ဂျပန်က Studio Ghibli ပြတိုက်ကြီးကို အင်တာနက်ရှိရုံနဲ့ အခမဲ့ လေ့လာလို့ရပြီ

Image:youtube/Studio Ghibli museum

ဂျပန်က Studio Ghibli ပြတိုက်ကြီးကို အခုဆိုရင် တော့ အခ မဲ့ ကြည့်ရှု လေ့လာ လို့ ရ နေပါပြီ။ဒီပြတိုက် ကြီး ကတော့ ဂျပန်နိုင်ငံ Mitaka မှာ တည်ရှိတာပါ။COVID-19 ကြောင့် ပြတိုက် ကြီးကို ပိတ် ထားရပါတယ်။ဒါပေမယ့် လေ့လာ ကြည့်ရှုသူတွေ ကို အခမဲ့ Virtual Tour နဲ့ လေ့လာ လို့ ရ နေပါပြီ။ဘယ်လို မျိုးလဲ ဆိုရင်တော့ Ghibli team ကနေ  Youtube Channel အသစ် ဖွင့် လိုက်တာပါ။ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ အ နေနဲ့ အင်တာနက် ရှိရုံနဲ့ အခုဆိုရင် တော့ ပြတိုက်ကြီးကို ကြည့်ရှုလေ့လာလို့ရ သွားပါပြီ။ဒီ အကြောင်းကိုတော့ insider မှာ ဖော်ပြထားပါတယ်။

Youtube မှာတော့ ဗီဒီယိုဖိုင် ငါးခု တင်ထားပါတယ်။မိနစ်  တွေ က အကြာ ကြီး တော့ မဟုတ်ပါဘူး။လှပတဲ့ အရာ လေးတွေကို ရိုက်ပြထားတာပါ။”Space of Wonder” ဆိုတဲ့ အခန်း တို့ အပြင် တခြား ထူးခြားလှပတဲ့ အခန်းတွေ ကို ရိုက်ပြ ထားတာပါ။ ပရိသတ်တွေအနေနဲ့ ပြတိုက် ရဲ့  ထူးခြား တဲ့ အရာတွေ ကို ရော  ထူးခြား လျှို့ဝှက် နေရာ တွေ ကိုပါ တွေ့ မြင် ခွင့်ရမှာပါ။ပြတိုက်ထဲမှာ ဓါတ်ပုံရိုက်တာ တွေကို တားမြစ် ထားတဲ့ အတွက် ပြတိုက်ရဲ့ ၀က်ဘ်ဆိုက်မှာတောင်မှ အရင်က ဘယ်ပုံကိုမှ တင်ခဲ့တာ မဟုတ်ပါဘူး။အခုမှ Virtual Tour နဲ့  ကြည့်ရှုလေ့လာ ခွင့်ရတာပါ။

READ
ဘိုးအင်းလေကြောင်းသမိုင်းမှာ အသက်အငယ်ဆုံး အမျိုးသမီး လေယာဉ်မှူးဖြစ်လာခဲ့သူ

ပြတိုက်ထဲကို ၀င်ပြီး လေ့လာ ချင် တယ်ဆိုရင် တော့ ၀င် ကြည့်ချင်တဲ့ လူတွေ များလွန်းလို့ ကြိုတင် ဘိုကင် လုပ် ထားမှ ၀င် ကြည့်လို့ရတာပါ။ကမ္ဘာ တစ်ဝန်းက Ghibli Fan တွေ အနေနဲ့ က တော့ ပြတိုက်က စီစဉ် ပေးထားတဲ့ virtual tour မှာ တော့ တိုကျို ကို လာဖို့ လေယာဉ်လက်မှတ် ခ ကုန်စရာ မလို တော့ပဲ ပြတိုက်ထဲမှာ ဘယ်လို အရာတွေ ရှိ နေတာလဲ ဆိုတာကို သိခွင့်ရ တဲ့ မဟာ အခွင့်အ ရေးကို ပိုင်ဆိုင် ခွင့် ရတာပါ.။ပထမ ဗီဒီယိုမှာတော့ ပြတိုက်အပြင်ဘက် လှပတဲ့ ပန်း ရောင် အ ဆောက်အအုံနဲ့ အ၀ါရောင် နံရံ တို့ ကို ရိုက်ပြ ထားပါတယ်။ဒုတိယ ဗီဒီယိုမှာတော့ ပြတိုက် ထဲက”Where a Film is Born.” ဆိုတဲ့ အခန်းကို ပြထားပါ တယ်။တတိယ ဗီဒီယိုမှာတော့ ပြတိုက်ထဲကို ည အချိန် လှည့်ပတ် သွားလာတဲ့ အခါ တွေ့ရ မြင်ရတဲ့ မြင်ကွင်းတေ ကို ရိုက်ပြထားပါတယ်။Studio Ghibli ၀က်ဘ်ဆိုက်မှာဆိုရင်လည်း လှပတဲ့ Zoom Background လက်ရာ (၂၀) ကို Download လုပ်ယူနိုင်ပါတယ်။

READ
စင်ကာပူမှာ အနှိပ်နဲ့ လိင်ပိုင်းဆိုင်ရာ ၀န်ဆောင်မှုပေးတဲ့ ဆိုင်ပိုင်ရှင် အရေးယူခံရ

#SHWEMOM

SHARE