ကင်မရာကို စိုက်ကြည့်တဲ့ ဗီဒီယိုဖိုင်တွေကို တင်ရုံနဲ့ TikTok ဆယ်လီ ဖြစ်လာသူ

Image:tik tok/Anh Tran Tan

TikTok ဆယ်လီ ဆိုတဲ့ စကားက တော့ အခုနောက်ပိုင်းမှာ တော်တော်လေး ရေပန်းစားလာပါတယ်။ TikTok အသုံးပြု သူ အ ရေ အတွက် ကလည်း မြန်မာနိုင်ငံမှာေ တာင် မှ တစ်နေ့တခြား တိုးလာခဲ့ပါတယ်။တစ်ချို့ TikTok ကို အ ပျော် သ ဘော ဆော့ ကြပေမယ့် တစ်ချို့က တော့ TikTok ကို အသုံးချ ဆယ်လီ ဖြစ် ၀င်ငွေ ရှာ ဖို့ ဆော့ ကြတာပါ။ TikTok မှာ ဆယ်လီ ဖြစ်ဖို့ အမျိုးသမီး တော်တော်များများက တော့ ဖော်ပြ ချွတ်ပြတဲ့ နည်းကို သုံးကြပါတယ်။ဒီလို နည်းကို သုံးရင် ဆဲ ကြတဲ့သူတွေ များလာ၊တစ်ဖက်မှာလည်း ဗီဒီယိုဖိုင်ကို ၀င်ကြည့်တဲ့သူ၊အကောင့်ကို Follow လုပ် တဲ့ သူတွေ များလာပါတယ်။တကယ်တော့ ဆယ်လီ ဖြစ်ဖို့ ချွတ်ပြ ဖော်ပြ နေဖို့ တောင် မလို ဘူးဆိုတာကို ဗီယက်နမ်က အမျိုးသား တစ်ယောက်က သက်သေ ပြခဲ့ပါတယ်။ဒီအကြောင်းကိုတော့ odditycentral မှာေ ဖ်ာပြထားတာပါ။

@anhtrantan♬ nhạc nền – Bé đẹp

ဗီယက်နမ် အမျိုးသား က တော့ သက်လတ် ပိုင်း အရွယ်ပါ။သူက တော့ အခုဆိုရင် နာမည်ကြီးတဲ့ Tik Tok Star တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် ဒီလို ဖြစ်လာဖို့ သူ လုပ်တဲ့ အရာက တစ်ခုပဲရှိပါတယ်။ကင်မရာကို တည့်တည့် ကြီး စိုက် ကြည့်တာပါ။ဘာမှ မပြော၊ဘာအမူအရာတွေ မှ လုပ် ပြ မနေပဲ ကင်မရာကို စိုက် ကြည့်နေတဲ့ ဗီဒီယိုဖိုင် တွေ ကို တင်ရုံ နဲ့ပဲ သူ့ ကို ၀ိုင်းပြီး Follow လုပ် ခဲ့ ကြတာပါ။ဗီယက်နမ် “uncle” Anh Tran Tan ရဲ့ နည်းက အဲ့ဒီ နည်းပါ။နောက်ခံ သီချင်း ပါပြီး သူက တော့ တည့်တည့်ကြီး စိုက်ကြည့်ရုံက လွဲပြီး ဘာမှ မလုပ်ပဲ နေ နေ တာကို လာပြီး Follow ကြတာပါ။

@anhtrantan♬ Quằng Lắm Em Ơi – Lê Nguyễn Hữu Huy ✅

ဗီဒီယိုဖိုင် အနည်းငယ်လောက် တင်ပြီး တဲ့ အချိန်မှာပဲ Follower (၅)သိန်း လောက် ရ နေကာ like က (၇.၈) သန်း လောက် ရှိ သွားခဲ့ပါတယ်။ဗီယက်နမ် remix ‘Loco Contigo’ အသံကို နောက်ခံ ထားပြီး သူ စိုက် ကြည့် နေတဲ့ ဗီဒီယို ဖိုင် ဆိုရင် လည်း ဘာမှ လုပ် မပြ လဲ ကြည့်တဲ့သူ အ ရေ အတွက်က (၃)သိန်း ကျော် ရှိပါတယ်။ဘာ မှ လုပ် မပြ လိုက်ရပဲ ဆယ်လီ ဖြစ်လာတဲ့ သူက တော့ Anh Tran တစ်ယောက်တည်း ရှိတာ တော့ မဟုတ်ပါဘူး။အင်ဒိုနီးရှား youtuber Muhammad Didit ဆိုရင်လည်း ကင်မရာကို စိုက်ကြည့် နေတဲ့ နှစ်နာရီ ကြာ ဗီဒီယိုဖိုင်ကို တင်ရင်း နဲ့ပဲ ဆိုရှယ်မီဒီယာ ပေါ်မှာ နာမည်ကြီး လာခဲ့တာ လည်း ရှိခဲ့ဖူးပါတယ်။

@anhtrantan♬ nhạc nền – Cherry Nguyen

#shwemom

SHARE