ဆန်ရှင်သက်တမ်းတိုးခဲ့တာကြောင့် ကန်သံရုံးအရာရှိ(၇၅၅)ဦးကို တိုင်းပြည်မှနှင်ထုတ်တဲ့ရုရှ

ရုရှသမ္မတပူတင်ဟာ အမေရိကန်ရဲ့ ဆန်ရှင်ပိတ်ဆို့မှု သက်တမ်းတိုးမြှင့်လိုက်ခြင်းအပေါ် အလွန်ဒေါသထွက်နေပြီး၊ လက်စားချေသည့်အနေဖြင့် အမေရိကန် သံရုံးဝန်ထမ်း 755 ဦးကို နိုင်ငံတွင်းမှ ထွက်ခွာကြဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ပူတင်ဟာ အမေရိကန်အပေါ်မှာ သည်းခံမှု အတိုင်းအတာ ကျော်လွန်သွားပြီဖြစ်ကြောင်း၊ အတည်ပြုခဲ့ပါတယ်။

သူဟာ အမေရိကန်ရဲ့ အပြောင်းအလဲတစ်ချို့ကြောင့် ဆန်ရှင်ကိစ္စနဲ့ပတ်သက်ပြီး အခြေအနေ တိုးတက်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်၊ အမေရိကန်က ပိတ်ဆို့မှုကို သက်တမ်းတိုးလိုက်တဲ့အပြင် အသစ်တစ်ခုပါ ထပ်တိုးလိုက်တဲ့အတွက် ပူတင်က ဒေါသပေါက်ကွဲခဲ့တာပါ။

အမေရိကန်သံအရာရှိတွေကို နှင်ထုတ်တဲ့ အမိန့်ကို ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ သံရုံးဝန်ထမ်းလျှော့ချခြင်းလို့ အကြောင်းပြချက် ပေးထားပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ကန်သံရုံးအရာရှိ 455 ဦးဟာ ရုရှနိုင်ငံအတွင်းကနေ စက်တင်ဘာလ 1 ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာရမည်လို့ ဆိုထားပါတယ်။

ယခု ရုရှရဲ့တုန့်ပြန်မှုဟာ ကမ္ဘာ့အရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး၊ သံအရာရှိတွေကို မနှင်ထုတ်ခင်၊ နာရီပိုင်းအလိုက ရုရှသမ္မတ ပူတင်ဟာ ကာကွယ်ရေးဝန်ကြီး  Sergei Shoigu နဲ့ တွေ့ဆုံဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ရုရှအပေါ်ပိတ်ဆို့မှု မဲမခွဲခင်မှာပင် ရုရှရဲ့ မဟာမိတ်၊ မြောက်ကိုရီးယားက ဒုံးကျည်ခြိမ်းခြောက်မှု သိသိသာသာ ပြုလုပ်လာခဲ့ခြင်းကလည်း အလွန်တိုက်ဆိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။

READ
ဒီဇင်ဘာ(၂၅)အထိ အသက်ရှင်ဖို့မသေချာလို့ ခရစ္စမတ်ကို ကြိုပြီးဆင်နွှဲမယ့် ကလေးငယ်

ပြီးခဲ့တဲ့ ရက်ပိုင်းက မြောက်ကိုရီယား ကုလလုံခြုံရေးကောင်စီက သတ်မှတ်ထားတဲ့ လုံခြုံးရေချိုးဖောက်မှုဆိုင်ရာ တားမြစ်ချက်တွေကို မျက်ကွယ်ပြုပြီး၊ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။ ယင်းဒုံးကျည်ဟာ ဂျပန်ရေပိုင်နက်အနီးကို ကျရောက်ခဲ့လို့ ဂျပန်စစ်ဘက်ကလည်း အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သလို၊ ကုလသမဂ္ဂကလည်း အရေးပေါ် အစည်းအဝေး ခေါ်ယူတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

သမ္မတပူတင်ရဲ့ အမေရိကန်အပေါ် အရေးယူမှုဟာ အခြားစစ်ဘက်ဆိုင်ရာ အကြောင်းတရားတွေနဲ့လည်း ဆက်စပ်နေပြီး၊ ရုရှထိပ်သီးသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Rossiya 1 ကလည်း သမ္မတဟာ အမေရိကန်အပေါ် သည်းခံမှု ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ အတည်ပြုထုတ်ပြန်ခဲ့လို့၊ ကမ္ဘာ့အရေးကျွမ်းကျင်သူတွေကြား၊ ရင်လေးစရာ ကိစ္စရပ်တစ်ခု ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

READ
ပါကစ္စတန်ကို လေကြောင်းကမရလို့ရေကြောင်းကနေ ရန်စဟန်တူနေတဲ့ အိန္ဒိယ

source : thesun.co.uk

SHARE