တိရိစ္ဆာန်ရုံရဲ့အထူးအစီအစဉ်ကြောင့် လိပ်ပြာလွင့်မတတ်လန့်ဖျန့်သွားခဲ့ရသူလေး

@_ang03/Twitter

အခုတလော စင်္ကပူကတိရိစ္တာန်ရုံမှာ “Rainforest Fights Back” ဆိုတဲ့ ရှိုးတစ်ခုကို ပြုလုပ်နေပါတယ်။ ရှိုးရဲ့အထူးပြကွက်ကတော့ ရှိုးမှာ ပါဝင်ဖို့သဘောတူခဲ့တဲ့ ဧည့်သည်တွေကို သူတို့မသိတဲ့အချိန်မှာ အနောက်ကနေပြီး မြွေအကြီးကြီးတစ်ကောင်ယူလာပြီး ကိုယ်ပေါ်ပစ်တင်လိုက်တာပါပဲ။

မြွေကြီးဆိုတာ တကယ့်ကိုမြွေအကြီးကြီးပါပဲ။ မြွေကြီးအထဲကနေအပြင်ထုတ်လာဖို့အတွက်တောင် လူ၎၊၅ယောက်လောက ဝိုင်းထမ်းလာရတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့။ ဒီရှိုးနဲ့ပတ်သက်ပြီး Twitter မှာ နာမည်ကြီးနေတဲ့ ဗီဒီယိုတစ်ခုရှိပါတယ်။

@_ang03/Twitter

အမျိုးသမီးနှစ်ယောက်ဟာ ရှိုးမှာ ပါဖို့သဘောတူထားတဲ့ဧည့်သည်နှစ်ယောက်ဖြစ်ပြီး ရှိုးကိုတာဝန်ယူထားတဲ့ တိရိစ္ဆာန်ရုံဝန်ထမ်းဟာ ဧည့်သည်အမျိုးသမီးနှစ်ယောက်ကို အရှေ့မှာ အာရုံလွှဲနေတုန်းမှာပဲ အနောက်ဖက်ကနေ မြွေကြီးကို သယ်လာတဲ့ဝန်ထမ်းတွေ ထွက်လာခဲ့ပါတယ်။

အမျိုးသမီးနှစ်ယောက်တည်းက ဦးထုပ်ဆောင်းထားတဲ့အမျိုးသမီးကတော့ အနောက်ကိုလှည့်ကြည့်လိုက်တာနဲ့ မြွေအကြီးကြီးကိုမြင်သွားပြီးတော့ ရုတ်တရက်ထခုန်ကာ ထွက်ပြေးမယ်အလုပ် ချောလဲပြီး ကြမ်းပြင်ပေါ် ကျသွားတာတောင် ကြမ်းပြင်ပေါ်မှာတင်လူးလှိမ့်ပြီး မြွေနဲ့ဝေးရာကို ထွက်ပြေးသွားခဲ့တာပါ။ ကံကောင်းလို့ ခေါင်းမထိတယ်။ သူ့အဖြစ်ကိုကြည့်ပြီး ရယ်ရမှာလား၊ ငိုရမှာလားတောင် မသိတော့ပါဘူး။ ဗီဒီယိုလေးကို ကြည့်လိုက်ကြပါဦးနော်။

READ
ဒီကော်ဖီစေ့ပုံထဲမှာ လူတစ်ယောက်ကို ရှာနိုင်လား....

 

Penny

SHARE