ရိုက်ကွင်းပေါ်က အက်စီးဒင့်ကြောင့် Vin Diesel ရဲ့ အစားထိုးသရုပ်ဆောင် ကိုမာရနေ

Image:fb/Tilly Powell/@fastnfurious9

Vin Diesel ရဲ့စတန့် အစားထိုးသရုပ်ဆောင် Joe Watts တစ်ယောက် ရိုက်ကွင်းပေါ်မှာ ထိခိုက်ဒဏ်ရာရခဲ့ပါ တ ယ်။ ဒဏ်ရာ က အရမ်းကို ပြင်းထန်လွန်းတာမို့ အခုဆိုရင် ကိုမာ ရနေပြီလို့ The Sun ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြ ထားတာပါ။Hertfordshire မှာရှိတဲ့ Warner Brothers studio  မှာ ပြင်းထန်တဲ့ မတော်တဆမှု နဲ့ ကြုံ ခဲ့  ရပါ တယ်။ပေ(၃၀) အမြင့်ကနေ ထိုးဆင်းရာကနေ မတော်တဆ ဖြစ်ပြီး ဦးခေါင်းမှာ ဆိုးဆိုးရွားရွား ဒဏ် ရာ ရ သွား ခဲ့ တာပါ။Vin Diesel ကိုယ်တိုင်လည်း ဒီကိစ္စအတွက် တုန်လှုပ်ခဲ့ရသလို သူ့နေရာမှာ အစားထိုး သရုပ်ဆောင် ရင်းနဲ့  အခုလို ဖြစ်သွားရတာမို့ ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ပြီး မျက်ရည်ဝဲခဲ့ရတဲ့ အထိ ပါ ဖြစ်ခဲ့ပါတယ်။

 

 

View this post on Instagram

 

First day completed! Blessed beyond words. #Fast9 2020

A post shared by Vin Diesel (@vindiesel) on

@fastnfurious9

လသာဆောင်ကနေ ခုန်ချ တဲ့ အချိန်မှာ လုံခြုံရေးအတွက် ထားတဲ့ safety cable ကြိုးက ရုတ်တရက် ပြတ်တောက် သွားပြီး အခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံ ခဲ့ရတာပါ။မြေပေါ်ကို ပြုတ်ကျသွားခဲံတာကြောင့် ဦးခေါင်းမှာ ပြင်းပြင်း ထန် ထန် ထိခိုက် ဒဏ်ရာရခဲ့တာပါ။Joe Watts  ရဲ့ ဇနီးလောင်းဖြစ်တဲ့ Tilly Powell  ကတော့ သူမရဲ့ FB စာမျက်နှာပေါ် မှာ ” နှလုံးသား ကွဲကြေမတတ်ခံစားရတယ်လို့ ပြောထားပါတယ်။ဒါ့အပြင် Joe ရဲ့ ကျန်းမာရေး အခြေအနေ နဲ့ ပတ်သက်ပြီး လည်း အခုလို ပြောထားပါတယ်။”Joe ရဲ့ ဦးခေါင်းမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်။အခုတော့ ဒဏ် ရာကြောင့် ကိုမာ(မေ့မြော) ဖြစ်နေတယ်။အသက်အန္တရာယ်အတွက် တစ်ညလုံး စောင့်ကြည့်ခဲ့ရပြီး အခုတော့ အခြေအနေက တည်ငြိမ်နေပါပြီ..” လို့ ပြောခဲ့ပါတယ်။” ကျမ သူ့ကို အရမ်းချစ်တယ်။ဒီသတင်းကို ကြား တော့ ကျမ နှလုံးသားတွေ ကွဲ ကြေရပါတယ်။သူ့မိသားစု၊သူငယ်ချင်းတွေက သူ့ဘေးမှာ ရှိနေ ပါတယ်…’ ဆိုပြီး သူမရဲ့ Fb မှာ ပြောထားတာပါ။

READ
ကျစ်လစ်လှပတဲ့ အမိုက်စားဘော်ဒီလေးကို ပြသလိုက်တဲ့ နန်းခင်ဇေယျာ
Image:fb/Tilly Powell
Image:fb/Tilly Powell

Joe Watts ရဲ့ မတော်တဆမှုကတော့ Fast & Furious 9 ရိုက်ကွင်းပေါ်မှာ ဖြစ်ခဲ့တာပါ။မတော်တဆမှု ဖြစ်ပြီး ချိန် မှာတော့ ရိုက်ကွင်းကို ရုတ်တရက် ရပ်နားခဲ့ရပါတယ်။ဒီလို အဖြစ်ဆိုးကို မြင်လိုက်ရတဲ့ အတွက် ရိုက်ကွင်း ပေါ်က သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့ သားတွေ က စိတ်တုန်လှုပ်သွားခဲ့တာမို့ သူတို့ ကို အိမ်ပြန် ပို့ ပေးခဲ့ ပါတယ်။ ဒဏ်ရာ ရခဲ့တဲ့ စတန့်သမားကိုတော့ လန်ဒန် တော်ဝင် ဆေးရုံကို တင်ပို့ခဲ့ပါတယ်။Source တစ်ခုက ဖော်ပြ ချက် အရ ပြုတ်ကျတဲ့ အမြင့်ဟာ အနည်းဆုံး ပေ(၃၀) လောက်ရှိပြီး၊အဲ့ဒီထက်တောင်မှ ပိုများနိုင်တယ်လို့ ဆိုပါတယ်။ အခင်း ဖြစ်တာကို မြင်လိုက်ရတဲ့ Vin Diesel ကလည်း  အရမ်းစိတ်မကောင်းဖြစ် နေပုံ ရပါတယ်။

READ
ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်
Image:fb/Tilly Powell
@fastnfurious9

(၂၀၀၂)တုန်းကလည်း Vin Diesel ရဲ့ အစားထိုးစတန့်သရုပ်ဆောင် Harry O’Connor ဟာ XXX ဇာတ်ကား မှာ စတန့်ခန်းသရုပ်ဆောင်ရင်း သေသွားခဲ့ဖူးပါတယ်။ Vin Diesel ရဲ့ ကိုယ်စား လေဟုန်စီး(လေထီးခုန်) စတန့် လုပ် ရင်း နဲ့ သေသွားခဲ့တာပါ။ Fast & Furious ရဲ့ သရုပ်ဆောင်မင်းသား Paul Walker  ဟာ (၂၀၁၃)တုန်းက ကားအက်စီးဒင့် ကြောင့် ကွယ် လွန် သွားခဲ့ဖူးပါတယ်။F & F 7 ရိုက်ကူးနေတုန်းမှာပဲ သေသွားခဲ့တာပါ။Fast & Furious 9  ကိုတော့ လာမယ့် နှစ် လောက် မှာ ထွက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။Michelle Rodriguez, Helen Mirren, Charlize Theron နဲ့  John Cena တို့ လည်း 9 မှာ ပါဝင်ထားပါတယ်။

Image:IG/Vin Diesel
Image:IG/Vin Diesel

#SHWEMOM(SOURECE THE SUN & DAILYMAIL)

SHARE