နောက်ဆုံးပေါ် iPhone လိုချင်လို့ အိမ်နီးချင်းရဲ့ မြေးမလေးကို ရောင်းစားခဲ့တဲ့အမျိုးသမီး

VnReview

နောက်ဆုံးပေါ် iPhone ထွက်လာတဲ့အခါတိုင်း Apple ပရိသတ်တွေဟာ တစ်ညလုံးမအိပ်ပဲ ဖုန်းဝယ်ဖို့ ထိုင်စောင့်နေတာကို မြင်ဖူးကြမှာပါ။ ဒါပေမယ့် အခုတွေ့မြင်ရမယ့် ဗီယက်နမ်အမျိုးသမီးကတော့ iPhone (11) ကို လိုချင်ဇောနဲ့ မကြံကောင်း မစည်ရာ ကိစ္စတစ်ခုပြုလုပ်ခဲ့ကြောင်း worldofbuzz သတင်းအရ သိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ အသက်(၄၂) နှစ်အရွယ် ထိုင်းသီိဘိခ်ဟန်ဆိုသူပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၆) ရက်တုန်းက ထိုင်းသီိကို အန်ဂန်းပြည်နယ်က ရဲစခန်းမှာ အိမ်နီးချင်းရဲ့ (၂) နှစ်အရွယ် ကလေးကို ရောင်းချမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ကလေးက အဖွားဖြစ်သူနဲ့ အတူနေထိုင်ပါတယ်။ ထိုင်းသီကတော့ သူတို့အိမ်နီးချင်းဖြစ်တဲ့အတွက် ရံဖန်ရံခါ အဆိုပါ မြေးအဖွားအိမ်ကိုလာပြီး ကလေးထိန်းပေးလေ့ရှိပါတယ်။ တစ်နေ့တော့ ထိုင်းသီဟာ ကလေးထိန်းရင်း သူမနဲ့ အွန်လိုင်းမှာခင်တဲ့ အသက်(၂၉) နှစ်အရွယ် ထရန်ထွမ်ဗန်းနဲ့ ဗီဒီယိုချက်ပြီး စကားပြောကြပါတယ်။ ထရန်က ကလေးမလေးဟာ ချစ်စရာကောင်းတဲ့အကြောင်း ပြောတဲ့အခါမှာတော့ iPhone လိုချင်နေတဲ့ ထိုင်းသီဟာ ကလေးကို ရောင်းစားချင်စိတ်တွေ ပေါ်လာပါတော့တယ်။

READ
"ဆေးလိပ်ဖြတ်ချင်ပြီ"လို့ဆိုလာတဲ့ (၁၁၄)နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံး အဖိုးအို
unsplash/Caleb Woods

ထိုင်းသီက ကလေးမလေးကို ဖခင်က စွန့်ပစ်သွားကြောင်းနဲ့ မိခင်ဖြစ်သူကလည်း လောင်းကစားစွဲနေကြောင်း၊ ဒါကြောင့် ဘုရားကျောင်းတစ်ခုကို ပို့တော့မှာ ဆိုပြီး အကြံနဲ့ လိမ်ပြောခဲ့ပါတယ်။ ထရန်ကလည်း ယုံသွားပြီး ကလေးမလေးကို သနားတဲ့အတွက် သူမမွေးစားချင်ကြောင်း ဆိုပါတယ်။ ထိုင်းသီကတော့ ကလေးမလေးကို လိုချင်ရင် iPhone11 နဲ့ အလဲအလှယ်လုပ်မယ်ဆိုပြီး ထရန်ကို ပြောလိုက်ပါတယ်။

အောက်တိုဘာ(၃၁) မှာတော့ ထိုင်းသီဟာ ကလေးမလေးရဲ့အဖွားဆီသွားပြီး ကလေးကို ထိန်းပေးဖို့ ခဏခေါ်သွားမယ်လို့ဆိုကာ ခေါ်သွားပြီး ထရန်ဆီကို ရောင်းစားလိုက်ပါတော့တယ်။ ထရန်ကလည်း မသိပဲ သူမရဲ့ဖုန်းနဲ့ ငွေအချို့ကို ထိုင်းသီဆီ ပေးခဲ့ကာ ကလေးနဲ့ အလဲအလှယ်လုပ်ခဲ့ပါတယ်။ ထိုင်းသီဟာ ရဲစခန်းကို ကလေးပျောက်ဆုံးကြောင်းတိုင်ကြားခဲ့တဲ့အပြင် သူမဟာ အိမ်ကနေစွန့်ခွာပြီး အလုပ်ထွက်လုပ်တော့မယ်လို့လည်း ကြေညာခဲ့ပါသေးတယ်။

READ
(၇)နှစ်ကြာချစ်ခဲ့ကြပြီးနောက် အသက်ပြည့်တာနဲ့ လက်ထပ်ခဲ့ကြတဲ့ ဆရာနဲ့တပည့်

ဒါပေမယ့် ရဲတွေကတော့ ထိုင်းသီကို ကလေးပျောက်မှုနဲ့ပတ်သက်လို့ စစ်ဆေးတဲ့အခါ သူမရဲ့ မမှန်မကန်ထွက်ဆိုမှုကို သံသယရှိခဲ့ပါတယ်။ နိုဝင်ဘာ(၃) ရက်နေ့မှာတော့ ရဲတွေဟာ ထရန်ရဲ့နေအိမ်မှာ ကလေးကို ခြေရာခံမိကာ အဖွားဖြစ်သူနဲ့ ပြန်လည်းပေါင်းစည်းစေနိုင်ခဲ့ပါတယ်။ ဗီယက်နမ်ဥပဒေအရတော့ ကလေးခိုးမှုနဲ့ တရားမ၀င် ကလေးရောင်းစားမှုကို ကျူးလွန်သူတွေဟာ ထောင်ဒဏ်(၃-၁၀) နှစ် အတွင်း ကျခံရနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE