ဝန်ထမ်းတွေကို သောကြာနေ့တိုင်း နေ့တစ်ဝက်သာ ရုံးတက်ခိုင်းတော့မယ့် Vodafone

Vodafone Idea

နယူးဇီလန်ရဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Vodafone ဟာ ၄င်းရဲ့ ၀န်ထမ်းဦးရေ (၂) ထောင်ခန့်ကို နွေရာသီအတွင်း သောကြာနေ့တိုင်း ရုံးနေ့တစ်ဝက်သာ တက်ခိုင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ladbible သတင်းအရ သိရပါတယ်။ ဒီအခွင့်အရေးကို ၀န်ထမ်းအားလုံးဟာ ညီတူညီမျှ ရရှိကြမှာပါ။ သောကြာနေ့ နေ့လည် (၂) နာရီထိုးတာနဲ့ ၀န်ထမ်းတွေဟာ အိမ်ပြန်ပြီး အနားယူနိုင်ကြပြီ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အခုအပတ်ထဲမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး ဖေဖော်ဝါရီ လကုန်အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ရုံးတွင်းကြေညာစာထဲမှာတော့ “၀န်ထမ်းတွေအနေနဲ့ အချိန်တွေ ပိုထွက်လာလိမ့်မယ်လို့ ကုမ္ပဏီက မျှော်လင့်ပါတယ်။ စနေ၊တနင်္ဂနွေမှာ ခရီးသွားချင်တယ်ဆိုလည်း သောကြာလိုနေ့မျိုးမှာ ပိုပြင်ဆင်နိုင်အောင်ပါ။ ကလေးတွေကို ကျောင်းကနေ သွားကြိုပြီး ပင်လယ်ကမ်းခြေဘက်ဆီကို ခရီးထွက်တာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ စုပြီး အကင်တွေဘာတွေ လုပ်စားတာပဲဖြစ်ဖြစ်ပျော်လို့ ရပါပြီ…” လို့ ဆိုထားတာ ဖြစ်ပါတယ်။

သောကြာနေ့မှာ နေ့တစ်ဝက်ပိတ်ပေးတဲ့အတွက် ကြားရက်တွေမှာတော့ အလုပ်တွေကို ကြိုးကြိုးစားစားလုပ်ကြဖို့လည်း ကုမ္ပဏီက တိုက်တွန်းထားပါသေးတယ်။ တကယ်လို့များ အလုပ်အနေအထားအရ သောကြာနေ့ နေ့လည်ခင်းပိုင်းတာဝန်ကျတဲ့ ၀န်ထမ်းတွေဆိုရင်တော့ အစားထိုးအဖြစ် ခွင့်တစ်ရက် ပေးသွားမယ်လို့လည်း သိရပါတယ်။

READ
ကလေးအဖွဲ့တစ်ဖွဲ့ရဲ့ ၀ိုင်းဝန်းရိုက်နှက်တာကို ခံခဲ့ရတဲ့ 4 နှစ်အရွယ် ကလေးငယ်

လင်းလင်း (ShweMom)

SHARE