ကိုယ်ခံအားအတွက်အရေးကြီးတဲ့ ဗီတာမင် D ကြွယ်ဝစေမယ့် အစားအသောက်များ

Freepik- yuliyafurman

အခုလိုအချိန်မျိုးမှာ လူတိုင်း ကိုယ်ခံအားကောင်းမှ ဖြစ်မှာပါ။ ခန္ဓာကိုယ်အတွက် ဗီတာမင် D ဓာတ်ဟာ ကိုယ်ခံအားကောင်းစေဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပြီး လုပ်ဆောင်လျက်ရှိနေပါတယ်။ ဒီတော့ ဗီတာမင် D ကိုရအောင် ကျွန်တော်တို့အနေနဲ့ ဘယ်လိုအစားအစာမျိုးတွေ စားပေးသင့်သလဲဆိုတာကို ကြည့်လိုက်ရအောင်ပါနော်။

(၁) ငါးကြီးတစ်ချို့

ဆယ်လ်မွန်၊ ဆာဒင်းနဲ့ ငါးပြေမတွေဟာ ဗီတာမင် D ဓာတ်ပြည့်ဝစွာပါဝင်တတ်ပါတယ်။ ၁၀၀ ဂရမ်လောက် စားပေးရုံနဲ့တင် လူတစ်ယောက်အတွက် လုံလောက်တဲ့ပမာဏကိုရရှိစေနိုင်ပါတယ်။ သံဗူးငါးသေတ္တာတွေမှလည်း ဗီတာမင် D ကို ရရှိနိုင်ပါတယ်။

Freepik- Racool_studio

(၂) Cereal နဲ့ oatmeal

မနက်စာအဖြစ် စားသုံးတတ်ကြတဲ့ cereal နဲ့ oatmeal တွေမှာလည်း ဗီတာမင် D ဓာတ်ကိုအပြည့်အဝရစေမှာဖြစ်ပါတယ်။

(၃) လိမ္မော်ရည်

လိမ္မော်ရည်တစ်ခွက် (၂၃၇ မီလီ) သောက်လိုက်ရုံနဲ့ တစ်နေ့တာလုံးအတွက်လိုအပ်တဲ့ ဗီတာမင် D ကို ရစေမှာပါ။

READ
သြဇာသီးရဲ့ကျန်းမာရေးကောင်းကျိုး(၇)မျိုး
Freepik- jcomp

(၄) နို့များ

နွားနို့နဲ့ ပဲနို့တို့ဟာ သဘာဝကပေးထားတဲ့ အာဟာရဖြည့်စွက်စာတွေပဲဖြစ်ပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ပြည့်ဝစွာပါဝင်တဲ့အပြင်ကိုမှ phosphorous, riboflavin နဲ့ ဗီတာမင် D ဓာတ်ကိုလည်း ပြည့်ဝစွာတွေ့ရမှာပါ။

(၅) မှိုအမျိုးမျိုး

လေ့လာချက်တွေအရ မှိုတွေဟာလည်း လူတွေလိုပဲ နေရောင်နဲ့ထိတွေ့လိုက်တဲ့အခါ ဗီတာမင် D ဓာတ်ရရှိစေပါတယ်။ ဒါကြောင့် မှိုအမျိုးမျိုးကို စားသုံးပေးခြင်းအားဖြင့် ဗီတာမင် D2 နဲ့ D3 တို့ကို ပြည့်ဝစွာရစေနိုင်ပါတယ်။

Freepik- Song Kang

(၆) ဥအနှစ်

ပရိုတင်းဓာတ်ကတော့ ကြက်ဥအကာမှာပဲတွေ့ရပြီး ကျန်တဲ့ ပြည့်ဝအဆီနဲ့ ဗီတာမင်သတ္တုဓာတ်တွေကတော့ ကြကဥအကာမှာပဲ တွေ့ရပါတယ်။ အထူးသဖြင့် ဗီတာမင် D ဓာတ်ကို ရယူချင်တယ်ဆိုရင် ကြက်ဥအနှစ်ကို တစ်နေ့ တစ်ခု စားသုံးပေးနိုင်ပါတယ်။

(၇) ငါးကြီးဆီ

Cod Liver Oil လို့ခေါ်တဲ့ ဖြည့်စွက်စာဟာ Omega-3 ငါးကြီးဆီမျိုးပဲဖြစ်ပါတယ်။ ငါးကြီးဆီကို သောက်သုံးပေးခြင်းဟာလည်း လိုအပ်တဲ့ ဗီတာမင် D-3 ဓာတ်ကိုရရှိစေမှာပါ။ ဒီအပြင် ငါးကြီးဆီကနေပြီး ဗီတာမင် A ကိုလည်း ရရှိစေမှာဖြစ်ပါတယ်။

READ
ထိထိ ရောက်ရောက် ၀ိတ်ကျချင်ရင် အုတ်ဂျုံကို ဒီလို စားသုံးပေးပါ

penny

SHARE