ဘွဲ့ဝတ်စုံကြီးနဲ့ ဘွဲ့နှင်းသဘင်ဆီ တစ်ဦးတည်းလာခဲ့ရတဲ့ ဆယ်ကျော်သက်ရဲ့ ကံကောင်းချက်

ဘွဲ့ရပြီးတဲ့သူတွေအဖို့ ဘွဲ့ဝတ်စုံတွေက ဘယ်လောက်တောင်လေးလံပြီး စိတ်ညစ်စရာကောင်း၊ ပူအိုက်လဲဆိုတာ သိကြမှာပါ။ ဒါ့အပြင်ခေါင်းပေါ်က ဘွဲ့ဦးထုပ်ကို ပုံမပျက်အောင်လည်း သတိထားရပါသေးတယ်။ ဘွဲ့နှင်းသဘင်ခန်းမဆီအရောက်သွားဖို့ ဘွဲ့ဝတ်စုံကြီးနဲ့ တစ်ယောက်တည်းအကြာကြီးလမ်းလျှောက်ပြီး ဘတ်စ်ကားစီးရတဲ့အဖြစ်ကို မြင်ယောင်ကြည့်လိုက်ပါ။ တော်တော်လေးစိတ်ပျက်ဖို့ကောင်းမှာပါပဲ။ အခုလိုအခြေအနေကို အသက်(၁၉)အရွယ်ကိုရေးပက်ထရစ်ခ်အမည်ရှိတဲ့ကောင်လေးက တွေ့ကြုံခဲ့ရပါတယ်။

Corey Patrick CBS 42 News

မိဘတွေက ကားပိုင်မရှိတာကြောင့် ကိုရေးဟာလိုက်ပို့မယ့်သူမရှိပဲ ကိုယ်ထူကိုယ်ထနဲ့ အထက်တန်းကျောင်းဆင်းပွဲဘွဲ့အခမ်းအနားဆီသွားရတာပါ။ ကိုရေးဟာ မနက်တိုင်း(၄း၃၀) လောက်မှာအိပ်ရာထပြီး အလယ်ဘားမား၊ ဘာမင်ဂန်မှာရှိတဲ့ကျောင်းကိုသွားရပါတယ်။ အသွားတစ်ကြောင်း၊ အပြန်တစ်ကြောင်းစီကို အနည်းဆုံးမိနစ်(၉၀)လောက် ကားစီးရပါတယ်။ ဆယ်ကျော်သက်တစ်ယောက် အတွက်တော့ ဒီကိစ္စဟာ ကိစ္စကြီးတစ်ခုပါပဲ။

Dee Bee Facebook

ကိုရေးရဲ့မိသားစုက သူနောက်ဆုံးနှစ် မရောက်ခင် မြို့ရဲ့အခြားဖက်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမယ့် ကိုရေးက သူငယ်ချင်းတွေကို ခင်မင်တာကြောင့် ကျောင်းမပြောင်းချင်ပဲ ခရီးအဝေးကြီးကနေ ကျောင်းလာတက်ခဲ့တာ ဖြစ်ပါတယ်။ ကိုရေးရဲ့ အထက်တန်းကျောင်းဆင်းဘွဲ့ယူပွဲကို သွားနေတဲ့ ဓာတ်ပုံလေးတွေကို ကြည့်ရတာ ဂရုဏာသက်ဖွယ်ပါပဲ။

READ
ခြေထောက်မှာဒဏ်ရာရနေတဲ့မိခင်ကြံ့မကြီးကို အစိုးရိမ်လွန်နေခဲ့တဲ့ ကြံ့သားပေါက်လေး
Credit: Rickey Smiley – Twitter

တခြားသူငယ်ချင်းတွေက မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ဆုံပြီး စုရုံးသွားနေပေမယ့် ကိုရေးကတော့ တစ်ယောက်တည်းအဝေးကြီးကနေ သူငယ်ချင်းတွေနဲ့ ဆုံနိုင်ဖို့ ဘွဲ့နှင်းသဘင်ဆီ လာရတာ စိတ်မကောင်းစရာပါပဲ။ အခုတွေ့ရတဲ့ ကိုရေးရဲ့ ဓာတ်ပုံလေးတွေကို ကိုရေးစီးလာတဲ့ ဘတ်စ်ကားဆရာက ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဘတ်စ်ကားဆရာက ကိုရေးကို ဘွဲ့နှင်းသဘင်ခန်းမနားမှာ ချပေးခဲ့ပါတယ်။

ကိုရေးရဲ့အဖြစ်ကို ဒေသခံရေဒီယိုအစီအစဉ် ကြေညာသူတစ်ဦးဖြစ်တဲ့ ရစ်ကီစမိုင်လီက တွေ့မြင်ခဲ့ပြီး ကိုရေးအကြောင်းကို စုံစမ်းခဲ့ပါတယ်။ ဆယ်ကျော်သက်ကောင်လေးရဲ့ အဖြစ်အပျက်အလုံးစုံကို သိသွားတဲ့ရစ်ကီက ကိုရေးတို့ မိသားစုကိုကားသစ်တစ်စီး လက်ဆောင်ပေးခဲ့ပါတယ်။ ရစ်ကီက ကိုရေးရဲ့ အောင်မြင်မှုအတွက်ကြိုးပမ်းချက်ကို ချီးမွမ်းအသိအမှတ်ပြုရမှာ ဖြစ်ကြောင်းဆိုခဲ့ပါတယ်။ ကိုရေးဟာ ဂျက်ဆင်ဗီးလ်တက္ကသိုလ်မှာလည်း ပညာသင်ဆုအပြည့် ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပက်ထရစ်ဟာ တက္ကသိုလ်မ၀င်ခင် ယာဉ်မောင်းလိုင်စင်ရဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

READ
မိခင်မေတ္တာကို ဖော်ကျူးနေတဲ့ ကမ္ဘာတစ်ဝှမ်းက မိခင်နဲ့ရင်သွေးတို့ရဲ့ ကြည်နူးဖွယ်ပုံရိပ်များ

လင်းလင်း (ShweMom)

Ref: Ladbible, Independent

SHARE