အလုပ်လိုချင်လွန်းလို့ ကိုယ်ရေး CV ယူသွားပေးဖို့ပဲ တောင်းဆိုနေတဲ့ အိမ်ရာမဲ့

သာမန်လူတွေအနေနဲ့ အိမ်ရာမဲ့တစ်ဦးရဲ့ အခြေအနေကို အပြည့်အ၀ကိုယ်ချင်းစာနိုင်မှာ မဟုတ်ပါဘူး။ အလုပ်အကိုင်မယ်မယ်ရရမရှိပဲ ကြုံရာကျပန်းနေရတဲ့ အိမ်ရာမဲ့တွေရဲ့ဘ၀ဟာ ဂရုဏာသက်ဖွယ်ဖြစ်ပါတယ်။ လမ်းပေါ်မှာပဲ လှည့်လည်နေထိုင်နေရတာကြောင့် အစားအသောက် နပ်မှန်အောင် ရှာဖွေရမယ့်ကိစ္စကလွဲရင် အတည်တကျ အလုပ်အကိုင်နဲ့ နေစရာအိမ်ရရှိဖို့က သူတို့အဖို့ စဉ်းစားရတာ အလှမ်းဝေးလွန်းပါတယ်။

ဒါပေမယ့် ဒေးဗစ်ကာဆာရေးဆိုသူ အိမ်ရာမဲ့အမျိုးသားတစ်ဦးကတော့ ထူးထူးခြားခြားပဲ သူ့ကိုလူတွေက အစားအသောက်နဲ့ ပိုက်ဆံပေးဖို့ကို မတောင်းဆိုပဲ အလုပ်အကိုင်တစ်ခု ပေးဖို့သာ တောင်းဆိုခဲ့ပါတယ်။ ဒေးဗစ်ဟာ လူအများမြင်သာတဲ့နေရာတစ်ခုမှာ မတ်တပ်ရပ်ပြီး ဆိုင်းဘုတ်တစ်ခုကို ကိုင်ထားပါတယ်။ ဆိုင်းဘုတ်ပေါ်မှာတော့ အောင်မြင်မှုကို ဖွေရှာနေတဲ့ အိမ်ရာမဲ့တစ်ယောက်ဖြစ်ကြောင်းနဲ့ သူ့ရဲ့ ကိုယ်ရေးရာဇ၀င်ကို ယူသွားပေးဖို့ တောင်းဆိုထားပါတယ်။

Credit: Twitter / @jaysc0

ဒေးဗစ်ရဲ့ အကြောင်းကို ပုံနဲ့တကွ ဓာတ်ပုံရိုက်ပြီး တွစ်တာအသုံးပြုသူ FullMakeup Alchemist က အွန်လိုင်းပေါ်မျှဝေခဲ့ရာမှာ လူတွေဟာ ဒေးဗစ်ရဲ့ဆုံးဖြတ်ချက်ခိုင်မာမှုနဲ့ ပတ်သက်လို့ ချီးမွမ်းခဲ့ကြပါတယ်။ FullMakeup Alchemist က “ကျွန်တော် ဒေးဗစ်နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ကျွန်တော်တို့ တစ်နာရီနီးပါးလောက် စကားပြောခဲ့ကြပါတယ်။ သူက အဓိက Silicon Valley ကို သွားချင်တာပါ။ သူက နည်းပညာပိုင်းမှာ အရမ်းအောင်မြင်ချင်တဲ့သူပါ။ သူ့မှာ အတွေ့အကြုံတွေလည်းရှိပါတယ်။ အခုတော့ ဒေးဗစ်က ပန်းခြံတွေထဲ လိုက်အိပ်ပြီး အင်တာဗျူးတွေရဖို့ ကြိုးစားနေပါတယ်။” လို့ပြောပြခဲ့ပါတယ်။

READ
ငြိမ်းချမ်းရေးဗိသုကာကြီးမဟတ္တမဂန္ဓီရဲ့ မှတ်သားဖွယ်စကား(၁၀)ခွန်း

တွစ်တာအသုံးပြုသူတွေကတော့ ဒေးဗစ်နဲ့ပတ်သက်ပြီး ဂရုဏာသက်နေကြကာ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ တွစ်တာအသုံးပြုသူတစ်ဦးကလည်း “ကျွန်တော်ကိုယ်တိုင်လည်း မကြာခဏဆိုသလို အိမ်ခြေရာခြေပျောက်သွားဖူးပါတယ်။ ဒါတကယ်ပြောတာပါ။ စားစရာဝယ်ဖို့ ပိုက်ဆံမရှိ၊ နားနေဖို့နေရာမရှိနဲ့ အရမ်းဒုက္ခရောက်ရပါတယ်။ ကျွန်တော်တော့ကိုယ်ချင်းစာပါတယ်။ ” လို့ဆိုခဲ့ပါတယ်။

FullMakeup Alchemist

ဒေးဗစ်ရဲ့ ကိုယ်ရေးရာဇ၀င်မှာရေးထားတဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ပတ်သက်ပြီး လူအချို့က လေးစားသဘောကျလျက်ရှိနေပါတယ်။ တခြားအိမ်ရာမဲ့ အများစုလို ဘ၀ကို ရေစုန်မျှောမနေပဲ အားတက်သရော အလုပ်အကိုင်ရှာဖွေနေတဲ့ ဒေးဗစ်ကတော့ လေးစားစရာပဲဖြစ်ပါတယ်။ မကြာခင်မှာပဲ ဒေးဗစ်ဟာ သူ့ရဲ့ အကောင်းမြင်စိတ်ထားနဲ့ ဇွဲဝီရိယတို့ကြောင့် သူ့ကိုအလုပ်ခန့်အပ်မယ့်အလုပ်ရှင်နဲ့ တွေ့ဆုံပြီး အိမ်ရာမဲ့ဘ၀ကနေ လွတ်မြောက်တော့မယ်လို့ မျှော်လင့်ရပါတယ်။

လင်းလင်း (ShweMom)

Ref: Ladbible

SHARE