ချောက်ထဲရောက်နေတဲ့ ထရပ်ကားကြီးတစ်စီးကို လူပေါင်း၁၀၀လောက်က ခွန်အားသုံးပြီး ဆွဲတင်နိုင်ခဲ့တဲ့ဖြစ်ရပ်တစ်ခု အိန္ဒိယမှာဖြစ်ပွားခဲ့ပါတယ်။ Nextshark သတင်းစာမျက်နှာအရ တောင်ထူထပ်တဲ့ Nagaland ပြည်နယ်က ရွာသားတွေဟာ ချောက်ထဲကျနေတဲ့ကားတစ်စီးကို ကြိုးတွေ၊ နွယ်ပင်တွေနဲ့ ဝါးတွေကိုအသုံးပြုကာ ပေ၈၀ အနက်ရှိတဲ့တောင်ကြားထဲ ထပ်ပြီးမကျအောင် ထိန်းသိမ်းပြီး ချောက်အပေါ်ရောက်အောင် ဆွဲတင်ခဲ့တာလို့ သိရပါတယ်။
In a village in Nagaland (not yet identified) the entire community pulls up a truck which fell off the road with ropes & the spirit of unity!
More information awaited! As received on WhatsApp! pic.twitter.com/B0joxEPEKU
— Mmhonlumo Kikon (@MmhonlumoKikon) January 10, 2021
ဖြစ်ပုံက ထရပ်ကားဒရိုင်ဘာဟာ အရှိန်မထိန်းနိုင်ဘဲ Phek ခရိုင် Kutsapo ရွာအနီးက ချောက်ကျဉ်းထဲ ကားထိုးကျသွားခဲ့တာဖြစ်ပါတယ်။ ကံကောင်းချင်တော့ ရွာသားတွေက ချက်ချင်းသိလို့ ရွာသားအားလုံးအတူစုပေါင်းကာ ထရပ်ကားကိုလမ်းပေါ်ပြန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကြိုးကို ဆွဲတင်နေတဲ့လူအုပ်ကြီးက အတူတကွသီချင်းဆိုနေကြတာကိုလည်း ဗီဒီယိုထဲကြားရမှာပါ။
ဒီဗီဒီယိုလေးကိုတော့ လူပေါင်း ၁သန်းကျော်က ကြည့်ရှုခဲ့ကြပြီး ရွာသားတွေရဲ့စည်းလုံးကြတဲ့စိတ်ဓာတ်ကို ချီးကျူးခဲ့ပါတယ်။ ထရပ်ကားကြီးကိုတော့ ရွာသား အယောက် ၁၀၀ဝန်းကျင်လောက်က ကူညီမတင်ပေးခဲ့ကြတာပါ။ ချောက်ထဲ ကားကျသွားတဲ့နေရာက အတော်လေးအလှမ်းဝေးတဲ့ရွာဖြစ်တာကြောင့် ထရပ်ကားကိုအပေါ်ဆွဲတင်ဖို့ စက်ကိရိယာတွေမသုံးနိုင်ဘဲရှိခဲ့တာပါ။
The IndomitableHumanSpirit ! A prayer to Almighty &it’s all team work.This video from interior #Nagaland exemplifies&showcases the strong social bonds that is so deep rooted in #Naga society. What a way to celebrate our rich cultural heritage!@mygovindia @PMOIndia @MyGovNagaland pic.twitter.com/y78breTf1I
— abu metha (@abumetha) January 10, 2021
ထရပ်ကားပေါ်မှာတော့ ခရီးသည် ၈ဦးပါလာခဲ့ပါတယ်။ အားလုံးကံကောင်းကြလို့ ဟိုးချောက်နက်ထဲထိမရောက်ဘဲ အသက်ရှင်ခဲ့တာပါ။ ရွာလူကြီး Zashevezo Rhakho ကတော့ ကယ်ဆယ်ရေးဟာ ဘယ်လောက်ထိ ကျဉ်းထဲကြပ်ထဲရောက်ခဲ့ကြောင်းကို “ကျွန်တော်တို့ဆွဲလိုက်တဲ့အခါ ထရပ်ကားက လျောပြီးအောက်ကိုဆက်မကျအောင် ဝါးတွေနဲ့အဆင့်ဆင့်ခံခဲ့ပါတယ်။ ထရပ်ကားကိုလည်း ကြိုးတွေနဲ့ချည်ခဲ့တယ်။ တာယာတွေတက်လာမယ့် နေရာတွေကိုလမ်းရှင်းထားလိုက်တယ်။ ဒါကြောင့်လည်း လွယ်လွယ်ကူကူ ဆွဲတင်လို့ရခဲ့တာပေါ့။” အခုလိုပြောပြခဲ့ပါတယ်။
ShweMom