Post Malone သီချင်းသစ်ကို အရွယ်နဲ့မလိုက်ကပြပြီး နာမည်ကြီးနေတဲ့ အမျိုးသားကြီး

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ နေထိုင်တဲ့ Mike Alancourt ဆိုတဲ့ အမျိုးသားကြီးတစ်ယောက်ဟာ သူရဲ့ ငယ်သွေးကြွပြီး လူငယ်ဆန်ဆန် ပျိုမြစ်တဲ့ ကကွက်တွေကြောင့် တော်တော်လေး နာမည်ကြီးနေပါတယ်။

instagram

ဒီ အသက် (၄၀) ကျော် အမျိုးသားကြီးဟာ Postmalone ရဲ့ သီချင်းသစ်ဖြစ်တဲ့ “Wow” သီချင်းကို တခြား ကဖော် (၂) နှစ်ယောက်နဲ့ အတူ Jacksonville မြို့က 1 Vibe Dance ကလပ်မှာ ကပြရင်း နာမည်ကြီးသွားခဲ့တာဖြစ်ပါတယ်။

instagram

အသက်အရွယ်နဲ့ မလိုက်တဲ့ ခြေထောက်ရွေ့လျားပုံ၊ ခန္ဓာကိုယ် ချိုးယူပုံ အားလုံးက မြင်ရသတွေအဖို့ ဆွံအသွားစေခဲ့ပါတယ်။

မင်းသာ Will Smith တောင် Mike ရဲ့ စကေးတွေကို ကြွေပြီး သူ့ရဲ့ အင်စတာမှ ပြန်ရှဲခဲ့ပါတယ်။ Will Smith ပြန်ရှဲတဲ့အခါမှာလည်း ကြည်ရှုသူက ၆ သန်းကျော်သွားခဲ့ပါတယ်။ “Wow” သီချင်းနဲ့ သူဘယ်လိုတောင် ကပြခဲ့လဲဆိုတာကို ကြည့်ကြည့်လိုက်ပါဦး… လုံးဝ ခေတ်အဖိုးကြီးပါပဲ။

READ
ရေကန်အလယ်မှာ စွန့်စွန့််စားစားရိုက်ထားတဲ့ ဓါတ်ပုံတွေမျှဝေလိုက်တဲ့ နွယ်နွယ်ထွန်း

Source: 1 Vibe Dance, Popsugar

Matthew (ShweMOM)
SHARE