မင်းသားကြီး Vin Diesel ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းသစ်ကြီးတစ်ပုဒ်အကြောင်း

[email protected] vindiesel

Fast & Furious ဇာတ်ကားတွေရဲ့ ပင်တိုင်မင်းသားကြီး Vin Diesel ကိုတော့ ဒီကပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ Vin Diesel ဟာ Fast & Furious ဇာတ်ကားတွေနဲ့ပဲ တောက်လျှောက်ဆိုသလို နာမည်ကြီးလာခဲ့တဲ့ မင်းသားကြီးတစ်ဦးဖြစ်သလို Hollywood ရုပ်ရှင်လောကမှာလည်း နေရာတစ်နေရာ ရထားပြီဖြစ်တဲ့ မင်းသားတစ်ဦးဆိုလည်း မမှားပါဘူး။ အခုလည်း မကြာသေးခင်အချိန်က Vin Diesel ဟာ Norwegian music producer တစ်ဦးဖြစ်တဲ့ Kygo နဲ့ ပထမဦးဆုံး သီချင်းအတူတူ တွဲလုပ်ခဲ့ကာ သူကိုယ်တိုင်သီဆိုထားတဲ့ ပထမဦးဆုံးသီချင်းတစ်ပုဒ်ဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါသီချင်းကတော့ Feel Like I Do အမည်ရ သီချင်းဖြစ်သလို Vin Diesel ရဲ့ ပထမဦးဆုံး ကိုယ်ပိုင် သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းရဲ့ အကြောင်းအရာကတော့ ရင်ထဲမှာ တိတ်တခိုးနဲ့ ချစ်နေရတဲ့ Crush လေးတစ်ယောက်ရဲ့ အကြောင်းကို ဆိုထားတာဖြစ်တဲ့အတွက်ကြောင့် Vin Diesel လို ပုံစံကြီးနဲ့ စာသားနုနုရွရွလေးတွေ သီဆိုထားတာ တစ်မျိုးတစ်မည်တော့ ဖြစ်စေပါတယ်။ အမှန်တော့ Vin Diesel ရဲ့ အသံကို သူ့ရဲ့ ပရိသတ်တွေ ကြားဖူးတာ ဒါကပထမဦးဆုံးတော့ မဟုတ်ပါဘူး။ အရင်တုန်းက Vin Diesel တစ်ယောက် ကာရာအိုကေမှာ သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်တွေ တက်လာခဲ့ဖူးပါသေးတယ်။ ဘာပဲဖြစ်ဖြစ် Vin Diesel တစ်ယောက် ရုပ်ရှင်နယ်ပယ်ထဲကနေ ဂီတလောကအထိပါ ခြေဆန့်ဖို့ ကြိုးစားနေတဲ့အကြောင်းကို လွန်ခဲ့တဲ့ တစ်ပတ်က ကျင်းပခဲ့တဲ့ The Kelly Clarkson Show ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ဖူးပါသေးတယ်။

READ
ဗင်ကားထဲမှာ ကြွက်အကောင်ရေ (၃၂၀)နဲ့ မိတ်ဆွေဖွဲ့ အတူနေထိုင်တဲ့အမျိုးသမီး

 

 

View this post on Instagram

 

A post shared by Vin Diesel (@vindiesel) on

“ဂီတက ကျွန်တော့်ရဲ့ အသွေးအသားထဲမှာ စီးဝင်နေတာ ကြာပါပြီ။ အရင်တုန်းက တောက်လျှောက်မှာလည်း ဇာတ်ကားတွေရိုက်တာနဲ့တင် ကျွန်တော်အချိန်တွေ ကုန်ခဲ့ရတာပါ။ ဂီတဖက်ကို လုံးဝကို မလှည့်နိုင်ခဲ့ပါဘူး။ အခုလက်ရှိအချိန်မှာမှ COVID 19 ဖြစ်နေတဲ့အချိန် ရိုက်ကူးရေးတွေ နားထားရမှသာ ကျွန်တော်ဂီတဖက်ကို ခြေဦးလှည့်နိုင်ခဲ့တာပါ။ နောက်ကျရင်လည်း ကျွန်တော့်သီချင်းအသစ်တွေ အများကြီးထွက်ရှိဖို့ ကျန်ပါသေးတယ်” လို့ Vin Diesel က ပြောကြားခဲ့ပါတယ်။

READ
ဖူးခက်မှာရေပေါ်ရှပ်ပြေးယာဉ်စီးနေတုန်း ချစ်သူနဲ့တိုက်မိကာ သေဆုံးသွားခဲ့သူ

 

 

View this post on Instagram

 

A post shared by Vin Diesel (@vindiesel) on

Pyi Hein Kyaw

SHARE