ငွေကြေးလိုအပ်နေတဲ့ စားပွဲထိုးတွေကို ကူညီပေးနေတဲ့ အေမရိကန်နိုင်ငံက ပရိဟိတအဖွဲ့

Facebook/HeatherLorraine

ကပ်ရောဂါဖြစ်တဲ့ Covid 19 ကြောင့် ကမ္ဘာတစ်ဝှမ်းကနိုင်ငံတွေမှာ စီးပွားရေးကပ်ဆိုက်မှုများစွာ ဖြစ်ခဲ့ကြပါတယ်။ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ များပြားလှစွာသော စီးပွားရေး လုပ်ငန်းတွေထဲမှာ စားသောက်ဆိုင်တွေလဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေ ပိတ်လိုက်ရလို့ ထိခိုက်ခဲ့ရတဲ့ ဝန်ထမ်းတွေလဲ မရေမတွက်နိုင်အောင်ပါ။

Facebook/HeatherLorraine

Katie Taylor ကတော့ အမေရိကန်နိုင်ငံ Indiana မြို့က စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ စာပွဲထိုးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမ အလုပ်ပြန်ဝင်ပြီး ချိန်မှာတော့ စားသုံးသူတစ်ယောက်က (၃၅)ဒေါ်လာသာ ကျသင့်တဲ့ Bill ကို ရှင်းခဲ့ပါတယ်။ ဒါပေမယ့် Katie ရခဲ့တဲ့ Tip ကတော့ ဒေါ်လာ(၃၃၀)အထိ ဖြစ်နေခဲ့ပါတယ်။ အမေရိကန်ရဲ့ Tip ပေးတဲ့ စနစ်က စားသုံးငွေရဲ့ ၁၅% နဲ့ ၂၀% ကြားမှာသာ ပေးလေ့ရှိတာဖြစ်ပြီး Katie ရခဲ့တဲ့ Tip ကတော့ မထင်မှတ်ထားလောက်တဲ့ ပမာဏအထိ ပိုခဲ့တာပါ။

Facebook/HeatherLorraine

Katie ကို Tip ပေးခဲ့တဲ့ Heather Hotrum ကိုယ်တိုင်ကလည်း ဘ၀တူ  စားပွဲထိုးတစ်ယောက်ပါ။ Heather ဟာ Social Media Trend တစ်ခုဖြစ်တဲ့ လူတွေအကုန် ပိုက်ဆံစုပြီး ငွေကြေးလိုအပ်နေတဲ့ စားပွဲထိုးတွေကို Tips များများပေးတဲ့ Trend မှာပါဝင်လှုပ်ရှားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ Katie ကို Tip ပေးဖို့အတွက် Katie ရဲ့ သူငယ်ချင်းတွေက ထောက်ခံခဲ့တာဖြစ်ပြီး သူမကို ပေးဖို့အတွက် ဒေါ်လာ(၃၃၀)အထိ အလှူငွေ ရရှိခဲ့တလည်း ဖြစ်ပါတယ်။

Here is the video we have all been waiting for: we did ask Katie if video recording was okay with her, too! ☺️Just an update, I tried so so so dang hard not to cry!!! I couldn’t hold it back!! PSA: grab a tissue!! Just wait until you hear what she needed to buy!! #venmochallenge #blessedKatie #tipyourserver $35.00 bill, she was tipped $330.00!!! Thank you to those who donated (You Know Who You Are) to this special cause! Servers work their tails off for dollars. She was an amazing server! Thank you Larry Freislinger for recommending the place!! I’m definitely over-joyed to of helped Katie and those who helped, too!!! 🥰🥰🥰🥰🥰

Posted by Heather Lorraine on Tuesday, July 21, 2020

Katie က ဖိနပ်ဝယ်ဖို့ အရမ်းလိုအပ်နေချိန်မှာ အခုလိုမျိုး Tip ကို ရလိုက်တာမို့ အရမ်းကိုပျော်ရွင်ကြောင်းလဲ ပြောကြားခဲ့ပါတယ်။  Heather ကလည်း လိုအပ်နေသူကို ကူညီလိုက်ရတာမို့ အရမ်းကိုပျော်ရွင်ကြောင်းနဲ့ ပိုက်ဆံထည့်ပေးတဲ့သူတွေကိုလဲ ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။ အခုလိုမျိုး မွန်မြတ်လဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီးလည်း ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက Heather နဲ့ သူမရဲ့ အဖွဲ့ကို ချီးကျူးစကားတွေ ပြောကြားခဲ့ပါတယ်။ 

TPS

SHARE