လက်ဘက်ရည်ရောင်းပြီး နိုင်ငံပေါင်း(၂၃)နိုင်ငံကို လည်ပတ်ခဲ့တဲ့ ကြည်နူးဖွယ်ဇနီးမောင်နှံ

Anand Mahindra ဟာ သူမတူတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို Twitter ပေါ်မှာ ပြန်လည်မျှဝေလေ့ရှိတဲ့ အိန္ဒိယနိုင်ငံမှ Social Media Influencer တစ်ဦးဖြစ်ပါတယ်။ ဇန်နဝါရီလ (၉) ရက်နေ့၊ ၂၀၁၉ တုန်းက Anand Mahindra ပြန်လည်မျှဝေထားတဲ့ ထူးထူးခြားခြား ဇနီးမောင်နှံနှစ်ဦးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ထိုဇနီးမောင်နှံနှစ်ဦးဟာ လက်ဘက်ရည်ရောင်းရင်း နိုင်ငံ (၂၃) နိုင်ငံသို့သွားရောက် ကမ္ဘာပတ်ခဲ့တဲ့ ဇနီးမောင်နှံနှ်စ်ဦးပဲ ဖြစ်ပါတယ်။

News Minute

Vijayan နဲ့ Mohana လို့အမည်ရတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ Sree Balaji Coffe House ဆိုတဲ့ လက်ဘက်ရည်ဆိုင်လေးကို Kochi မြို့ရဲ့အလယ်ပိုင်းမှာ ဖွင့်ထားပါတယ်။ ဒီလက်ဘက်ရည်ဆိုင်လေးကနေပဲ တစ်နေ့ကို အိန္ဒိယရူပီး (၃၀၀) လောက် စုစုထားခဲ့ကြပါတယ်။ ဒီငွေဟာ အခုခေတ်ဒေါ်လာပေါက်ဈေးနဲ့ဆိုရင်တော့ (၄) ဒေါ်လာ လောက်ပျမ်းမျှရှိပါတယ်။

လက်ဘက်ရည်ဆိုင်ကို နှစ်ဦးတည်း တပိုင်တနိုင် လုပ်ကိုင်လေ့ရှိပြီး အပိုငွေ မထွက်စေဖို့ အလုပ်သမားတစ်ယောက်တစ်လေတောင် မထားရှိပါဘူး။ ကုန်ကျစရိတ်ကိုလည်း တတ်နိုင်သလောက် ချိုးခြံခြွေတာပြီး စားဝတ်နေရေးအတွက် အသုံးပြုပြီး ပိုလျှံနေတဲ့ ပိုက်ဆံတွေအားလုံးကို ခရီးထွက်ဖို့ဆိုတဲ့ စိတ်ကူးနဲ့ အမြဲတမ်း စုထားလေ့ရှိပါတယ်။

This Week

သို့ပေမယ့် နိုင်ငံပြင်ပသို့ခရီးထွက်စရိတ်ဟာ သာမန်လက်လုပ်လက်စားတွေဖို့ ပုံမှန်ထက်များနေတာကြောင့် ခရီးထွက်ဖို့မလုံလောက်ခဲ့ပါဘူး။ ဒါကြောင့် Vijayan နဲ့ Mohana တို့ဟာ ဘဏ်မှချေးငွေယူကာ နိုင်ငံခြားခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ခရီးကနေ ပြန်ရောက်ပြီးတဲ့အခါမှာတော့ ယူထားတဲ့အကြွေးကို (၃) နှစ်တိတိပြန်ဆပ်ရပါတယ်။ ဒီလိုနဲ့ (၃) နှစ်တစ်ခါ နိုင်ငံတစ်နိုင်ငံသို့ခရီးထွက်လိုက် ပိုက်ဆံပြန်ဆပ်လိုက်နဲ့ သံသရာ လည်နေခဲ့တာပါ။

READ
ထူးထူးခြားခြား နည်းလမ်းတွေနဲ့ ကွာရှင်းပြတ်ဆဲခဲ့ကြတဲ့ ချစ်သူတွေ

နိုင်ငံတစ်နိုင်ငံချင်းစီမှာ ဇနီးမောင်နှံနှစ်ယောက်ရိုက်ကူးထားတဲ့ အမှတ်တရဓာတ်ပုံများကိုတော့ လက်ဘက်ရည်ဆိုင်ရဲ့ နံရံတွေမှာ ချိန်ဆွဲထားလေ့ရှိပါတယ်။ Vijayan နဲ့ Mohana တို့ဟာ အခုဆိုရင်တော့ အသက် (၇၀) နီးနီးရှိနေကြပြီဖြစ်ပြီး လက်တွဲလာခဲ့တဲ့ အိမ်ထောင်သက်တမ်းကတော့ နှစ်ပေါင်း (၄၅) နှစ်လောက်ရှိနေပါပြီ။ ကမ္ဘာပတ်တဲ့စိတ်ကူးကိုတော့ လွန်ခဲ့တဲ့ (၅၆) နှစ်၊ အိမ်ထောင်မကျခင်၊ ၁၉၆၃ ခုနှစ်ကတည်းက အကောင်အထည်ဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။

News Minute

Vijayan ဟာ ရောက်ဖူးခဲ့သမျှ သူအနှစ်သက်ဆုံး ခရီးစဉ်တွေကတော့ စင်္ကာပူ၊ ဆွစ်ဇလန်နဲ့ နယူးယောက်တို့ပါလို့ဆိုပါတယ်။ လာမယ့်နှစ်တွေထဲ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ ဂရင်းလန်းနဲ့ နော်ဝေးခရီးစဉ်ကိုသွားဖို့အတွက် စီစဉ်နေတယ်လို့လည်း သိရပါတယ်။

သူတို့နှစ်ဦးအကြောင်းကိုခြေခံကာ ရိုက်ကူးထားတဲ့ Invisible Wing ဆိုတဲ့ documentary film ဟာ နာမည်ရဒါရိုက်တာ Hari M Mohanan ရိုက်ကူးထားပြီး ၂၀၁၈ ခုနှစ်အတွက် Best Flim- Non Fiction ဆုကို Filmfare မှာ ရရှိခဲ့ပါတယ်။

သူတို့အကြောင်းကို လူအများပိုသိသွားအောင် Twitter မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ Anand Mahindra ကတော့ “သူတို့နှစ်ဦးဟာ Forbes က ထုတ်ပြန်တဲ့ ကမ္ဘာအချမ်းသာဆုံး စာရင်းထဲမှာ မပါဝင်ကြပေမယ့် ကျွန်တော့အတွက်ကတော့ ကမ္ဘာ့အချမ်းသာဆုံးလူဆုံးလူသားနှစ်ဦးလို့ သတ်မှတ်ခဲ့ပါတယ်။ ဘဝရဲ့အဓိပ္ပာယ်ကို ကောင်းကောင်းကြီးသိသွားခဲ့လို့လည်း အချမ်းသာဆုံးလို့ သတ်မှတ်ထားတာပါ။ အဲဒီမြို့ကိုရောက်ဖြစ်ခဲ့ရင် ကျွန်တော်ကတော့ သူတို့ဆိုင်မှာ လက်ဘက်ရည်သွားသောက်ဦးမယ်” လို့ရေးထားခဲ့ပါတယ်။

READ
အင်္ကျီစာသားကို မစူးစမ်းဘဲ သားဖြစ်သူကို ဝတ်ပေးလိုက်မိတဲ့ မိခင်ရဲ့အဖြစ်

 

Source: Business Today, World of Buzz

Penny

SHARE