ချက်ကြိုး လည်ပင်းမှာပတ်ပြီး ရေဆင်းပေါက်ထဲ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးရဲ့ ကြမ္မာ

အိန္ဒိယနိုင်ငံ ချန်နိုင်းခရိုင်က ရေဆင်းပေါက်တစ်ခုထဲမှာ အစွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးကို ကယ်တင်ပေးခဲ့တဲ့ ဗီဒီိယိုဖိုင်ကို အွန်လိုင်းမှာ တွေ့ရပါတယ်။ အမျိုးသမီးတစ်ယောက်က ကလေးကို ရေဆင်းပေါက်ထဲက ဆွဲထုတ်ခဲ့တဲ့ ယင်းဖြစ်ရပ်ကိုတော့ ဒေသခံလမ်းသွားလမ်းလာတစ်ဦးက ဗီဒီယိုရိုက်ကူးပေးခဲ့တာပါ။ ကလေးဟာ မွေးကင်းစအရွယ်ဖြစ်ပြီး ချက်ကြိုးလည်ပင်းပတ်လျက်နဲ့ တွေ့ခဲ့ရတာဖြစ်ပါတယ်။

CEN

ကလေးကို ကယ်တင်ပေးခဲ့သူကတော့ ဂီသာဆိုသူ အမျိုးသမီးကြီးတစ်ဦးဖြစ်ပါတယ်။ ဂီသာက နို့ပို့သမားဟာ ရေဆင်းပေါက်အနီးအနားမှာ ကြောင်လေးတစ်ကောင်ပိတ်မိနေတယ်ဆိုပြီး သူမကို ပြောပြခဲ့တာကြောင့် လိုက်ရှာရာကနေ ကလေးကိုအခုလို တွေ့ခဲ့ရတာပါ။ ဂီသာဟာ သူမရဲ့နေအိမ်ဖြစ်တဲ့ချန်နိုင်း ဗယ်ဆာဗက်ကမ်းဧရိယာနားမှာ ငိုသံသေးသေးလေးတစ်ခုကို ကြားခဲ့ပါတယ်။ သူမက အသံကြားရာတစ်လျှောက် နားစွင့်ပြီး လိုက်ရှာရာကနေ ရေဆင်းပေါက်နားဆီ ရောက်သွားခဲ့ပါတယ်။

CEN

ရေဆင်းပေါက်ထဲကို ခါးကုန်းပြီး ချောင်းကြည့်လိုက်တဲ့အခါမှာတော့ အော်သံပေးနေတာဟာ ကြောင်လေးတစ်ကောင်မဟုတ်ပဲ ကလေးတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ကလေးကတော့ အသံသေးသေးလေးနဲ့ အော်ငိုနေရှာပါတယ်။ ဗီဒီယိုထဲမှာတော့ ဂီသာကို ရေဆင်းပေါက်ရဲ့ ဟိုးအထဲထိ လက်နှိုက်ပြီး ကလေးကို ခြေထောက်ကနေ ကိုင်ဆွဲထုတ်ဖို့ ကြိုးစားနေတာကို တွေ့ရမှာပါ။

READ
ပညာသင်စရိတ်အတွက် ရင်သားကို အကိုင်ခံပြီး ပိုက်ဆံရှာတဲ့ အမျိုးသမီး
CEN

ကလေးလဲထွက်လာရော ဘေးနားမှာ ရပ်ကြည့်နေကြသူတွေဟာ ထိတ်လန့်တကြားနဲ့ ပွက်လောရိုက်သွားခဲ့ပါတယ်။ ဂီသာဟာ ကလေးကို သန့်ရှင်းပေးပြီးတဲ့နောက်မှာတော့ အနီးနားက အက်ဂ်မော ဆေးရုံဆီသွားပြီး ကလေးကို ဆေးရုံတင်ပေးခဲ့ပါတယ်။ ကလေးကိုတော့ အနွေးခန်းထဲမှာ ထည့်ပေးထားပြီး အသက်ရှူပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသပေးခဲ့ပါတယ်။

CEN

ဂီသာက “ကျွန်မ ကလေးအသက်မှီအောင် တတ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်။ ကလေးကို ရေဆင်းပေါက်ထဲကနေ ဆွဲထုတ်တုန်းက ရပ်ကြည့်နေသူတွေကလည်း အများကြီးပဲ။ ကျွန်မရေဆင်းပေါက်ထဲကို ချောင်းကြည့်လိုက်တော့ အထဲမှာ အချင်းတစ်ပေလောက်ရှိတဲ့ သံပိုက်လုံးတစ်လုံးနဲ့ ကလေးကို တွေ့တာ။ မြင်ရတာ စိတ်မကောင်းဖြစ်စရာပါ။ ကလေးကို စွန့်ခဲ့တဲ့သူက လူတွေမမြင်အောင်လို့ အထဲထိ နက်နိုင်သမျှနက်အောင် တွန်းပို့ခဲ့တာနေမှာ။ လည်ပင်းမှာလည်း ချက်ကြိုးကပတ်နေတော့ တဖြည်းဖြည်းနဲ့ ကလေးက သေတော့မှာ။” လို့ဆိုခဲ့ပါတယ်။

READ
ဖခင်ရဲ့အမှုမဲ့အမှတ်မဲ့နေမှုကြောင့် စက်လှေကားထဲလက်ညှပ်ခဲ့တဲ့ကလေးငယ်
CEN

ဒါပေမယ့်လည်း ကလေးငယ်လေးဟာ ကံကောင်းခဲ့ပါတယ်။ ဂီသာ ရှာဖွေတွေ့ရှိအပြီးမှာ ဆေးရုံတင်လိုက်ရတဲ့ ကလေးငယ်လေးဟာ အခြေအနေတော်တော်လေး ကောင်းမွန်လာနေပါပြီ။ ကလေးကို မွေးစားချင်သူတွေကလည်း ဆေးရုံကိုဆက်သွယ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဂီသာကတော့ သူမကလည်း ကလေးကို မွေးစားခွင့်ရရင် မွေးစားချင်ကြောင်း ပြောပြခဲ့ပါတယ်။ ကလေးကို အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ တွေ့ရှိခဲ့တာကြောင့် သူမက မောင်လွတ်လပ်လို့ အမည်ပေးမှာဖြစ်ကြောင်း ၊ ကလေးကို လွတ်လွတ်လပ်လပ်နဲ့ ကြီးပြင်းလာဖို့ မျှော်လင့်ကြောင်း ဂီသာကပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: Ladbible

SHARE