ပိတ်ရက်မှာ တစ်ကိုယ်တည်း ပျော်စရာတွေဖန်တီးဖို့ ကူညီပေးမယ့် “ဝိုင်းကြီးချုပ်စပွန်ဆာ”

Facebook- ဝိုင်းကြီးချုပ်စပွန်ဆာ

စပွန်ဆာဆိုတဲ့စကားကို ဒီဖက်ခေတ်မှာ ဘယ်လိုပုံစံမျိုး သုံးကြတယ်ဆိုတာ အားလုံးလည်းသိမှာပါ။ အသက်ကြီးတဲ့ ဦးဦးတွေ၊ မမတွေဆီကနေပြီး မုန့်ဖိုးတွေ အများကြီးရနေတဲ့လူတွေကိုတော့ စပွန်ဆာရှယ်တယ်ပေါ့လေ။

ဒါကိုဇာတ်အိမ်တည်ထားပြီးတော့ နီးစပ်ရာအသိုင်းဝိုင်းချင်း ပတ်လည်တွေရိုက်၊ စွန်ဆာတွေရှာနေရင်းနဲ့ အလွဲလေးတွေဖြစ်လာခဲ့တဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ “ဝိုင်းကြီးချုပ်စပွန်ဆာ” ပါတဲ့။ စပွန်ဆာတောင် ဝိုင်းကြီးချုပ်နော်။

Facebook- ဝိုင်းကြီးချုပ်စပွန်ဆာ

သရုပ်ဆောင်တွေကတော့ ရုံတင်ဇာတ်ကားတွေထုံးစံအတိုင်း ခန့်စည်သူ၊ ဇေရဲထက်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့အပြင် ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ စတဲ့ သရုပ်ဆောင်ပေါင်းများစွာက ပါဝင်ထားပါတယ်။

Facebook- ဝိုင်းကြီးချုပ်စပွန်ဆာ
Facebook- ဝိုင်းကြီးချုပ်စပွန်ဆာ

အွန်လိုင်းပေါ်ကနေတစ်ဆင့် စပွန်ဆာရှာစားနေတဲ့ ကောင်လေးတစ်ယောက်နဲ့ ကိုယ့်ရဲ့သမီးလေး ချစ်သူဖြစ်နေပြီဆိုတာ သိသွားတဲ့အခါ ဘယ်လိုမှ တားမရတဲ့အဆုံး ရပ်ကွက်ထဲက လူမိုက်ကြီးကိုငှားပြီးတော့ သိန်း ၁၀၀ နဲ့ လူသတ်ခိုင်းပါတော့တယ်။ လူမိုက်ကြီးဆိုသူကလည်း ငှက်ပျောသီးတစ်လုံးတည်းနဲ့ လူသတ်ဖို့ ကြိုးစားတဲ့အခါ ဘယ်လိုဇာတ်လမ်းတွေဖြစ်လာဦးမလဲဆိုတာ ဒီကားထဲမှာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ခရစ်စမတ်ပိတ်ရက်ကလည်း ရှိနေတော့ အိမ်ပြင်မထွက်ဘဲနဲ့ စိတ်အပမ်းဖြေစေဖို့ ဘယ်သူမှမရှီလည်း တစ်ယောက်တည်း “ဝိုင်းကြီးချုပ်စပွန်ဆာ” ကိုကြည့်ရှုရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေလို့။

Facebook- ဝိုင်းကြီးချုပ်စပွန်ဆာ
Facebook- ဝိုင်းကြီးချုပ်စပွန်ဆာ

ရုံတင်ကားတွေကို တစ်ဖန်ပြန်လည်ခံစားနိုင်စေဖို့အတွက် အခုပဲ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုလိုက်ပါ။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ်ကြေးမလိုပဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အာရှတစ်ခွင်က မျိုးစုံသောရုပ်ရှင်နဲ့ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုနိုင်ပါပြီ။ ဒါကြောင့် အခုပဲ Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

penny

READ
ပရိသတ်တွေမမှတ်မိလောက်အောင် အထာကျကျမိုက်နေတဲ့ နန်းစန္ဒာလှထွန်း

 

SHARE