ပရဟိတဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ချီးမြှင့်ခြင်းခံလိုက်ရတဲ့ ဝေဠုကျော် နဲ့ ခိုင်နှင်းဝေ

မင်းသားတစ်ယောက်အဖြစ် အနုပညာလောကမှာ အောင်မြင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း ပရဟိတမင်းသားကြီးအဖြစ်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ဆက်လက်ပြီး ရရှိနေဆဲသူ တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာလည်း နာဂဒေသကို ခရီးစဉ်သွားရင်းနဲ့ ပရဟိတ ပေါင်းစုံ ကွန်ရက်ကြီး၏ နှစ်ပတ်လည် ညီလာခံသို့ တက်ရောက်ခဲ့ပါတယ်။

ဝေဠုကျော်ကတော့ အဲဒီညီလာခံမှာ  ဂုဏ်ထူးဆောင် ဥက္ကဌ အဖြစ်ခန့်အပ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဝေဠုကျော်နဲ့အတူ ခိုင်နှင်းဝေကလည်း ဒုဥက္ကဌအဖြစ် ခန့်အပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဝေဠုကျော်ကတော့ သူရဲ့ ဖေစ်ဘုတ်စာမျက်နာမှာ “နာဂဒေသသို့ ခရီးစဉ်သွားရင်း မနေ့က မြင်းမူမြို့နယ်လုးံဆိုင်ရာ ပရဟိတ ပေါင်းစုံ ကွန်ရက်ကြီး၏ နှစ်ပတ်လည် ညီလာခံသို့ တက်ရောက်ပြီး ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ခန့်အပ်ခြင်းကို ဂုဏ်ထူးဆောင် ဒုဥက္ကဌ (၁) အဖြစ် ဦးမောင်မောင်သန့်ဂုဏ်ထူးဆောင် ဒုဥက္ကဌ(၂)အဖြစ် မခိုင်နှင်းဝေ တို့နှင့်အတူ လက်ခံရယူခဲ့ပါသည်။” လို့ရေးထားပြီး ဓါတ်ပုံတွေကိုလည်း တင်ပေးထားပါတယ်။

လိုအပ်နေသူအတွက် ကူညီပေးဖို့ အမြဲအဆင့်သင့်ဖြစ်နေတဲ့ ပရဟိတ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်နဲ့ ခိုင်နှင်းဝေတို့ကတော့ ဂုဏ်ထူးဆောင် ဥက္ကဌတွေအဖြစ် ထိုက်ထိုက်တန်တန်ချီးမြင့်ခံခဲ့ရလို့ ပရိသတ်တွေကတော့ အရမ်းကို ပီတိဖြစ်ဝမ်းမြောက်နေကြပါတယ်။

READ
ခွေးလေးတွေက သခင်တွေ ဓာတ်ပုံရိုက်တဲ့အခါ လိုက်နှောက်ယှက်နေတဲ့ ဓာတ်ပုံများ

source: wai lu kyaw

SHARE