အရင်တုန်းက ကလေးကို မိခင်နို့တိုက်တဲ့အခါ အားလုံးက မျက်မှောင်ကြုံ့ရဖူးတဲ့ အချိန်တွေရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ လူမြင်ကွင်းမှာ ကလေးနို့ဆာလို့ နို့တိုက်တာကို မျက်မှောင်ကြုံ့ရမယ့်အစား အားပေးထောက်ခံမှုတွေပါ ရှိလာနေတာကို storypick သတင်းအရ သိရပါတယ်။ အခုအခါမှာလည်း မီဇိုရမ်က ဘော်လီဘောကစားသူအမျိုးသမီးတစ်ယောက်ရဲ့ ပုံတွေဟာ အွန်လိုင်းပေါ်တက်လာနေတာ ဖြစ်ပါတယ်။
ဒီဓာတ်ပုံတွေကို ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးဖြစ်တဲ့ နင်လွန်းဟန်ဟာဆိုသူက တင်ထားတာ ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတော့ ဘော်လီဘောကစားသူအမျိုးသမီးဟာ ၄င်းရဲ့ (၇) လသားအရွယ် ကလေးလေးကို ပြိုင်ပွဲကစားစဉ်တစ်ဝက် နားချိန်ပေးချိန်မှာ နို့ချိုတိုက်ကျွေးနေခဲ့တာ ဖြစ်ပါတယ်။
Mizoram State Games ‘19 chu tan a na tlang a ni e….Ms Lalventluangi Tuikum Bial Volleyball Player pawhin chawlh lawk remchanga lain a naute thla 7 leka upa chu a hnute a hnek tir e!!
Ms Veni a ngaihsanawm em vangin Rs 10,000/- in puih kan tum e.
MSG tiropuitu a ni ngei e! pic.twitter.com/QHJ4tEmtQt— Robert Romawia Royte (@robertroyte) December 9, 2019
၎င်းအမျိုးသမီးဟာ တူအီကမ်ဘော်လီဘောအသင်းမှ ဖြစ်ကာ သူမရဲ့ ဓာတ်ပုံတွေကိုတော့ (၂၀၁၉) ခုနှစ် မီဇိုရိမ်ပြည်နယ် ဘောလုံးကစားပွဲမှာ ရိုက်ကူးခဲ့တာပါ။ သူမဟာ သူမရဲ့အလုပ်နဲ့အတူ မိခင်ဝတ္တရားကိုပါ ကျေပြွန်အောင် ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။ လူတော်တော်များများက သူမရဲ့ ရဲတင်းပြီး ထူးခြားတဲ့  သူမရဲ့ အပြုအမူကို ချီးမွမ်းခဲ့ကြတာ ဖြစ်ပါတယ်။ မီဇိုရမ်က အားကစားဝန်ကြီးတစ်ဦးဖြစ်သူ ရောဘတ်ရိုမာဝီယာရွိုက်ကလည်း ၄င်းအားကစားအမျိုးသမီးရဲ့ ဓာတ်ပုံကို ပြန်လည် မျှဝေခဲ့ပြီး အသိအမှတ်ပြုတဲ့အနေနဲ့ ရူပီး(၁,၀၀၀) ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
လင်းလင်း (ShweMom)