နော်ဝေက သင်္ချိုင်းထဲမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ဗိုက်ကင်းတို့ရဲ့ အမွေအနှစ်တစ်ခု

နော်ဝေက ရှေးဟောင်းသုတေသနပညာရှင်တို့က ရေဒါကို အသုံးပြုထောက်လှမ်းခဲ့ကြရာ သင်္ချိုင်းတစ်ခုရဲ့ မြေအောက်ထဲမှာ ကြီးကြီးမားမား အရာတစ်ခု ရှိနေမှန်း သိခဲ့ကြပါတယ်။ တူးဖော်လိုက်ချိန်မှာတော့ ၆၆ ပေရှည်လျားတဲ့ လှေကြီးတစ်စင်း ဖြစ်နေခဲ့ပါတယ်။

နော်ဝေ ယဉ်ကျေးမှုအမွေအနှစ် သုတေသနဌာနက ပညာရှင်တွေက အဆိုပါ လှေကြီးကို Østfold ကောင်တီမှာ တွေ့ရှိခဲ့တာပါ။ မြေအောက်အနက် ၁.၆ ပေမှာ မြှုပ်ထားတဲ့ လှေကြီးဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ ကျော်တည်းက ဗိုက်ကင်း ဘုရင် သို့မဟုတ် ဘုရင်မ တစ်ပါးပါးကို မြှုပ်ခဲ့ရာမှာ အသုံးပြုခဲ့တာ ဖြစ်နိုင်ကြောင်း ယူဆထားကြပါတယ်။ ဗိုက်ကင်းဆိုတာကတော့ ကမ္ဘာ့မြောက်စွန်းကျတဲ့ စကန်ဒီးနေဗီးယန်းနိုင်ငံတွေက ရှေးလူမျိုးတွေ ဖြစ်ပါတယ်။

thevintagenews

လူသေမြှုပ်နှံရာမှာ အသုံးပြုတဲ့ ဗိုက်ကင်းလှေကြီးတွေဟာ သာမန်အားဖြင့် ယခုအရွယ်အစားလောက်ထိ မကြီးမားကြောင်း ပညာရှင်များက ဆိုပါတယ်။ သင်္ချိုင်းထဲမှာ လှေကြီးအပြင် တစ်ခုခုကို မြှုပ်နှံထားသေးတယ်လို့ ထင်ရတဲ့ အခြားတောင်ပို့ အနည်းဆုံး ၇ ခု ရှိပါသေးတယ်။ သင်္ချိုင်းနားမှာ တဲလေး ၅ ခုပါ တွေ့ရပါသေးတယ်။

thevintagenews

ဗိုက်ကင်းလူမျိုးတို့အတွက် လှေဆိုတာ တန်ဖိုးအထားရဆုံး ပိုင်ဆိုင်မှုမျိုးဖြစ်ပါတယ်။ ဂုဏ်ကြီးတဲ့ ဗိုက်ကင်တစ်ဦးဦးက ပင်လယ်ထဲမှာ မသေဆုံးဘူးဆိုရင်လည်း သူ့ကို ကုန်းမြေပေါ်မှာ လှေထဲထည့်ပြီး မြှုပ်နှံပေးရပါတယ်။ လှေနဲ့အတူ အခြားလက်နက်တွေ၊ မြေအိုးတွေပါ တွဲလျက်မြှုပ်နှံ ပေးတတ်ကြပါတယ်။

READ
သမိုင်းတစ်လျှောက်အကြမ်းကြုတ်ဆုံး ပြစ်မှုများကို ကြူးလွန်ခဲ့သူအမျိုးသမီးများ
thevintagenews

ယခုဗိုက်ကင်းလှေကြီးကို ရှာတွေ့ခဲ့ပုံကိုလည်း ရှေးသုပညာရှင် ဒေါက်တာ Knut Paasche က အခုလို ပြန်ဝေမျှခဲ့ပါတယ်။ “တောင်ပို့တွေ အများကြီးထဲကမှ သာမန်ပုံစံနဲ့ မတူတဲ့ လှေမြှုပ်ထားတယ် ထင်ရလောက်တဲ့ တောင်ပို့ကြီးကို တွေ့ခဲ့တာပါ။ သစ်သားဘယ်လောက် ကျန်သေးလဲဆိုတာနဲ့ ထိန်းသိမ်းလို့ ရ မရ မသေချာခဲ့ပေမယ့် လှေဆိုတာ သေချာတာမို့ တူးခဲ့ကြပါတယ်။”

ပညာရှင်တွေကတော့ ဗိုက်ကင်းလှေကြီးကို တွေ့ရှိရမှုဟာ ဥရောပ အလယ်ခေတ်နဲ့ ပတ်သက်လို့ အချက်အလက်တွေ ပိုပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ ဒီ့မတိုင်ခင်ကလည်း ဗိုက်ကင်းလှေကြီး ၃ စင်းကို တူးဖော်ရရှိခဲ့ဖူးခြင်း ရှိပြီးဖြစ်ပါတယ်။ လှေကြီးကို အော်စလို မြစ်လက်တက်ကနေ ကမ်းပေါ် ဆွဲသယ်လာခဲ့တယ်လို့ ယူဆလျက်ရှိကြပြီး ဘုရင်/ဘုရင်မ သို့မဟုတ် မျိုးနွယ်စု အကြီးအကဲတစ်ဦးဦးကို မြှုပ်နှံရာမှာ အသုံးပြုခဲ့တာဖြစ်နိုင်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။

thevintagenews

၂၀၁၉ မှာလည်း ဗိုက်ကင်းရှေးလူမျိုးစုတွေရဲ့ အကြွင်းအကျန်တွေကို လျှပ်စစ်သံလိုက်မီတာတွေနဲ့ ဆက်ရှာဖွေကြဦးမှာဖြစ်ပါတယ်။ NGC အရတော့ လွန်ခဲ့တဲ့ ရာစုနှစ်တွေကတည်းက ဗိုက်ကင်တွေရဲ့ အမွေအနှစ်တွေ လုယူခြင်းခံခဲ့ရတဲ့အတွက် ဧကရာဇ်တို့နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ရှာတွေ့ဖို့တော့ ရာခိုင်နှုန်းနည်းကြောင်း သိရပါတယ်။ ပထမဆုံး ဗိုက်ကင်းသင်္ဘောကြီး ရှာတွေ့မှုကိုတော့ ယူကေ၊ စကော့တလန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

READ
မာရီလင်မွန်ရိုး ပရိသတ်ရှေ့မှောက်နောက်ဆုံးရောက်ရှိခဲ့တဲ့ပွဲ (သို့) သမ္မတကနေဒီရဲ့ မွေးနေ့

Ref: The Vintage News

SHARE