ဖုန်းပျောက်ရှာရာမှ ရုပ်ရှင်ရုံထဲကထိုင်ခုံအောက် လည်တိုင်ညှပ်ပြီး ဆုံးပါးသွားခဲ့တဲ့အမျိုးသား

အသက်(၂၄) နှစ်အရွယ် ကလေးတစ်ယောက်ဖခင် အမျိုးသားတစ်ဦးဟာ ဇနီးသည်နဲ့အတူ ရုပ်ရှင်သွားကြည့်ရင်း ထိုင်ခုံအောက်လည်ပင်းညှပ်ကာ မမျှော်လင့်ပဲ သေဆုံးခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူအမျိုးသားဟာ အာတိခ်ရာဖစ်ခ်ဆိုသူဖြစ်ပါတယ်။ ရာဖစ်ခ်ဟာ သူ့ရဲ့ စမတ်ဖုန်းနဲ့ သော့တွေအောက်ကျသွားလို့ ထိုင်ခုံပေါ်ကနေဆင်းပြီး ခုံအောက်ထဲ ဒူးထောက်ရှာရမှ အခုလို စိတ်မကောင်းဖွယ်အဖြစ်နဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

Vue

ရုပ်ရှင်ရုံထဲမှာ ရာဖစ်ခ်ထိုင်ခဲ့တဲ့ ထိုင်ခုံကတော့ ပုံမှာတွေ့ရတဲ့ထိုင်ခုံအလားတူ ခြေထောက်ဆန့်လို့ရတဲ့ အီလက်ထရောနစ် ခြေဆန့်ထိုင်ခုံဖြစ်ပါတယ်။ ရာဖစ်ခ်ဟာ ဇနီးသည် အေရှာနဲ့အတူ ရုပ်ရှင်ကြည့်နေရင်း သူ့ရဲ့ ဖုန်းနဲ့ သော့တွေ ပျောက်နေတာကို သတိပြုမိခဲ့ပါတယ်။ ဒါကြောင့် ဇနီးသည်ရဲ့ ဖုန်းကို လက်နှိပ်ဓာတ်မီးအဖြစ်သုံးဖို့ ခဏငှားပြီး ခုံအောက်ထဲ ခေါင်းလျှိုဝင်ခဲ့တာပါ။ ရာဖစ်ခ်ခေါင်းလျှိုဝင်တဲ့အခိုက်မှာတော့ ခုံရဲ့ ခြေတင်တဲ့နေရာဟာ ဆန့်တန်းလျက် အနေအထားနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီခြေတင်တဲ့နေရာက အောက်ကို ကျလာပြီး ရာဖစ်ခ်ရဲ့ လည်တိုင်အပေါ် ဖိမိရက်သားဖြစ်နေခဲ့တာပါ။ ကံဆိုးချင်တော့ ဇနီးဖြစ်သူကလည်း ခုံရဲ့ ၄င်းခြေတင်တဲ့နေရာကို အပေါ်ကနေ ဆွဲမထားတာ မလို့ မရခဲ့ပဲ ခြေနင်းဟာ အရှိန်နဲ့ အောက်ကို ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

READ
တည်ဆောက်ချိန် (၄၅)မိနစ်သာ ကြာမြင့်မည့် နှစ်ယောက်အိပ် သစ်သားအိမ်ငယ်
google

ဒါ့အပြင် ခုံမှာ ရှိတဲ့ အော်တိုမစ်တစ် ခြေနင်းအတင်အချလုပ်ပေးတဲ့ ခလုတ်ကလည်း ပျက်နေတာကြောင့် ခြေနင်းဟာ ဘယ်လိုမှ အပေါ်ကို မတင်လို့မရပဲ ရာဖစ်ခ်ရဲ့ လည်တိုင်ကို အားနဲ့ဖိထားခဲ့တာ ဖြစ်ပါတယ်။ ယောကျာ်းဖြစ်သူက အသက်ရှူကြပ်လာပြီး အခြေအနေမဟန်မှန်းသိတော့ အေရှာဟာ ရုပ်ရှင်ရုံက ၀န်ထမ်းတွေကို ပြေးခေါ်ပြီး အကူအညီတောင်းခဲ့ပါတယ်။ ရုံဝန်ထမ်းတွေလာတဲ့အခါမှာတော့ ရာဖစ်ခ်ဟာ တစ်ကိုယ်လုံး ပြာနှမ်းနေခဲ့ပြီဖြစ်ပါတယ်။

ထို့နောက်မှာတော့ ရာဖစ်ခ်ဟာ အသက်ရှူကြပ်တဲ့ ဝေဒနာနဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ၄င်းရုပ်ရှင်ရုံက ထိုင်ခုံကို စစ်ဆေးခဲ့တဲ့ စက်ပညာရှင် ချားလ်စ်စတီဖန်ဆိုသူကတော့ ခုံရဲ့ ခြေနင်းနေရာအတင်အချရဲ့ အားဟာ (၂-၇.၅) ကီလိုနယူတန်ထိ ရှိကြောင်းဆိုခဲ့ပြီး ၄င်းဟာ တစ်တန်ရဲ့ လေးပုံသုံးပုံ အလေးချိန်အားလောက် ရှိတယ်လို့ သိရပါတယ်။ ဖြစ်ချင်တော့ ဒီခြေနင်းကို တင်ချတဲ့ခလုတ်က ပျက်နေခဲ့ပါတယ်။ ဒီအတွက်ကြောင့် ရာဖစ်ခ်ဟာ အရှိန်နဲ့ကျလာတဲ့ ခြေနင်းနေရာရဲ့ ဖိအားကို မခံနိုင်ပဲ အသက်ရှူကြပ်ပြီး သေဆုံးရတာလို့ ချားလ်စ်က မှတ်ချက်ပေးခဲ့ပါသေးတယ်။

READ
ပေါင်ခြံဘေးမှာထိုးခဲ့မိတဲ့ တက်တူးကြောင့် နောင်တအကြီးအကျယ်ရနေတဲ့အမျိုးသမီး

လင်းလင်း (ShweMom)

Ref: dailymail

SHARE