အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်များ

အမျိုးသမီးတွေအနေနဲ့ဘယ်အသက်အရွယ်မှာမဆိုကိုယ်အလေးချိန်ထိန်းသိမ်းမှုနဲ့လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်စုံလုံလောက်အောင်စားသုံးပေးဖို့အရေးကြီးပါတယ်။ဒါကြောင့်ဒီတခါအမျိုးသမီးတွေအတွက်အဓိကလိုအပ်တဲ့အာဟာရဓာတ်တွေထဲက ဗီတာမင်ဓာတ်တွေအကြောင်းကို Shwemomကနေ ကျန်းမာရေးဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

1)Vitamin B2

Vitamin B2က သာမန်ဖြစ်စဉ်အနေနဲ့ ကြီးထွားဖွံ့ဖြိုးမှုအပိုင်းတွေမှာတောင် ကောင်းမွန်စေပါတယ်။အမျိုးသမီးတွေအတွက် ဆိုရင်လည်း စိုးရိမ်ပူပန်တာ၊ မောပန်းနွမ်းနယ်တာ၊ စိတ်ဖိစီးမှုဖြစ်တာတွေကိုလျော့ကျစေပါတယ်။vitamin B2မလုံလောက် ရင်ရောဂါခုခံအားစနစ်ကိုကျဆင်းစေသလိုမျက်လုံး၊လျှာတို့ဖြူဖက်ဖြူရော်ဖြစ်ခြင်း၊လည်ချောင်းနာခြင်း၊ပါးစပ်ပြည်တည်နာဖြစ်ခြင်း၊နှုတ်ခမ်းကွဲခြင်း၊ဆံကေသာများခြောက်သွေ့ခြင်း၊အရေပြားယားယံခြင်းအပြင်အရေးအကြောင်းတွေပါဖြစ်စေပါတယ်။ဒါကြောင့် အသား၊ဒိန်ခဲ၊ နွားနို့၊ ဒိန်ချဉ်၊ဟင်းသီးဟင်းရွက်နဲ့ဥအမျိုးမျိုးအပြင်အခွံမာသီးတွေမှိုနဲ့အသီးအရွက်တွေစားပေးဖို့လိုပါ တယ်။

2)Vitamin B6

Vitamin B6ကလည်း ခနာကိုယ်ရဲ့ရောဂါခုခံအားကိုကောင်းမွန်စေဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေထဲကတစ်ခုပါ ပဲ။ဒီဓာတ်က ခနာကိုယ်ကနေ ဟော်မုန်းထုတ်လွှတ်မှုနဲ့ ဦးနှောက်ကနေ ဓာတ်ပစ္စည်းတွေထုတ်လုပ်မှုကိုကူညီပေးပါတယ်။ အဲဒီလိုထုတ်လုပ်လိုက်တဲ့ ဟော်မုန်းတွေနဲ့ဓာတ်ပစ္စည်းတွေကစိတ်ဖိစီးမှုကို လျှော့ကျစေသလိုမှတ်ဥာဏ်ဆုံးရှုံးတာ၊ နှလုံးရောဂါဖြစ်ခြင်းကိုလည်းကာကွယ်ပေးတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ Vitamin B6ဓာတ်မလုံလောက် ရင် သွေးအားနည်းရောဂါခံစားရနိုင်ပါတယ်။ဒါကြောင့် Vitamin B6ဓာတ်ကြွယ်ဝတဲ့ ထောပတ်သီး၊ ငှက်ပျောသီး၊ ငါး၊အစေ့အဆန်တွေနဲ့ အခွံမာသီး၊ အသားနဲ့ ပဲတွေက အမျိုးသမီးတွေစားသုံးသင့်တဲ့အစားအစာတွေဖြစ်ပါတယ်။

3)Vitamin B7

READ
အနံ့အရသာလေးနဲ့ပြည့်စုံပြီး စားလို့အရမ်းကောင်းတဲ့ အသားသီးစုံထမင်းကြော်နည်း

Vitamin B7ဓာတ်က ချွေးနဲ့အဆီဂလင်းတွေကိုထိန်းသိမ်းပေးတဲ့အတွက်အသားအရေနဲ့ဆံကေသာကောင်းမွန်စေပါ တယ်။ဒ့ါအပြင် ခြေသည်းလက်သည်းလေးတွေကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။Vitamin B7ဓာတ်ချို့ တဲ့ရင်တော့ သွေးအားနည်းခြင်း၊ ပုံမှန်မဟုတ်တဲ့နှလုံးဆိုင်ရာဝေဒနာများခံစားရခြင်း၊စိတ်ကျရောဂါဖြစ်ခြင်းနဲ့ ဆံပင်နဲ့ခြေ သည်းလက်သည်းတွေမှာ ပျက်စီးခြင်းတို့ခံစားရနိုင်ပါတယ်။ကန်စွန်းဥ၊ မုန်လာဥနီ၊ ငှက်ပျောသီး၊သခွားမွှေးသီးနဲ့ အ၀ါရောင် ရှိသစ်သီးများ၊ အစိမ်းရင့်ရောင် အရွက်များ၊ ဆန်လုံးညို၊ ဥနဲ့ဥအနှစ်၊အုတ်ဂျုံ၊နို့၊ဒိန်ချဉ်၊ ဒိန်ခဲ၊အခွံမာသီးတို့ စားသုံးပေးခြင်း အားဖြင့် Vitamin B7ဓာတ်ကို လုံလောက်စွာရရှိနိုင်ပါတယ်။

4)Vitamin D

Vitamin Dဓာတ်ကလည်းအမျိုးသမီးတွေအတွက်အထူးလိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။အသက်အရွယ်ရလာတာ နဲ့အမျှအရိုးအဆစ်တွေရဲ့ဆိုးကျိုးဝေဒနာတွေကို အမျိုးသားတွေထက် အမျိုးသမီးတွေကပိုပြီးခံစားရပါတယ်။ဒါကြောင့် Vitamin Dဓာတ်လုံလောက်ဖို့အမျိုးသမီးများအနေနဲ့မပေါ့ဆသင့်ပါဘူး။တစ်နေ့ကို နေခြည်နွေးနွေးကို နေဆာလှုံပေး မယ်ဆိုရင်လည်း Vitamin Dဓာတ်ရရှိနိုင်သလို အသည်း၊ဥအမျိုးမျိုး၊နို့ တို့ကိုလည်းစားသုံးပေးနိုင်ပါတယ်။

5)Vitamin C

Vitamin C ကတော့ ရောဂါခုခံအားစနစ်ရဲ့လုပ်ငန်းတွေကိုမြင့်မားစေပါတယ်။အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်လည်းဖြစ်ပါတယ်။ကင်ဆာနဲ့ နှလုံးရောဂါဖြစ်ခြင်းတစ်ရှူးများပျက်စီးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။သွေးနီဥဆဲလ်တွေကိုလည်း ကောင်းမွန်စွာအလုပ်လုပ်စေတဲ့အာဟာရဓာတ်လည်းဖြစ်ပါတယ်။Vitamin Cဓာတ်ကြွယ်ဝတဲ့အစား အစာတွေကတော့ ကီဝီသီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး၊စတော်ဘယ်ရီသီး၊ငရုတ်ကောင်း၊ပန်းမုန်လာ၊ အာလူး၊ခရမ်းချဉ် သီးတို့ဖြစ်ပါတယ်။

READ
ထိုင်းစတိုင်လ် အမဲသားပင်စိမ်း ငပိထမင်းကြော်ချဉ်ငံစပ် ချက်နည်း

ChoChoThan(Shwemom)

ref:webmd.com

SHARE