ရာဇ၀တ်မှုတွေ တားဆီးဖို့ မီးဖိုချောင်သုံးဓားကို ထိပ်တုံးဓားအဖြစ် ဖန်တီးခဲ့တဲ့ ကုမ္ပဏီ

Viners

ဗြိတိန်နိုင်ငံမှာ ဓားနဲ့ပတ်သက်တဲ့ ရာဇ၀တ်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့  Viners လို့ခေါ်တဲ့ စားပွဲတင် ဇွန်း၊ခရင်း ၊ဓား ကုမ္ပဏီက ထိပ်တုံးဓားတွေကိုထုတ်လုပ်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၀၁၉)ခုနှစ်က အင်္ဂလန်နဲ့ Walesတို့မှာ ဓားနဲ့ပတ်သက်တဲ့ရာဇ၀တ်မှု လေးသောင်းခွဲနီးပါး စံချိန်တင်မြင့်မားခဲ့တာပြီး အမျိုးသားစာရင်းအင်းဌာန(ONS) ရဲ့ဖော်ပြချက်အရ ဒါဟာ ရှေ့နှစ်(၂၀၁၈)ခုနှစ်ကထက် ဓားနဲ့ပတ်သက်တဲ့မှုခင်းပေါင်း(၇)ရာခိုင်နှုန်းပိုများလာတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဓားထိုးမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဗြိတိန်မီးဖိုးချောင်သုံးပစ္စည်းကုမ္ပဏီ Viners က ထိပ်ဦးစတုရန်းပုံ ထိပ်တုံးဓားသစ်တွေကို ဒီဇိုင်းဖော် ဖန်တီးခဲ့တာဖြစ်ပြီးတော့၊ ဓားတွေကို  “Assure collection”လို့ အမည်ပေးထားပါတယ်။

Viners

ကုမ္ပဏီက ဒီတစ်ပတ်နှောင်းပိုင်းမှာ ဓားတွေကို ထုတ်လုပ်သွားဖြစ်တာကြောင့် ဓားထိပ်တွေဟာ အရေပြားကို မတော်တဆဖြစ်ဖြစ်ဒါမှမဟုတ်တခြားကြောင့်ဖြစ်ဖြစ် မထိုးဖောက်နိုင်ဘူးဆိုတာ ထပ်ကာထပ်ကာသေချာစမ်းသပ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ (၁၂)လအတွင်း ဓားနဲ့ပတ်သက်တဲ့ရာဇ၀တ်အမှုအခင်းတွေစံချိန်တင်မြင့်တက်ခဲ့ပြီး လူသေဆုံးမှု(၂၈၀)ကျော် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဗြိတိန်အစိုးရက Offensive Weapons Act 2019 ဥပဒေအသစ်နဲ့အတူ မီးဖိုချောင်သုံးဓားတွေကို အန္တရာယ်ပြုနိုင်၊ မပြုနိုင်တဲ့လက်နက်ဆိုပြီး အမျိုးအစားပြန်ခွဲဖို့ သတ်မှတ်ထားပါတယ်။ အဲ့ဒီမှာ လက်လီရောင်းချသူတွေအနေနဲ့ ထိပ်ဦးချွန်ဓားတွေကို ဆိုင်တွေမှာရောင်းချခြင်းမပြုရတော့ဘူးလို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

Viners

Viners မှ အခု တီထွင်လိုက်တဲ့ Assure collection ဓားတွေဟာ ဥပေဒေအသစ်နဲ့လည်း ကိုက်ညီပြီးတော့၊ ဟင်းချက်ရမှာလည်း အဆင်ပြေစေသလို မတော်တဆထိခိုက်ဒဏ်ရာရရှိမှုသေဆုံးမှုတွေကိုလည်း လျော့ကျစေပါတယ်။Assure ဓားတွေကို အိမ်အသုံးအဆောင်လက်လီအရောင်းဆိုင်Dunelmက ဒီတစ်ပတ်နှောင်ပိုင်းမှာ ရောင်းချသွားမှာဖြစ်ပြီ့း Viners website မှာ ဖေဖော်ဝါရီ(၁၆)ရက်နေ့ မှာ ရောင်းချသွားမယ်လို့သိရပါတယ်။

SHARE