Instagram မှာ နာမည်ကြီးနေတဲ့ ကောက်ခဲ့ရသမျှ အမှိုက်ပုံတွေတင်ထားတဲ့အကောင့်

@peterpicksuptrash/Instagram

အမှိုက်ကောက်တာ ရှက်စရာမဟုတ်ပါဘူး။ အမှိုက်ကို စနစ်တကျမစွန့်ပစ်ဘဲ တွေ့ရကာနေရာမှာပစ်ချတာမှ ရှက်စရာ၊ ကောက်လို့ရတဲ့အမှိုက်တွေ့တာတောင် မကောက်ဘဲနဲ့ ကျော်သွားတာကမှ မျက်နှာပူစရာပါ။ @peterpicksuptrash ဆိုတဲ့ Instagram account ပိုင်ရှင်ကတော့ နေ့စဉ်နဲ့အမျှ သူကိုယ်တိုင်ကောက်ပစ်တဲ့ သူ့အမှိုက်တွေရော၊ တခြားလူတွေရဲ့အမှိုက်တွေကိုရောပါ ဓာတ်ပုံလေးတွေရိုက်ပြီး တင်လေ့ရှိတဲ့ account တစ်ခုဖြစ်ပါတယ်။

@peterpicksuptrash/Instagram

Account နာမည်က peterpicksuptrash (Peter picks up trash.) ဆိုတော့ ကြည့်ရတာ account ပိုင်ရှင်က Peter ဖြစ်မယ့်ပုံပါပဲ။ ဆိုလိုတာ Peter တစ်ယောက် အမှိုက်ကောက်နေသည်ပေါ့။ Bored Panda ကတော့ အဲဒီ account ပိုင်ရှင်ကို ဆက်သွယ်ခဲ့ပြီး ဒီ account နဲ့ပတ်သက်တဲ့မေးခွန်းတချို့ကိုေ မးမြန်းခဲ့ပါတယ်တဲ့။

သူဟာ အမှိုက်ပစ်တဲ့အလေ့အထကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ရခဲ့တာပါတဲ့။ သူဟာလည်းအရင်တုန်းက ကျွန်တော်တို့လိုပါပဲ။ အမှိုက်ကိုစည်းမဲ့ကမ်းမဲ့ပစ်တဲ့သူတစ်ယောက် မဟုတ်ပေမယ့်လို့ လမ်းမှာတွေ့သမျှ အမှိုက်ကိုတော့ တကူးတကကြီးကုန်းကောက်မနေခဲ့ပါဘူးတဲ့။ ဒါပေမဲ့ အဲဒီအချက်ကိုလည်း သူကိုယ်တိုင်ပဲသတိထားမိခဲ့တာပါ။ တခြားလူတွေဟာလည်း သူ့လိုပဲ အမှိုက်ကိုမြင်ပေမယ့် ကျော်သွားကြပြီး တကူးတကလိုက်ကောက်လေ့မရှိဘူးပေါ့။ ဒါနဲ့ အမြဲတမ်းလိုလို နေ့လည်စာစာဖို့လမ်းလျှောက်သွားတတ်တဲ့ Peter ဟာ နေ့တိုင်း အမှိုက်ကိုလက်တစ်ဖက်စာနိုင်နင်းသလောက် ကောက်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ရင်း အခုအချိန်အထိ အမှိုက်ကောက်ဖြစ်သွားခဲ့တာပါတဲ့။

READ
တောင်အမေရိကတောထဲမှာတွေ့ရှိရတဲ့ ထူးထူးဆန်းဆန်းသတ္တ၀ါများ
@peterpicksuptrash/Instagram

သူ့ account မှာလည်း “အမှိုက်ပစ်ရတာဘယ်လောက်လွယ်ကူကြောင်း ကျွန်တော်ပြပေးမှာဖြစ်တဲ့အတွက် လမ်းမှာအမှိုက်တွေ့ခဲ့ရင် ကျော်မသွားဘဲ ပစ်ဖို့ကို ခင်ဗျားတို့ကတာဝန်ယူပေးပါ။ ကမ္ဘာကြီးကိုအတူတူကယ်တင်ကြမယ်လေ” ဆိုပြီး ရေးထားပါသေးတယ်။ နောက်ပိုင်း Peter ဟာ အခုလိမျိုး လူအများအသုံးပြုကြတဲ့ Instagram မှာ account ဖွင့်တာဟာ သူတင်မဟုတ်ဘဲ သူ့ account ကပုံတွေကိုမြင်လိုက်တဲ့သူတိုင်း သူလိုအမှိုက်ပစ်ချင်စိတ်တွေ ဖြစ်ပေါ်လာအောင် နှိုးဆွပေးနေတာပဲဖြစ်ပါတယ်။

@peterpicksuptrash/Instagram
@peterpicksuptrash/Instagram

Peter ကတော့ အခုဆိုရင် သူတင်မဟုတ်ဘဲ သူ့အနီးအနားမှာရှိနေကြတဲ့ မိသားစုတွေ၊ မိတ်ဆွေတွေကိုပါ လမ်းမှာအမှိုက်တွေ့ရင် ကျော်မသွားဘဲ ကောက်ပစ်တဲ့အသိစိတ်လေးကို သွင်းနိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်တဲ့။ ကဲကျွန်တော်တို့ရော၊ ကိုယ်လှမ်းတဲ့ခြေလှမ်းနားမှာအမှိုက်တွေ့ရင် ဒီတိုင်းကျော်သွားဦးမှာပဲလား။

Penny

SHARE