Bournemouth ကမ်းခြေကို လာလည်သူတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်

[email protected] Devils

လက်ရှိမှာဖြစ်ပွားနေတဲ့ COVID 19 ကပ်ရောဂါဟာ လုံးဝပျောက်ကင်းသွားတာ မဟုတ်ပါဘူး နိုင်ငံတော်တော်များများမှာတော့ ရောဂါကူးစက်နှုန်းဟာ အရင်ကထက် ကျဆင်းသွားတာကြောင့် Lockdown စည်းမျဉ်းတွေကို အနည်းနဲ့အများလျော့ပေါ့ပေးနေပြီ ဖြစ်ပါတယ်။ ဒီလိုလျှော့ပေးတယ်ဆိုတာကလည်း လူတွေအိမ်ထဲမှာနေရတာ အရမ်းမွန်းကျပ်လာတာကတစ်ကြောင်း၊ ရောဂါကူးစက်နှုန်းဟာလည်း တော်တော်လျော့ကျသွားတာတွေကြောင့် အစရှိတဲ့ အကြောင်းကြောင်းကြောင့် Lockdown စည်းမျဉ်းတော်တော်များများကို လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။

[email protected] Devils

ဒါပေမယ့် ဒီလိုအခွင့်အရေးရတာနဲ့ တစ်ပြိုင်နက် လူတွေကလည်း လုံးဝစည်းလွတ်ဝါးလွတ်ပါပဲ။ အပြင်တွေ လျှောက်သွားကြ၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ခရီးတွေထွက်ကြနဲ့ တော်တော်ကို ပျော်နေကြတဲ့ပုံပါပဲ။ ပျော်တာကတော့ ပျော်လို့ ရပါတယ်။ ဒါပေမယ့် စည်းကမ်းနဲ့ စနစ်တကျ ပျော်တာကတော့ အကောင်းဆုံးပါပဲ။ အခုလည်း အင်္ဂလန်နိုင်ငံ၊ Bournemouth ကမ်းခြေကို လာရောက်လည်ပတ်သူတွေဟာ တစ်ရက်ထဲမှာ လူအယောက် တစ်သောင်းခန့် အနည်းဆုံးရှိပါတယ်။ စိတ်မကောင်းစရာကတော့ အခုဆိုရင်အရမ်းလှပတဲ့  Bournemouth ကမ်းခြေဟာ အမှိုက်တွေနဲ့ ပြည့်နှက်နေပြီဖြစ်ကြောင်း Ladbible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
Home Screen မှာ စာတမ်းအမှားကြီး တင်မိလို့ အသဲအသန်တောင်းပန်လိုက်ရတဲ့ Google 
[email protected] Devils

ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ နေရာအနှံ့မှာ အမှိုက်တွေနဲ့ ပြည့်နှက်နေပြီး ကမ်းခြေကြီးဟာ ကမ်းခြေနဲ့တောင် မတူပဲ အမှိုက်ပုံကြီးနဲ့ တူနေပါသေးတယ်။ ဒါ့အပြင် Bournemouth ဒေသခံတွေကလည်း ဒီလိုလူတွေကြောင့် သူတို့ကမ်းခြေ အလှတွေ ပျက်ဆီးမှာ ကြောက်နေကြသလို ဒေါသတွေလည်း ထွက်နေကြပါတယ်။

“မနက်ခင်း ကျွန်တော့် ခွေးကလေးနဲ့ ကမ်းခြေမှာ လမ်းလျှေက်မထွက်တာ ကြာပြီမို့လို့ လမ်းလျှောက်ထွက်လာတာ။ အားပါးပါး…. ကမ်းခြေမှာ နေရာအနှံ့ အမှိုက်တွေချည်းပဲ။ ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်ဘူး။ ဒေါသတွေ ထွက်လိုက်တာဗျာ။ လူဖြစ်ပြီး လူလိုသူလို မသိကြဘူး ထင်တယ်။ သူတို့ဖွထားတဲ့ အမှိုက်တွေ ရှင်းရမယ့် သန့်ရှင်းရေးဝန်ထမ်းတွေတော့ တော်တော် သနားဖို့ကောင်းပါတယ်။ အခုတော့ ကျွန်တော်တို့ ဒေသခံတွေစုပြီး တာဝန်ရှိတဲ့သူတွေနဲ့ ကမ်းခြေပိတ်ဖြစ်ဖို့ ပြောနေကြပါပြီ” လို့ Bournemouth ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

READ
မြွေ မြွေချင်း အကောင်လိုက်မြိုခဲ့တဲ့ အညိုရောင် အရှေ့တိုင်းမြွေ

Pyi Hein Kyaw

SHARE