အချိန်ယူကုသရမယ့် အနေအထားရှိနေတဲ့ ဝေဠုကျော်ရဲ့ ကျန်းမာရေးအခြေအနေ

wai lu kyaw facebook

သရုပ်ဆောင်မင်းသားတစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အများအကျိုးသယ်ပိုးနေတဲ့သူတစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်ကတော့ ပရိသတ်တွေကြားမှာ ပရဟိတမင်းသားတစ်ယောက်အဖြစ် နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ လတ်တလော ကျန်းမာရေးမကောင်းတာကြောင့် ပရိသတ်တွေကတော့ စိတ်ပူနေကြတာဖြစ်ပါတယ်။

wai lu kyaw facebook

ဒီကနေ့မှာတော့ ဝေဠုကျော်က သူ့ရဲ့ ဖေစ်ဘုတ်ကနေတစ်ဆင့် ပရိသတ်တွေကို ကျန်းမာရေးအခြေအနေကို အသိပေးလိုက်တာဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ အစာအိမ်ရောင်နေတာကြောင့် အချိန်ယူကုသရမယ့်အကြောင်းကို “အစာအိမ် မှန်ပြောင်း ကြည့်ပြီးပါပြီ ခင်ဗျာ ခွဲစိတ်ရန် မလိုသေးပါ၊ အဖု အကြိတ် အလုံး အသားပို အနာ ဒါဏ်ရာ မရှိ၊ ကင်ဆာ ဖြစ်နိုင်ခြေ မတွေ့ရ၊ အစာအိမ်တော့ နီပြီး ရောင်နေတဲ့အတွက် အချိန်ယူ ကုရမယ်၊ ရိုးရိုးရောင်တာလား ဗိုင်းရပ်ကြောင့်လားဆိုတာ အသားစ ယူပြီး စစ်နေပါတယ် …..” လို့ဖေစ်ဘုတ်မှာ ရေးသားထားပါတယ်။

wai lu kyaw facebook

ဝေဠုကျော် ကတော့ ပရဟိတနဲ့ ပတ်သတ်လာရင် အမြဲစိတ်နှစ်လုပ်တတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေလည်း အများအကျိုးသယ်ပိုးတဲ့ ဝေဠုကျော်တစ်ယောက် အမြန်ဆုံး သက်သာဖို့အတွက် ဆုတောင်းပေးလိုက်ပါဦးနော်။

READ
အတူတူ ပျော်ပျော်ရွှင်ရွှင် ရှောပင်းထွက်နေကြတဲ့ ခီမောင်နှံ
wai lu kyaw facebook

Source: Wai Lu Kyaw

SHARE