အွန်လိုင်းပေါ်မှာလူကြည့်များနေတဲ့ ရဲအရာရှိနဲ့အိမ်ခြေယာမဲ့တို့ရဲ့ရင်နင့်ဖွယ်ဗီဒီယို

Facebook-State Police Media Centre Kerala

ကျွန်တော်တို့ ပြည်သူတွေဟာ ရဲဝန်ထမ်းဆိုရင် တော်တန်ရုံ မခေါ်မပြောရဲကြပါဘူး။ အမှုအခင်းတွေဖြစ်တဲ့အချိန်မှ ဆက်ဆံကြတာများပါတယ်။ ဘာလို့လဲဆိုတော့ ရဲဝန်ထမ်းတွေဟာ လူဆိုးတွေကို အမြဲထိန်းသိမ်းနေရတာမို့ သူတို့မျက်နှာတွေဟာ များသောအားဖြင့် ခက်ထန်နေတတ်ကြတာကြောင့်ပါ။ တော်ရုံလူတွေအနားကို မကပ်ရဲကြဘူးပေါ့။

ဒါပေမယ့်သင်တို့ မှတ်မိကြသေးလားမသိဘူး။ ရဲအရာရှိတွေကိုယ်ကျိုးစွန့်ကယ်တင်ပေးခဲ့တဲ့ အသက်တွေ၊ ညဖက်အချိန်မတော်အိမ်ပြန်ရမှာမို့လို့ အမျိုးသမီးတွေကို အိမ်အထိရောက်အောက်အောင် စောင့်ရှောက်ပြီး ပို့ပေးခဲ့တဲ့ ရဲတွေအကြောင်း။ အခုလည်း အွန်လိုင်းပေါ်မှာ မှတ်ချက်တွေအများကြီး အပေးခံနေရပြီး လူအများကြားထဲ ကျော်ကြားနေတဲ့ ဗီဒီယိုလေးတစ်ခုခေတ်စားနေပါတယ်။

ဗီဒီယိုလေးကတော့ ရဲအရာရှိတစ်ဦးဟာ သူ့ရဲ့နေ့လည်စာကို အိမ်ခြေမဲ့သူတစ်ဦးနဲ့အတူစားနေတဲ့ သတင်းလေးကို Hindustan Timesသတင်းဌာနက တင်ပြတဲ့ အချက်အလက်တွေအရ ကိုးကားဖော်ပြလိုပါတယ်။

Facebook-State Police Media Centre Kerala

Kerala မြို့နယ်မှာတာဝန်ကျနေတဲ့ ရဲအရာရှိတစ်ဦးဟာ သူနေ့လည်စာသားဖို့ ထွက်လာနေတဲ့အချိန် အဝတ်အစားခပ်စုတ်စုတ်နဲ့သူတစ်ဦးဟာ သူ့ကိုငေးကြည့်နေတာကို သတိထားခဲ့မိပါတယ်။ သူများကို မှတ်ချက်ပေးတာမဟုတ်ပေမယ့် အဲဒီလူရဲ့ပုံစံကို ကြည့်ရတာ အိမ်ခြေရာမဲ့တစ်ဦးနဲ့ တူနေပါတယ်။ ကြည့်နေတဲ့ မျက်လုံးတွေဟာ စကားတစ်ခွန်းမှ သူတို့ကြားထဲ မပြောခဲ့ပေမယ့်လို့ တိုးလျှိုးပြီး အကူအညီတစ်ခုခုတောင်းနေသလို၊ ကြင်နာမှုတွေ ငတ်မွတ်နေတယ်ဆိုတာကတော့ အရာရှိခင်ဗျာ ခံစားခဲ့ရပါတယ်တဲ့။

ဒါကြောင့်အရာရှိဟာ နှစ်ခါပြန်မစဉ်းစားနေတော့ဘဲနဲ့ ခပ်နွမ်းနွမ်းပုံသဏ္ဍာန်ရှိနေတဲ့အမျိုးသားနား ကပ်သွားခဲ့ပါတယ်။ အနားလည်းကျရော “ကျွန်တော်နဲ့နေ့လည်စာ အတူလိုက်စားပေးပါလားဗျာ” ဆိုပြီး ပြူငှာစွာပဲ ဖိတ်ခေါ်ခဲ့ပါတော့တယ်။

READ
စပါးအုံးမြွေကြီးကို မကြောက်မရွံ့စီးပြီး အပျော်ကြီးပျော်နေတဲ့ ကလေးမလေးတွေ
Facebook-State Police Media Centre Kerala

“ကျွန်တော် နေ့လည်ထမင်းဘူးဖွင့်နေတဲ့အချိန်မှာ ကျွန်တော့်ကို အဲဒီလူစိုက်ကြည့်နေတာသတိထားမိတယ်။ ဒါနဲ့ကျွန်တော်လည်း သူ့ကို ကျွန်တော်နဲ့အတူတူနေ့လည်စာစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။အစပိုင်းတော့ အားနာလို့ထင်ပါတယ်။ အစက ကျွန်တော့်ကို ငြင်းသေးတယ်။ နောက်ပိုင်း ကျွန်တော်အတင်းခေါ်တော့စားတာပါ” လို့ ရဲအရာရှိက ပြောခဲ့ပါတယ်။ 

ဗီဒီယိုကိုတော့ State Police Media Centre Kerala ဌာနရဲ့ Facebook Page မှ တင်ထားခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ရဲအရာရှိနဲ့ အမျိုးသားတို့ဟာ ဖက်ရွက်တစ်ခုတည်းမှာ လက်ရည်တစ်ပြင်ဆည်း အားပါးတရစားသောက်ခဲ့ပါတော့တယ်။ 

കേരള പോലീസ് എന്നും ജനങ്ങളോടൊപ്പം

കേരള പോലീസ് എന്നും ജനങ്ങളോടൊപ്പം#ജനങ്ങളോടൊപ്പം#keralapolice#statepolicemediacentre

Posted by State Police Media Centre Kerala on Tuesday, December 17, 2019

Pyi Hein Kyaw

SHARE