အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲအဖြစ် ထူးချွန်ဆု ရရှိထားခဲ့တဲ့ “ပန်းနှစ်ပွင့်စီးချင်း” 

Fcaebook- Aung Pyi Entertainment

ကျွန်တော့် ကိုယ်ပိုင်အတွေးအမြင်အရ နိုင်ငံခြားရုပ်ရှင်တွေမှာဆိုရင် တရားသူကြီးကားတို့၊ အမှုလိုက်တဲ့ကားတို့လိုမျိုး ဇာတ်လမ်းတွေကို တော်တော်လေး သဘောကျလို့ တမင်ရှာကြည့်လေ့ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုး တရားဥပဒေရေးရာတွေကို နက်နက်နဲနဲ အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းဆိုတာ မရှိသလောက်ပဲါ။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်လောက်မှာတော့ ဒီလိုရုပ်ရှင်မျိုး မြန်မာပြည်မှာ ရိုက်တော့မယ်ဆိုပြီးတော့ သတင်းတွေထွက်လာခဲ့ပါတယ်။ နောက်ပြီး အမျိုးသမီးသရုပ်ဆောင်တွေ ဦးဆောင်မယ့် ဇာတ်ကားမျိုးဆိုတော့ ပိုပြီးတောင် စိတ်ဝင်စားသွားခဲ့ပါတယ်။ ဒီကားကိုတော့ Aung Pyi Entertainment ထုတ်လုပ်ရေးကနေထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒါရိုက်တာမင်းခိုက်စိုးစန်ရဲ့ လက်ရာလေးပါ။ မင်းသမီးနှစ်လက်ကတော့ ဒိတ်ဒိတ်ကြဲအောင်မြင်လျက်ရှိနေတဲ့ ပိုင်ဖြိုးသုနဲ့ မင်းသမီးချောလေး မေဘရဏီသော်တို့ပဲဖြစ်ပါတယ်။

Facebook- Aung Pyi Entertainment

ဇာတ်လမ်းနာမည်ကတော့ “ပန်းနှစ်ပွင့်စီးချင်း” ပါ။ သာမန်ရုပ်ရှင်တွေလိုမျိုးမဟုတ်ဘဲ “ပန်းနှစ်ပွင့်စီးချင်း” ကို ကိုယ်ပိုင်ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ MRTV မှာ ပြသခဲ့တာပဲဖြစ်ပါတယ်။

ပိုင်ဖြိုးသုနဲ့ မေဘရဏီသော်တို့နှစ်ယောက်ဟာ ဒီဇာတ်လမ်းတွဲထဲ ငယ်ရွယ်ထက်မြက်ပြီး ကျွမ်းကျင်လှတဲ့ အစိုးရရှေ့နေတွေအဖြစ် ပါဝင်ထားပါတယ်။ “ပန်းနှစ်ပွင့်စီးချင်း” ဆိုတဲ့အတိုင်း သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ခဲ့ကြတဲ့ အမှုတွေအကြောင်းကို ဦးတည်ကာ ရှေ့နေမလေးနှစ်ယောက်ရဲ့ ပညာအားပြိုင်မှုတွေ၊ မြန်မာနိုင်ငံရဲ့ တရားဥပဒေရေးရာတွေ၊ လူတွေရဲ့ မစ္ဆရစိတ်တွေ၊ လောကကြီးအကြောင်းတွေကို ဇာတ်လမ်းတွဲထဲမှာ ဘွင်းဘွင်းရှင်းရှင်းနဲ့ကို မြင်တွေ့ရမှာပါ။

READ
ကောင်လေးတွေသာမက မိန်းကလေးပရိသတ်တွေပါဝိုင်းဝိုင်းလည်နေတဲ့ သင်ဇာဝင့်ကျော်
Facebook- Aung Pyi Entertainment
Facebook- Aung Pyi Entertainment

ကျွန်တော်သဘောအကျဆုံးကတော့ ဥပဒေကို လက်တစ်လုံးခြားလုပ်တဲ့လူတွေနဲ့ မကောင်းမှုတွေကိုအမှန်တရားပေါ်ဖောက်ဖို့ ကြိုးပမ်းကြတဲ့ ရှေ့နေတွေရဲ့လုပ်ကွက်တွေကို ကြည့်ရတာပါပဲ။ ဇာတ်လမ်းတွဲဖြစ်သည့်အလျောက် အပိုင်းတစ်ပိုင်းချင်းဆီရဲ့ ဇာတ်ရှိန်တွေဟာ တက်သထက်တက်လာမှာဖြစ်ပါတယ်။ အရင် ရုပ်သံမှာ အချိန်နဲ့ထုတ်လွှင့်ခဲ့တဲ့ “ပန်းနှစ်ပွင့်စီးချင်း” ကို စောင့်စရာမလိုဘဲနဲ့ တစ်ခါတည်းစိတ်ကြိုက်ကြည့်နိုင်မယ့် နေရာတစ်နေရာရှိနေပါတယ်။ 

အဲဒါကတော့ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ်ကြေးမလိုပဲ ကြည့်ရှုနိုင်မှာပါ။ အာရှတစ်ခွင်က မျိုးစုံသောရုပ်ရှင်နဲ့ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုနိုင်ပါပြီ။ ဒါကြောင့် အခုပဲ Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

READ
အပျိုဖြန်းလေးတစ်ယောက်လို လှနေပြန်တဲ့ မင်းသမီး ခိုင်သင်းကြည်


penny

SHARE