Figerprint sensor အပြည့်နဲ့ port အပေါက်တွေ လုံးဝမပါတဲ့ Vivo ရဲ့ Apex 2019

ဟောင်ကောင်က ဖုန်းပြပွဲတစ်ခုမှာတော့ Vivo က ၎င်းကုမ္ပဏီကနေ အသစ်ထွက်ရှိလာတော့မယ့် Apex 2019 concept ဖုန်းနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

5G ကွန်ရက်၊ fingerprint sensor အပြည့်နဲ့ အသုံးပြုနိုင်အောင် ထုတ်ထားတဲ့ ဖုန်းဖြစ်ပြီး ဖုန်းကိုယ်ထည်တစ်ခုလုံးကို ဖန်သားနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ နားကျပ်ပေါက်၊ အားသွင်းပေါက်တွေလည်း လုံးဝမထည့်သွင်းထားပါဘူး။ အသံအတိုးအကျယ်နဲ့ sleep button တွေအတွက် အထူး sensor တွေကို ထည့်သွင်းထားပြီး အားသွင်းဖို့နဲ့ data အကူးအပြောင်းလုပ်ဖို့ magnetic connector ပါရှိပါတယ်။

The Verge

စပီကာအစား ဖုန်းမျက်နှာပြင်ကိုယ်တိုင်က အလုပ်လုပ်ပေးပါတယ်။ Fingerprint sensor ကလည်း မျက်နှာပြင်တစ်နေရာတည်းမှာ မဟုတ်ဘဲ မျက်နှာပြင်ရဲ့ ဘယ်နေရာကမဆို နှိပ်နိုင်တဲ့ sensor အပြည့် ဖြစ်ပါတယ်။ The Verge နည်းပညာ ပေ့ခ်ျရဲ့ review အရတော့ စမ်းသပ်အသုံးပြုမှုမှာ အထက်ပါအချက်တွေ အကုန်အဆင်ပြေတယ်လို့လည်း သိရပါတယ်။

READ
ကမ္ဘာရဲ့ ဘယ်နေရာပဲရောက်ရောက် ရင်ခုန်သံချင်း ချိတ်ဆက်ပေးမယ့် လက်စွပ်
The Verge

Apex 2019 ကို ဈေးကွက်ထဲတော့ မဖြန့်ချိသေးဘူးလို့ သိရပါတယ်။ ဘယ်အချိန် အသုံးပြုသူတွေ လက်ထဲ ရောက်လာမလဲဆိုတာနဲ့ ကျန်တဲ့အသေးစိတ်တွေကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာလည်း ဖြစ်ပါတယ်။

The Verge

Ref: The Verge

SHARE