အရွယ်တင်ပျိုမြစ်မှုတွေနဲ့ ပရိတ်သတ်တွေကိုဖမ်းစားနေခဲ့တဲ့ ၅၁ နှစ်အရွယ်အဆိုတော်

周慧敏 Vivian Chow/Facebook

Vivian Chow ဟာ ဟောင်ကောင်က လူကြိုက်များကျော်ကြားဆဲဖြစ်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့တုန်းက ဟောင်ကောင်က Guangzhou မှာ သူမရဲ့ ဂီတသက်တမ်း နှစ် ၃၀ ပြည့်အထိမ်းအမှတ် ရှိုးလေးတစ်ပွဲကို ကျင်းပခဲ့တယ်လို့ Asia One မှာ ဖော်ပြထားခဲ့ပါတယ်။

အသားအရည်ဖြူဖြူဥဥ၊ နုနုဖတ်ဖတ်လေးနဲ့ ချစ်စရာကောင်းပြီး ကျက်သရေရှိတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားတဲ့ Vivian Chow ကို ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် အသက် ၂၅ နှစ် ပတ်ဝန်းကျင်တန်း အမျိုးသမီးငယ်လေးလို့ ထင်မှတ်ရလောက်ပါတယ်။ ဒါပေမဲ့လို့ သူမရဲ့ တကယ့်အသက်ကတော့ ၅၁ နှစ်ရှိနေပါပြီ။ ၁၉၆၇ ခုနှစ်ဖွား၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့လို့ အခုဆိုရင် ၅၁ နှစ်ကျော်လို့ ၅၂ နှစ်ထဲတောင် ရောက်တော့မှာပါ။

READ
G Shock ဆိုင်ဖွင့်ပွဲမှာ လိုက်ဖက်ညီညီ အတူယှဉ်တွဲတွေ့ရတဲ့ စိုင်းစိုင်းနဲ့ ပိုးမမှီသာ

 

သူမအနေနဲ့ အဆိုတော်လောကကနေ ခေတ္တအနားယူနေခဲ့တာ  လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းကဖြစ်ပြီး Guangzhou မှာ ကျင်းပခဲ့တဲ့ပွဲကတော့ မီဒီယာတွေနဲ့ ပရိတ်သတ်တွေကြားထဲ တစ်ကျော့ပြန်လည်ထွက်ပြလာခဲ့တဲ့ ပွဲတစ်ပွဲလို့လည်း ဆိုနိုင်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် လူရှေ့ထွက်မပြခဲ့တဲ့ Vivian Chow ဟာ အရင်တုန်းကထက်တောင် ပိုနုနယ်ပြီးလှပနေခဲ့တာကို လူတိုင်းက အံ့သြနပမ်းဖြစ်နေခဲ့ရတာပါ။ ပေါ့ပ်အဆိုတော်ဟာ သူမရဲ့နောက်ထပ်ရှိုးတစ်ပွဲကိုတော့ လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့၊ Nanning မှာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

READ
"ကာဗာ"အက်ရှင်ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ရန်အောင်

Vivian Chow ရဲ့ လက်ရှိပုံရိပ်လေးတွေကို ရှုစားလိုက်ပါဦး။

很多朋友想了解一下這個30週年演唱會的內容,就讓我在自己的平台一次過告訴大家。這次無論製作、場景、造型、音效、舞蹈、內容訊息,都是我一個夢想演唱會的模式,多得製作團隊花盡心思為我打造一個最適合我的舞台,讓我可盡情為我的支持者演出,表達3…

Posted by 周慧敏 Vivian Chow on Monday, May 6, 2019

先發一組廣州站大會攝影的獨照。雖然說了多㳄,還是要多謝我的團隊由去年香港站開始一路下來的照顧。帶著他們的愛巡演是幸福的。也衷心感謝每位到埸支持的觀眾。6年沒見廣州的朋友了,開心知道有不少新朋友支持我,開心可以和一眾老朋友繼續經歷巡演的旅…

Posted by 周慧敏 Vivian Chow on Sunday, June 30, 2019

Penny

SHARE