သူဌေးဖြစ်သူက အရှင်လတ်လတ်မြေမြှုပ်တာခံခဲ့ရတဲ့ အမျိုးသား

Northumberland ကမ်းရိုးတန်းချုံပုတ်အောက်မှာရှိတဲ့ တွင်းတစ်တွင်းထဲမှာ အ၀တ်ဗလာနဲ့ သတိလစ်မေ့မြောနေတဲ့သူတစ်ဦးကို ခရီးသွားတစ်ယောက်ကတွေ့ရှိခဲ့ပါတယ်။ မေ့မြောနေသူကိုတွေ့တွေ့ချင်းမှာ ဆေးရုံပို့ပေးခဲ့ပေမယ့်နှစ်ပတ်အကြာမှာတော့ ဆေးရုံမှာပဲသေဆုံးသွားကြောင်းသိရှိရပါတယ်။

NORTH NEWS AND PICTURES

သေဆုံးသွားသူအမည်ကတော့ Darren Bonner ဖြစ်ပါတယ်။ သေဆုံးသူ Bonner ရဲ့လည်ပင်းမှာတော့ အနီရောင်အမှတ်အသားရှိနေပြီး တုတ်ချောင်းပုံစံလက်နက်နဲ့ နောက်ကျောကို(၁၂)ချက်အရိုက်ခံရကြောင်း တွေ့ရှိရပါတယ်။

Bonner သေဆုံးမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကလိုက်လံစစ်ဆေးကြည့်တဲ့အခါ Bonner ရဲ့သူဌေးဖြစ်သူ Richard Spottiswood နဲ့ သူဌေးရဲ့အဖော် Lucy Burn ကို လူသေမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ထားကြောင်းသိရှိရပါတယ်။

NORTH NEWS AND PICTURES

Spottiswood နဲ့ Burn ကို အပျော်ခရီးထွက်တဲ့အချိန်မှာ Bonner ကိုလုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ရဲတွေကယူဆထားပါတယ်။ Bonner ဟာ Spottiswood ရဲ့ကားဘော်ဒီရုံမှာအလုပ်လုပ်ပြီး Spottiswood ပိုင်တဲ့ ဆေးခြောက်စိုက်ခင်းတွေကိုလည်း ကူညီလုပ်ကိုင်ပေးနေသူတစ်ယောက်ဖြစ်ပါတယ်။

READ
ဆံပင်ဆိုးဆေးကြောင့် ဆံပင်တွေပျက်စီးပြီး ဦးရေပြားလည်းထိခိုက်ခဲ့ရတဲ့ အမျိုးသမီး
NCJMEDIA

Spottiswood ကတော့ Bonner နဲ့သူဟာ ဆေးခြောက်စိုက်ခင်းတွေကိုအတူတကွလုပ်ကိုင်နေကြပြီး လက်နက်အရောင်းအ၀ယ်လည်း စပ်တူလုပ်ကြကြောင်းဆိုပါတယ်။ တစ်နေ့မှာတော့ သူ့အဖော် Burn နဲ့ Bonner အပါအ၀င် သုံးယောက်သားခရီးထွက်ခဲ့ကြရာမှာ Bonner က လက်နက်ခဲယမ်းအပြည့်ပါတဲ့ အိတ်ကိုယူဆောင်လာကြောင်း Spottiswood ကပြောပါတယ်။

လက်နက်တွေကို မြှုပ်ဖို့အတွက် တူးထားတဲ့ကျင်းဆီသွားခိုက် Spottiswood နဲ့ Bonner ဟာစကားများကြကြောင်း ၊ Bonner ကသူ့ကိုသစ္စာဖောက်ပြီး ပြိုင်ဘက်မူးယစ်ဆေးမှောင်ခိုကူးသူကိုအကူအညီပေးခဲ့ကြောင်းနဲ့ Bonner ဟာသူ့ကိုရန်ပြုလာတဲ့အတွက် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း Spottiswood ကဆိုပါတယ်။

NCJMEDIA

ထို့နောက်မှာတော့ Spottiswood ဟာအထိတ်တလန့်နဲ့ Bonnerရဲ့အ၀တ်တွေကို ဖယ်ရှားခဲ့တယ်လို့သိရပြီး တွင်းထဲကျခဲ့တဲ့ Bonner ကိုသေပြီထင်မှတ်ခဲ့ကြောင်းဆိုခဲ့ပါတယ်။ အမှုနဲ့ပတ်သက်လို့ Spottiswood ရဲ့အဖော်ဖြစ်သူ Burn ဟာပထမပိုင်းရဲတွေစစ်မေးစဉ်မှာ ဖုံးကွယ်ထိမ်ချန်ထားတာတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမကသူမတို့အတူခရီးထွက်လာတဲ့အကြောင်းနဲ့ ဆေးသုံးစွဲထားတဲ့အကြောင်းတွေကိုပြောပြခဲ့ပါတယ်။ လတ်တလောမှာတော့ Spottiswood နဲ့Burn ဟာလူသတ်မှုမကျူးလွန်ခဲ့ကြောင်း ငြင်းဆန်နေဆဲဖြစ်ပြီး ရဲအဖွဲ့ကတော့ဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။

READ
ပျားတွေဝိုင်းအုံနေတာတောင် စာသင်လုံးဝမပျက်ခဲ့တဲ့ ပရော်ဖက်ဆာတစ်ဦး

လင်းလင်း(ShweMom)

SHARE