ဆန်ဖရန်ဆစ္စကိုလေဆိပ်ထဲက ခရီးသည်တွေကိုနှစ်သိမ့်ပေးဖို့တာဝန်ယူထားတဲ့ ၀န်ထမ်းလေးများ

sfowagbrigade

စိတ်မပျော်ဘူး၊ လေယာဉ်စီးရမှာ လန့်နေတယ်၊ လေယာဉ်ပေါ်မှာ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး တွေးကြောက်နေမိတယ်။ လေယာဉ်စီးခရီးသည်တွေရဲ့ မကောင်းတဲ့ခံစားချက်တွေကို ပြေပျောက်စေဖို့အတွက် ဆန်ဖရန်ဆစ္စကိုလေဆိပ်မှာတော့ အထူးတပ်ဖွဲ့လေးတစ်ခု ထားရှိပါတယ်။ (၂၀၁၃) ခုနှစ်တည်းက ဖွဲ့စည်းခဲ့တဲ့ ဒီတပ်ဖွဲ့လေးက Wag Brigade လို့အမည်ရပါတယ်။

တပ်ဖွဲ့ထဲမှာဆိုရင် အမွေးဖွားဖွားနဲ့ ချစ်စရာကောင်းတဲ့ ခွေး (၂၂) ကောင်နဲ့ ၀က် (၁) ကောင်ရှိပါတယ်။ သူတို့တွေက တကယ်တော့ လေဆိပ်မှာ အရမ်းအရေးပါတဲ့တာဝန်ကို ထမ်းဆောင်နေကြတာပါ။ ခရီးသည်တွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ ကြောက်ရွံ့စိတ်တွေကို ပြေလျော့အောင် လုပ်ပေးဖို့ သူတို့က အမြဲအသင့်ရှိနေပါတယ်။

sfowagbrigade

ဆန်ဖရန်ဆစ္စကို လေဆိပ်ဟာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုမှကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး အခုလို ၀န်ဆောင်မှုမျိုးကို စီစဉ်ထားတာပါ။ လေဆိပ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တိရစ္ဆာန်လေးတွေဟာဆိုရင် Animal Assisted Therapy Program မှာ လက်မှတ်ရထားတဲ့ ပရိုဖက်ရှင်နယ်လေးတွေပါ။ ခရီးသည်တွေချစ်အောင် ဘယ်လိုနေရမယ်၊ သူတို့ကိုမြင်တာနဲ့ ခရီးသည်တွေက စိတ်ညစ်တာတွေပျောက်ပြီး ပွေ့ဖက်ချင်လာအောင် ဘယ်လိုပြုမူရမယ်ဆိုတာ သိထားကြတဲ့ ၀န်ထမ်းလေးတွေပါ။ ပြီးတော့ ဒီ Wag Brigade ရဲ့ အထူးတပ်ဖွဲ့ဝင်လေးတွေမှာဆိုရင် ကိုယ်ပိုင်အင်စတာဂရမ်အကောင့်တွေတောင် ရှိပါတယ်။

READ
ဘုရင့်မွေးနေ့အတွက် ပြည်သူဆီက ထူးခြားတဲ့လက်ဆောင်တောင်းခဲ့တဲ့ ဘူတန်ဝန်ကြီးချုပ်

ဒါက ခွေး (၂၂) ကောင်၊ ၀က် (၁) ကောင်နဲ့ ဖွဲ့စည်းထားတဲ့ Wag Brigade ဖြစ်ပါတယ်။

sfowagbrigade

ဒါကတော့ အဖွဲ့ထဲက တစ်ကောင်ထဲသောဝက် လီလူးဖြစ်ပါတယ်။

sfowagbrigade

တိရစ္ဆာန်လေးတွေအကုန်လုံးက အသိအမှတ်ပြုလက်မှတ်ရထားပြီးတဲ့ therapy pets လေးတွေပါ။

sfowagbrigade

ခွေးတစ်ကောင်စီတိုင်းမှာ ခရီးသည်တွေကို စိတ်ကျေနပ်သွားအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကိုယ်ပိုင်နည်းရှိပါတယ်။

sfowagbrigade

လီလူးကတော့ အဖွဲ့ထဲမှာ ပေါ်ပြူလာအဖြစ်ဆုံးပါ။

sfowagbrigade

Wag Brigade နဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ဂျနီဖာကာဇားရီးယန်းကတော့ “Wag Brigade က အဖွဲ့ဝင်လေးတွေ လေဆိပ်ထဲ လမ်းလျှောက်လာတဲ့အခါ လူတွေက ဖုန်းတွေဘာတွေ ကြည့်နေရာကနေ ရပ်သွားတယ်။ ခရီးသည်အချင်းချင်း စကားစပြောကြတယ်။ ပြီးတော့ Wag Brigade က အဖွဲ့ဝင်လေးတွေဆီ လာပြီးပွတ်သပ်တာ စကားပြောတာတွေလည်း လုပ်ကြတယ်။ ဒီအဖွဲ့ဝင်လေးတွေက ခရီးသည်တွေကို ပြုံးရွှင်ရယ်မောရအောင် လုပ်နိုင်ပါတယ်…” လို့ ရှင်းပြသွားခဲ့တာကိုလည်း boredpanda အရ သိရပါတယ်။

READ
မိသားစု(၂၀) က ငြင်းပယ်ခဲ့တဲ့ ဒေါင်းဝေဒနာရှင်လေးကို မွေးစားခဲ့တဲ့ အမျိုးသား

လင်းလင်း (ShweMom)

SHARE