ငှက်ကလေးတွေ အကောင်ပေါက်ဖို့ မထင်မှတ်ထားတဲ့နည်းလမ်းနဲ့ ကူညီခဲ့တဲ့ ရွာသားများ

[email protected] of India [email protected]

ဒီကမ္ဘာလောကကြီးမှာ လူသားဆန်တဲ့ လူတွေ ရှိသလို လူသားမဆန်ပဲ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ လူတွေလဲ ရှိပါတယ်။ တစ်ချို့ကိစ္စသေးသေးလေးတွေက အပိုကိစ္စတွေလို့ ထင်ရပေမယ့် တစ်ကယ့်လက်တွေ့မာ တစ်ဖက်သားအတွက် အရမ်းအရေးပါပြီး အရာရောက်လွန်းပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံရှိ ရွာတစ်ရွာက ရွာသားတွေဟာ ငှက်ကလေးတွေ အကောင်ပေါက်ဖို့အတွက် ရွာရှိ မီးလင်းဓာတ်တိုင်ကြီးတွေကို တစ်လကျော်ပိတ်ထားပြီး အမှောင်ချနေခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] of India

အိန္ဒိယနိုင်ငံ၊ Tamil Nadu ပြည်နယ်ရှိ ကျေးရွာတစ်ရွာက A.Karuppuraja လို့အမည်ရတဲ့ ကျောင်းသားလေးတစ်ဦးဟာ သူတို့ရွာထိပ်ရှိ ဓာတ်မီးတိုင်ကြီးပေါ်မှာ ငှက်မကြီးတစ်ကောင်ဟာ ကောက်ရိုးတွေ၊ သစ်ရွက်ခြောက်တွေကို ခေါက်တုံ့ခေါက်ပြန် ကိုက်ချီပြီး သွားလာနေတာကို သတိထားခဲ့မိပါတယ်။ ဒီလိုနဲ့ အဆိုပါဓာတ်တိုင်ကြီးပေါ်ကို A.Karuppuraja တစ်ယောက် တက်ကြည့်လိုက်တဲ့အချိန်မှညတော့ စိမ်းပြာရောင် ငှက်ဥလေးတွေ ရှိနေတာကို သတိထားခဲ့မိပါတယ်။ ဒါ့ကြောင့် ဒီနေရာလေးဟာ ငှက်သိုက်တစ်ခုမှန်းသိခဲ့ပြီး A.Karuppuraja နဲ့ သူ့သူငယ်ချင်းတစ်ုဟာ ရွာထဲက လူတွေကို မီးတိုင်ကြီးဟာ ငှက်ကလေးတွေ အကောင်ပေါက်လာတဲ့အထိ ပိတ်ထားပေးဖို့ လိုက်လံတောင်းဆိုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မီးတိုင်းကြီးရဲ့ အလင်းရောင်ဟာ အရမ်းစူရှသလို အပူရှိန်ကလည်း အရမ်းပြင်းတာကြောင့် ငှက်မကြီး ဥပေါက်အောင် ဝပ်နေတဲ့အချိန် အဆိုပါ အလင်းရောင်က ကောင်းကောင်းကြီး ဒုက္ခပေးနိုင်လို့ပါပဲ။

“ကျွန်တော်တို့ ရွာထဲမှာ လိုက်စည်းရုံးတော့ လူတော်တော်များများက လက်ခံသလို လူတစ်ချို့ကတော့ ငှက်သိုက်လေးတစ်ခုအတွက်နဲ့ ရွာလမ်းက မီးလင်းတိုင်ကြီးကို ဒီလိုလုပ်ရမလားလို့ ဝိုင်းပြီး အပြစ်ပြောကြတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ကျွန်တော်တို့သူငယ်ချင်းတွေ သေသေချာချာ ရှင်းပြတော့ အကုန်လုံး လက်ခံကြပါတယ်။ အဲဒီနေ့ကစပြီး ညဖက်အဲဒီနားကသွားရင် ဖုန်းဖလက်ရှ်မီးလေးတွေဖွင့်ပြီး တော်တော်များများ သွားကြပါတယ်။ သိပ်မကြာဘူး ၃၅ ရက်မြောက်နေ့လောက်မှာ ငှက်ကလေးတွေ အကောင်ပေါက်လာခဲ့ကြပါတယ်”လို့ A.Karuppuraja က ပြောကြားခဲ့ပါတယ်။

READ
အစွန့်ပစ်ခံကြောင်ပေါက်လေးကို မိခင်စိတ်နဲ့ မွေးစားစောင့်ရှောက်နေတဲ့ ခွေးမလေး

Pyi Hein Kyaw

SHARE