ရေဘေးကူညီရေးခရီးစဉ်က ဝေဠုကျော်တို့အဖွဲ့ရဲ့ အမှတ်တရထမင်းဝိုင်း

wai lu kyaw foundation facebook

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်ကတော့ လက်ရှိမှာ ရုပ်ရှင်ရိုက်ကူးရေးတွေ ပြုလုပ်ခြင်းမရှိတော့ပေမဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေနဲ့ အဆင်အသွယ်ရှိနေဆဲ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ပရိသတ်တွေကြားမှာ ပရဟိတမင်းသားတစ်ယောက်လို့ နာမည်တွင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

wai lu kyaw foundation facebook
wai lu kyaw foundation facebook
wai lu kyaw foundation facebook

ဝေဠုကျော်ကတော့ လတ်တလောမှာ ရေဘေးဒုက္ခကို ကြုံတွေ့နေရတဲ့ မွန်ပြည်နယ်  ရေးမြို့က ကျောင်းရွာ၊မာန်အောင်ရွာ၊ဟဂံရွာ တို့ကိုလည်း သူရဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းအဖွဲ့နဲ့အတူ ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့တာဖြစ်ပါတယ်။

wai lu kyaw foundation facebook
wai lu kyaw foundation facebook

ဝေဠုကျော်ကတော့ ဒီကနေ့မှာ ရေဘေးကူညီရေးခရီးစဉ်က ဝိုင်းဖွဲ့စားခဲ့ကြတဲ့ အမှတ်တရ ထမင်းဝိုင်ဆိုပြီးတော့ ဓါတ်ပုံတွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။ လိုအပ်သူတွေကို အကူအညီပေးဖို့အတွက် အမြဲတက်ကြွနေတဲ့ ဝေဠုကျော်နဲ့ သူ့ရဲ့ အဖွဲ့သားတွေကတော့ တကယ့်ကို လေးစားစရာပါပဲ ။ ဝေဠုကျော်ဖောင်ဒေးရှင်းကနေတစ်ဆင့် ရေးဘေးဒုက္ခရောက်နေသူတွေကို ကူညီနိုင်ဖို့အတွက် ဆက်သွယ်လိုရတဲ့ ဖုန်းနံပါတ်တွေကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်။

READ
ဝိတ်ကျဖို့ ကြိုးစားခဲ့ရပုံတွေကို ဝေမျှပေးလိုက်တဲ့ အားတီ
wai lu kyaw foundation facebook

Source: Wai Lu Kyaw Foundation

SHARE