ခဲ့ဖူးတဲ့ The Dark Knight ဇာတ်ကားကို တော်တော်လေးစိတ်စွဲခဲ့ပြီး အသက်ကြီးလာရင် အဆိုပါ ဇာတ်ကားထဲက Batmobile ယာဉ်ကြီးကို ဆောက်လုပ်ဖို့ စိတ်ကူးရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

READ
အကြွေး ယွမ် 25 သန်းကို မပေးချင်လို့၊ မျက်နှာခွဲစိတ်ပြုပြင်ခဲ့တဲ့ တရုတ်အမျိုးသမီး
[email protected] Đắc

အခုအချိန်မှာတော့ Nguyen ဟာ သူရဲ့ ကလေးဘဝက စိတ်ကူးကို အကောင်အထည်ဖော်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Batmobile ကားကြီးဟာ တော်တော်လေးဆောက်လုပ်ပြီးစီးနေပြီပဲ ဖြစ်ပါတယ်။ ကားရဲ့ အရှည်ဟာ ၁၁ ပေကျော် ရှည်သလို အကျယ်အဝန်းက ၈ပေခွဲရှိပြီး ကားအမြင့်ကတော့ ၅ ပေနီးပါးမြင့်ကြောင်း သိရပါတယ်။ ကားထဲမှာတော့ လူနှစ်ယောက် ကောင်းကောင်းထိုင်နိုင်ပြီး တစ်နာရီကို ကီလိုမီတာ ၁၀၀ အထိ မြန်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကားတံခါးတွေဟာလည်း ဇာတ်ကားထဲကလို အတောင်ပံပုံစံပြောင်းပြီး တံခါးအဖွင့်အပိတ်လုပ်နိုင်ကြောင်း သိရပါတယ်။

Uy tín lun :P#batmobile#MacroStudios#Batman #VTV1

Posted by Architects Đắc on Sunday, September 20, 2020

“အခုလက်ရှိမှာတော့ အကုန်လုံးပြီးစီးသလောက်နီးပါး ဖြစ်နေပါပြီ။ တပ်ဆင်ဖို့ကျန်နေသးတဲ့ အစိတ်အပိုင်းတွေက အမေရိကန်နဲ့ တောင်ကိုရီးယားဖက်တေါကနေ မှာဖို့ကျန်ပါသေးတယ်။ အဲဒါတွေဝယ်ဖို့က အနည်းဆုံး အမေရိကန်ဒေါ်လာ နှစ်ယောက်ကျော်လောက်တော့ ကုန်မှာပါ။ အခုအချိန်မှာ COVID 19 ဖြစ်နေတာကြောင့် သွားဝယ်လို့ မရသေးတာပါ။ မကြာခင်အချိန်မှာတော့ လုံးဝအပြီးသတ်နိုင်တော့မှာပါ”လို့ Nguyen က ပြောကြားခဲ့ပါတယ်။

READ
Alaska တောင်တက်ပြိုင်ပွဲဝင်အပြေးသမားတစ်ဦး ၀က်ဝံကိုက်လို့ သေဆုံး
[email protected] Đắc

Pyi Hein Kyaw

SHARE