မင်းသမီးချော Anushka Sharma နဲ့ သူမရဲ့ ခင်ပွန်း ခရစ်ကက် ကစားသမား Virat Kohli တို့က တော့ ၂၀၂၁ ဇန်န၀ါရီ ၁၁ ရက်နေ့က မှ သမီးလေး မွေးဖွားခဲ့ပါတယ်။သူတို့ဇနီးမောင်နှံ အတွက် ပထမဆုံး ရင်သွေး ပါ။သမီးလေး မွေးတဲ့ အကြောင်းကို ဆိုရှယ်မီဒီယာ က တစ်ဆင့် အသိ ပေး ကြေညာခဲ့ ပေမယ့် သမီးလေးကိုေ တာ့ ထုတ် မပြ ခဲ့ပါဘူး။ဇန်န၀ါရီ ၁၃ ရက်နေ့မှာတော့ သူတို့ သမီးလေးရဲ့ Privacy ကို လေး စား ပေး ကြဖို့ တောင်း ဆို ခဲ့ပါတယ်။ Fan တွေ က ကလေးကို မြင်ချင် ကြည့်ချင် နေကြ ပေမယ့်လည်း မိဘ နှစ် ယောက်လုံးက ကလေး ကို ထုတ် မပြပဲ ပြုစုပျိုးထောင် သွားဖို့ ဆန္ဒရှိ နေကြပါတယ်။နောက်ဆုံး ပါပါရာဇီတွေ ကိုပါ လက်ဆောင် ထုပ်တွေ ပို့ ပြီး ကလေး ကို မဖော် ဖို့ တောင်းဆိုခဲ့ပါတယ်။ဒီအကြောင်းကိုတော့ tribune နဲ့ catchnews တို့ မှာ ဖော်ပြ ထားပါတယ်။
View this post on Instagram
ပါပါရာဇီကိုတော့ တန်ဖိုးကြီး လက်ဆောင် ထုပ် တွေ ပေးပို့ ခဲ့တာပါ။အထဲမှာ တော့ စားစရာ တွေ လည်း ပါပါတယ်။Mumbai မှာ ရှိတဲ့ ပါပါရာဇီ Team တွေ အတွက် ပေးတာဖြစ်ပြီး သူတို့ အနေနဲ့ က တော့ ကလေး ရဲ့ Privacy ကို လေးစားပေးဖို့ ၊ကလေး ပုံကို ဓါတ်ပုံရိုက် ဖော်ပြတာ မျိုး မလုပ် ဖို့ တောင်းဆို ခဲ့တာပါ။ နာမည်ကြီး ပါပါရာဇီ ဓါတ်ပုံဆရာ Viral Bhayani က တော့ သူ ရလိုက်တဲ့ လက်ဆောင် ထုပ်ကို Instagram မှာ တင်လိုက်ပါတယ်။အထဲမှာ ဘာတွေပါလဲ ဆိုတာကိုပါ ထုတ်ပြ ခဲ့ပါတယ်။အထဲမှာတော့ သစ်သီးခြောက်၊ချောကလက်၊အမွှေးဖယောင်း တိုင် တို့ ပါဝင် ပြီး သစ်သား Box ထဲမှာ ထည့်ပေး ထားတာပါ။ Bhayani က တော့ Anushka နဲ့ Virat တို့က သမီးဖြစ်သူ ရင့်ကျက်လာတဲ့ အချိန် တစ်ခုအထိ မီဒီယာ တွေ ပေါ်မှာ ဖော်ပြ တာမျိုး ကို မဖြစ်စေချင်ကြဘူး လို့ ပြောခဲ့ပါတယ်။
View this post on Instagram
“ကျွန်တော်တို့ ကလေးရဲ့ privacy ကို ကာကွယ်ပေးချင်တယ်။အဲ့ဒီ အတွက် ခင်ဗျားတို့ရဲ့ အကူအညီ နဲ့ အားပေးမှု လိုအပ် ပါတယ်။ကျွန် တော်တို့ နဲ့ ပတ်သက်တဲ့ တခြား သတင်း အကြောင်းအရာ တွေ အားလုံးကို ခင်ဗျားတို့ အမြဲ တမ်းရ စေ ရပါမယ်။ဒါပေမယ့် ကလေး နဲ့ ပတ်သက်ပြီး အကြင်နာ ထားပြီး ဘာ သတင်း မှ ဖော်ပြထား မျိုးတွေ မလုပ်ဖို့ မေတ္တာရပ် ခံပါတယ်..” လို့ အင်္ဂလိပ်လိုရော ဟိန္ဒူလိုပါ ရေးထားတဲ့ စာကိုပါ ထည့်ေ ပးခဲ့ ကြပါတယ်။
View this post on Instagram
Virat Kohli နဲ့ ညီအစ်ကိုတော်စပ်သူ Vikas Kohli က သူ့ရဲ့IG မှာကလေး ခြေထောက် ပုံ တင်ပြီး ကလေးလေး မွေးလို့ ဂုဏ်ယူ ကြောင်း Post တင်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာတော့ အဲ့ပုံက ကြုံရာကလေးပုံကို တင်လိုက်တာ ဖြစ်ပြီး တကယ့် ကလေး ပုံ အစစ်မဟုတ်ပါဘူး လို့ ပြန် ရှင်းခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
#SHWEMOM