အရောင်ကွယ်ဝေဒနာ ခံစားနေရသူတွေ အသုံးဝင်စေမယ့် App တစ်မျိုးဖန်တီးခဲ့တဲ့ အမျိုးသား

Color Blind Pal

ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုပစ္စည်းတွေရဲ့ အရောင်တွေကို မှန်မှန်ကန်ကန် မမြင်နိုင်ခြင်း သို့မဟုတ် အရောင်ကွယ်ခြင်းဟာ အမျိုးသား(၁၂) ယောက်မှာ (၁) ယောက်ဖြစ်ပွားနိုင်ပြီး အမျိုးသမီးအယောက်(၂၀၀) မှာ (၁) ယောက် ဖြစ်ပွားနိုင်ပါတယ်။ ခန့်မှန်းရတာက ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေသန်း(၃၀၀) လောက်ဟာ အမြင်အာရုံချို့တဲ့ကာ အရောင်တွေ ခွဲခြားမသိနိုင်တဲ့ ဝေဒနာကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဒီဝေဒနာဟာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို ဆီးချိုရောဂါ၊ အာရုံကြောရောဂါတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။

Color Blind Pal

အရောင်ကွယ်တဲ့ဝေဒနာ ခံစားနေရသူအများစုဟာ အစိမ်းရောင်နဲ့ အနီရောင်ကို သာမန်လူတွေလို ကောင်းမွန်စွာ မမြင်ရပါဘူး။ ဒီလိုဝေဒနာရှင်တွေအတွက် ရည်ရွယ်ပြီး Color Blind Pal အမည်ရတဲ့ app ကို ဗင်းဆင့်ဖီအိုရန်တီနီဆိုသူက တီထွင်ခဲ့ပါတယ်။ ဗင်းဆင့်ဟာ သူကိုယ်တိုင်ကလည်း အနီနဲ့အစိမ်းကို ခွဲခြားပြီး မမြင်နိုင်တဲ့ အမြင်အာရုံချို့ယွင်းချက်ရှိသူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူ့လို အနီ၊အစိမ်း ခွဲခြားမမြင်နိုင်တဲ့သူတွေကို app အကူအညီနဲ့ အရောင်တွေ ပိုမိုခွဲခြားသိမြင်စေဖို့ ဖြစ်ပါတယ်။

READ
တကယ့်ပစ္စည်းတွေနဲ့ချွတ်စွတ်တူနေတဲ့ စားဖိုမှူးရဲ့အချိုပွဲလက်ရာဆန်းလေးများ
Color Blind Pal

ဒါ့အပြင် app ဟာ အရောင်တွေကို သတ်မှတ်ဆုံးဖြတ်ပြီး နာမည်ပေးနိုင်ပါသေးတယ်။ အရောင်ကွယ်ခြင်း ပုံစံအမျိုးမျိုးကို သိလိုတဲ့ သာမန်အမြင်အာရုံပိုင်ရှင်တွေလည်း ဒီ app ကို သုံးနိုင်ပါသေးတယ်။ App ဟာ android နဲ့ iOS နှစ်မျိုးစလုံးမှာ အသုံးပြုလို့ရနေပြီဖြစ်ကြောင်းလည်း Boredpanda အရ သိရပါတယ်။

Color Blind Pal

လင်းလင်း (ShweMom)

SHARE