ရှိရင်းစွဲအရွေယ်ထက်ပိုကြီးနေကြောင်းသိခဲ့ရတဲ့ ဗီယက်နမ်ကကမ္ဘာအကြီးဆုံးလှိုင်ဂူကြီး

မနှစ်တုန်းကထိုင်းဘောလုံးအသင်းလှိုင်ဂူထဲပျောက်သွားခဲ့လို့ လာရောက်ကယ်တင်ပေးခဲ့ကြတဲ့ ဗြိတိန်ကကျွမ်းကျင်ရေငုတ်သမားတွေကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဗီယက်နမ်နိုင်ငံက ထိုရေငုတ်သမားသုံးယောက်ကို ဘယ်သူမှ မသွားဖူးသေးတဲ့ လှိုင်ဂူကြီးကိုဖြစ်ကာစီးဆင်းနေတဲ့ မြစ်လမ်းကြောင်းနဲ့ ဂူအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ပိုသိရဖို့အတွက် ဖိတ်ခေါ်ကာ တောင်းဆိုခဲ့ပါတယ်။

VN Express

လှိုင်ဂူဟာ Quang Binh ဒေသ၊ Phong Nha-Ke Band အမျိုးသားဥယျာဉ်ထဲမှာရှိတဲ့ Son Doong နာမည်ရ လှိုင်ဂူကြီးဖြစ်ပြီး လက်ရှိကမ္ဘာမှာတော့ အကြီးဆုံးလှိုင်ဂူကြီးအဖြစ် စာရင်းသွင်းခြင်းခံထားရပါတယ်။

700

ရေငုတ်ကျွမ်းကျင်သမားသုံးယောက်ဟာ လှိုင်ဂူတွင်းစီးဆင်းနေတဲ့ မြစ်ရေစီးကြောင်းကို တစ်ပတ်တိတိလေ့လာခဲ့ပြီးနောက်မှာတော့ လှိုင်ဂူရဲ့တည်ရှိမှုဟာ အရင်တုန်းကထင်ထားတာထက်ကို ပိုပြီးရှိနေတယ်ဆိုတာ အံ့သြစွာနဲ့ သိခဲ့ရပါတယ်။ အစကတော့ ဆက်စပ်လမ်းကြောင်းတွေကို ရှာဖွေဖို့အတွက် လေ့လာခဲ့တာဖြစ်ပေမယ့် မြစ်အနက် ၂၅၃ ပေအရောက်မှာတော့ ဆက်စပ်လမ်းကြောင်းရှိမနေဘဲ ရေအောက်မှာရှိတဲ့ လှိုင်ဂူရဲ့ဧရိယာဟာ တဖြည်းဖြည်းနဲ့ ပိုပိုကျယ်လာတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။

VN Express

ဆက်လက်ပြီးလေ့လာချင်ပေမယ့်လည်း ပါလာတဲ့ ရေငတ်အထောက်အကူပစ္စည်းတွေကြောင့်မို့လို မတတ်သာဘဲ လှည့်ပြန်လာခဲ့ရပေမယ့် ခန့်မှန်းချက်အရတော့ လှိုင်ဂူကြီးရဲ့ရေအောက်အနက်ဟာ ပေပေါင်း ၂၀၀၀ လောက်နီးနီးရှိလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။

READ
ခရီးသွားတွေ သဘောကျနေတဲ့ သြစတြီးယားနိုင်ငံက ကမ္ဘာ့အကြီးဆုံး ရေခဲလှိုဏ်ဂူ
VN Express

နောက်တစ်ခေါက်ထပ်ဆင်းဖို့ရှိပေမယ့် ဧပြီလဟာ ရေအကျဆုံးအချိန်ဖြစ်ပြီး အပူချိန်အနည်းငယ်လျော့တဲ့အတွက် ရေအောက်မြင်ကွင်းဟာလည်း ကြည်ကြည်လင်လင်ရှိတဲ့အတွက်ကြောင့် နောက်တစ်ခေါက်ဆိုတာ နောက်နှစ်မှလည်းဖြစ်နိုင်သလို သေချာမသိသေးပါဘူး။ ဒီတစ်ခေါက်ရေငုတ်တုန်းက အောက်စီဂျင်ကိုအသုံးပြုပေမယ့် နောက်တစ်ခေါက်မှာတော့ ဟီလီယမ်ဓာတ်ငွေ့ကို အသုံးပြုသွားမယ်လို့သိရပါတယ်။

Geek

လှိုင်ဂူကြီးဟာ ၂၀၀၉ ခုနှစ်တုန်းက ရှာဖွေတွေ့ရှီခဲ့တာဖြစ်ပြီး ပညာရှင်တွေဟာ လှိုင်ဂူတွင်းရေမရှိတဲ့နေရာတွေနဲ့ ရေပေါ်တွေကိုသာ စူးစမ်းလေ့လာမှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ခရီးသွားတွေအတွက် လှိုင်ဂူကိုတရားဝင်ဖွင့်ထားပေးခဲ့တဲ့အချိန်မှာတော့ ရှာဖွေတွေ့ရှိခဲ့သမျှကမ္ဘ့ာအကြီးဆုံး လှိုင်ဂူအဖြစ်သတ်မှတ်ထားခြင်းခံခဲ့ရပါတယ်။

VN Express

Source: VN Express

Penny

SHARE