ပိန်တိုင်းလည်း လှမနေဘူးဆိုတာကို ကြိုးစားပြီး သက်သေပြခဲ့တဲ့ ဗီယက်နမ်မလေးအကြောင်း

[email protected]_trangthuy

သူမရဲ့ဓာတ်ပုံတွေကိုတော့ Facebook မှာ အားလုံးမြင်ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ သူမရဲ့အကြောင်းကိုတော့ ဘယ်သူမှ သေသေချာချာသိကြမှာမဟုတ်ပါဘူး။ ပိန်တိုင်းလည်း လှမနေဘူးဆိုတာကို ကိုယ်တိုင်ကြိုးစားပြီးသက်သေပြပေးခဲ့တဲ့သူမကတော့ ဗီယက်နမ်သူလေးပဲဖြစ်ပါတယ်။ သူမရဲ့အကြောင်းကိုတော့ Asia One မှာ ဖတ်လိုက်ရတာမလို့ ပရိတ်သတ်ကြီးအတွက် ကိုးကားဖော်ပြပေးလိုက်ပါတယ်နော်။

Instagram-@_trangthuy

နာမည်ကတော့ Trang Thi Thuy Nguyen ပါတဲ့။ Live Streamer တစ်ယောက်၊ influencer တစ်ယောက်အဖြစ် သူမရဲ့ ခန္ဓာကိုယ်လှပလာမှုတွေအကြောင်း၊ နေ့စဉ်လှုပ်ရှားနေထိုင်မှုတွေကို ဝေမျှပေးရင်း လူသိများလာခဲ့သူလေးပါ။

Instagram-@_trangthuy
Instagram-@_trangthuy

သူမအကြောင်းပြောရမယ်ဆိုရင်တေ့ ၂ နှစ်အတွင်း ပေါင် ၂၀ လောက်တက်အောင်တင်ခဲ့ရာမှ ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားခဲ့တယ်လို့ ဆိုရမှာပါပဲ။ ၂၀၁၆ ခုနှစ်လောက်အထိ Trang ဟာ တကယ့်ကို သာမန်ကောင်မလေးတစ်ယောက်ပေါ့။ အလှအပကိုစိတ်ဝင်စားပေမယ့်လို့ ခန္ဓာကိုယ်ကိုလည်း ငါကြည့်ကောင်းပါသေးတယ်လို့ဆိုပြီး ပစ်ထားတတ်တဲ့ ကောင်မလေးတွေထဲ Trang လည်း တစ်ယောက်အပါအဝင်ပါပဲ။ အဲဒီအချိန်တုန်းကတော့ ပေါင်ချိန် ၈၅ ပေါင်ပဲရှိပါသေးတယ်တဲ့။

အရပ်ပုပုလေးနဲ့ဆိုတော့ သူ့အရပ်နဲ့သူ့ခန္ဓာကိုယ်နဲ့တော့ အနေတော်လို့ဆိုရမှာပါပဲ။ ဒါပေမဲ့ အမျိုးသမီးတို့ရဲ့ ရှိသင့်တဲ့နေရာရှိ၊ မရှိသင့်တဲ့နေရာချပ်ဆိုတဲ့ အလှအပကောက်ကြောင်းတွေတော့ သူမမှာ လုံးဝရှိမနေခဲ့ပါဘူး။ ၂၀၁၆ လောက်ကျတော့ သူမဟာ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ တကယ်လည်း Trang အတွက် ပြောင်းလဲချိန်တန်ခဲ့ပါတော့တယ်။

Instagram-@_trangthuy

ခန္ဓာကိုယ်လှအောင်လုပ်မယ်တဲ့။ ဒါပေမဲ့ သူမရဲ့နည်းလမ်းကတော့ အခုမိန်းကလေးတွေတော်တော်များများလုပ်နေသလို ဝိတ်ချတာမျိုးမဟုတ်ဘဲ ဝိတ်တင်ခဲ့တာပါ။ ဝိတ်တင်တယ်ဆိုတာလည်း Trang က ၈၅ ပေါင်ပဲရှိနေတာကိုး။ အားကစားခန်းမကို ပုံမှန်သွား၊ နည်းပြပြောတဲ့အတိုင်း လိုက်နာပြီး အစားအသောက်ကို ဂရုစိုက်ခဲ့တာ ၂ နှစ်ကျော်။ ၂၀၁၈ ခုနှစ်မှာတော့သူမရဲ့ပေါင်ချိန်ဟာ ၁၀ ကီလိုတက်သွားခဲ့ပါတယ်။

READ
Tiktok မှာ အရမ်းပေါ်ပြူလာဖြစ်နေတဲ့ စင်္ကာပူက ကြက်ဆီထမင်းသည်လေး

၁၀ ကီလိုဆိုတာ ပေါင် ၂၀ ကျော်ဖြစ်တဲ့အတွက် ဝပြီလို့ ထင်နေကြမှာပဲ။ တကယ်တော့ Trang တက်ခဲ့တဲ့ ပေါင် ၂၀ ကျော်ဟာ သာမန်အဆီတက်သလိုမျိုး လျော့တိလျော့ရွဲမဟုတ်ဘဲ ကြွက်သားအလေးချိန် ပေါင် ၂၀ ကျော်တက်လာခဲ့တာကို ပုံမှာမြင်ရမှာဖြစ်ပါတယ်။ လက်မောင်း၊ ဗိုက်သား၊ တင်နဲ့ရင်၊ ပေါင်တွေကအစ ကျစ်လချစ်လို့။

၂၀၁၈ ခုနှစ်လည်းရောက်ရော Trang ရဲ့ ပုံစံက မမှတ်မိလောက်အောင်ကို တော်တော်ကြီး ပြောင်းလဲသွားခဲ့ပါတော့တယ်။ အခုဆိုရင် Trang ဟာ ကီလို ၄၀ အလေးတုံးကိုမပြီး squad ထိုင်နိုင်တဲ့အထိကို သန်မာလာပါပြီတဲ့။ တကယ်လည်း လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်တွေနဲ့ မိန်းကလေးပါပဲ။ အပိုအလိုမရှိကွက်တိ။

Instagram-@_trangthuy

သူမအမြဲတမ်းလိုလို မျှဝေနေကျ စကားတစ်ခွန်းကတော့ ဘယ်အရာကိုမှ မလျှင်မလိုပါနဲ့တဲ့။ တကယ်လည်း ဟုတ်ပါတယ်။ ကျွန်တော်တို့ ဝိတ်ကျချင်ရင်ပဲဖြစ်ဖြစ်၊ ဝိတ်တက်ချင်ရင်ပဲဖြစ်ဖြစ်၊ Trang လိုမျိုး ခန္ဓာကိုယ်အချိုးအစားပြေပြစ်ချင်ရင်ပဲဖြစ်ဖြစ် ဘယ်အရာမဆို လျှင်လျှင်မြန်မြန်လုပ်လို့မရပါဘူး။ တစ်ပွဲတိုးဆိုပြီး ဘာ diet ညာ diet တွေလုပ်၊ ဆေးတွေမှီဝဲ၊ ဆေးထိုးတာတွေလုပ်တာဟာ ခဏတာဖြစ်တဲ့အပြင်ကိုမှ အဲဒါတွေလည်းဖြတ်လိုက်ရော လူကအရင်ကထက် ၂ ဆပိုဆိုးသွားတာတွေ မျက်မြင်ကြုံခဲ့ဖူးပါတယ်။

READ
ခုံတစ်နေရာစာ ရဖို့ခက်ခဲလှတဲ့ ဘင်္ဂလားဒေ့ရှ်က အလုပ်သွား၊အလုပ်ပြန် ရထားခရီးစဉ်

နောက်ပြီး ဝိတ်အပြောင်းအလဲလုပ်နေတဲ့အခါ ဘယ်သူမဆို cheat day ကတော့ ရှိရမှာပါပဲ။ Trang ဆိုလည်းကြည့်၊ သူမရဲ့ Instagram မှာ ကယ်လိုရီနဲ့သကြားဓာတ်များစွာပါဝင်နေတဲ့ bubble tea သောက်နေတာမျိုးတွေ၊ ဆီဝေ့နေတဲ့ ပူပူလောင်လောင်ဟော့ပေါ့ပုံတွေကို တင်ထားတာမြင်တွေ့ရမှာပါ။ ဆိုလိုတာ လူတိုင်းတော့ ဘယ်သူမဆို နေ့စဉ်မပြတ် သတ်မှတ်ထားတဲ့ အစားအသောက်တွေတိုင်း လိုက်စားနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေနော်။ တစ်လ မှာ ၁ ခါတို့၊ ၂ ပတ် ၁ ခါတို့ဆိုပြီး ကိုယ်စားချင်တဲ့အရာတစ်ခုတည်းကို စားဖို့အတွက် cheat day ဆိုတာ ထားပေးတတ်ရပါတယ်။

Instagram-@_trangthuy

အားလုံးပဲလှပနိုင်ကြပါစေ။

Penny

SHARE