Little Mermaid ကို Live-action ပြန်ရိုက်ကူးမယ့် ရုပ်ရှင်ထဲက မင်းသမီးအကြောင်း

@chloexhalle/ Instagram, Twitter

ငယ်ငယ်တုန်းက ရေသူမလေးအယ်ရီရယ်ရဲ့ဇာတ်လမ်းလေးကို အိပ်ယာဝင်ပုံပြင်အနေနဲ့ရော ကလေးဘဝတုန်းက တိတ်ခွေကြီးတွေ ထိုးကြည့်ပြီးတော့ရော စိတ်ကူးယဉ်ခဲ့ရတာကို မှတ်မိကြဦးမှာပါ။ အမြီးစိမ်းစိမ်းလေးနဲ့ လိုက်ဖက်လွန်းလှတဲ့ ဖြူဖြူစုတ်စုတ်အသားလေးရယ်၊ ကူးခတ်သွာားလာလိုက်တိုင်း ရေထဲမှာ လွင့်ခနဲဖြစ်သွားတဲ့ ဆံနွယ်နီနီလေးတွေနဲ ပင်လယ်ကြီးလိုပဲ ပြာလဲ့နေတဲ့ မျက်လုံးလေးနဲ့ ရေသူမလေးရဲ့ပုံစံဟာ အယ်ရီရယ်ဆိုတဲ့ အချစ်ကိုရူးသွပ်ပြီး သွက်သွက်လက်လက် မီးကောင်ပေါက်မလေးအဖြစ် သိပ်ကိုလိုက်ဖက်လွန်းလှပါတယ်။

ကာတွန်းတွေနဲ့ animation တွေကို live-action အဖြစ် ပြန်လည်အသက်သွင်းကာ ရိုက်ကူးနေကျဖြစ်ပေမယ့် ဒီလိုမျိုး live-action ရိုက်ကူးတော့မယ်ဆိုတာ ကြားလိုက်တဲ့အခါတိုင်း ဘယ်သူကဘယ်ဇာတ်ကောင်မှာသရုပ်ဆောင်မှာလဲ၊ လိုက်ရောလိုက်ပါ့မလား၊ ဇာတ်လမ်းများ ပြောင်းသွားမလား၊ မူရင်းကာတွန်းတွေကိုပဲ ဖျက်ဆီးသွားမလားဆိုပြီး အမြဲတမ်းလိုလို ရင်တထိတ်ထိတ်နဲ့ ဖြစ်နေခဲ့ရတာပါ။

ဒီတစ်ခေါက်မှာတော့ Variety မှ ဖော်ပြချက်အရ ရေသူမဆိုတာဘာလဲလို့ စသိခဲ့တဲ့ Disney ရဲ့ အယ်ရီရယ်ဇာတ်ကောင်လေးကို live-action အနေနဲ့ ပြန်လည်ရိုက်ကူးတော့မယ်ဆိုတာ သိခဲ့ရပါတယ်။ နောက်ပြီး အယ်ရီရယ်လေးနေရာမှာ သရုပ်ဆောင်မယ်သူကတော့ Halle Bailey ဆိုတဲ့ တစ်ယောက်ပါ။ Halle Bailey ကို အများမြင်သာအောင် ပြောရမယ်ဆိုရင်တော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ A Wrinkle in Time ဆိုတဲ့ fantasy ရုပ်ရှင်ကားမှာ မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ချာတိတ်မလေးပါ။

Halle Bailey ဟာ ၂၀၀၀ ခုနှစ်ဖွားတစ်ယောက်ဖြစ်တဲ့အတွက် အသက် ၁၉ နှစ်သာသာသာရှိသေးပြီး ရုပ်ရှင်တော်တော်များများမှာလည်း ကလေးသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးပြီး Chloe x Halle ဆိုတဲ့ R&B duo အဖွဲ့ဝင်ထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ သတင်းတွေထွက်လာခဲ့ပြီးနောက်မှာတော့ Chloe x Halle တို့ရဲ့ Twitter မှာရော Instagram မှာပါ “Dream come true…” ဆိုတဲ့ စာသားနဲ့ မူရင်းကာတွန်းထဲက အယ်ရီရယ်ရဲ့ပုံပန်းသဏ္ဍာန်နေရာမှာ Halle Bailey ရဲ့ပုံကို အစားထိုးကာ တင်ထားခဲ့ပြီး အရိပ်အမြွက်အနေနဲ့ ပြောပြသွားခဲ့ပါတယ်။

READ
တောက်ပတဲ့ မျက်ဝန်းတွေနဲ့ ဖမ်းစားလိုက်တဲ့ ဖွေးဖွေး

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေခဲ့ပေမယ့် တချို့သောပရိတ်သတ်တွေကတော့ သူမမှာ Disney Princess တစ်ယောက်ဖြစ်ထိုက်တဲ့ အရည်အချင်းတွေရှိပါသေးတယ်ဆိုပြီး ဝင်ထောက်ပြခဲ့ပါတယ်။ ဥပမာဆိုရင် ကြည်လင်ပြတ်သားပြီး နားဝင်ချိုသာလှတဲ့အသံနဲ့ သီချင်းဆိုပုံလိုမျိုးပေါ့။

 

နောက်ထပ်စိတ်ဝင်စားမှုတစ်ခုကတော့ မင်းသားလေး အဲရစ်နေရာမှာ ဘယ်သူသရုပ်ဆောင်မှာလဲနဲ့ တကယ့်စူပါဗီလိန်ဖြစ်တဲ့ Ursula နေရာမှာရော ဘယ်သူ့ကိုတွေ့ရမှာလဲဆိုတာပါပဲ။ Halle Bailey ရဲ့ ပုံလေးတွေကို ကြည့်ပြီး Little Mermaid ထဲက အယ်ရီရယ်လေးနဲ့ ကိုက်ညီမှုရှိကြရဲ့လားဆိုတာ မျှဝေပေးကြပါဦးနော်။

 

 

 

 

View this post on Instagram

 

nola show tomorrow ! #otrii

A post shared by chloe x halle (@chloexhalle) on

ညာဖက်ကတစ်ယောက်ပါနော်

READ
သစ်လွင်တက်ကြွတဲ့ အပြုံးလေးတွေနဲ့ အမြဲ ချစ်စရာကောင်းနေတဲ့ မအေးသောင်း

 

 

View this post on Instagram

 

*stares deep into your soul like*

A post shared by chloe x halle (@chloexhalle) on

 

 

View this post on Instagram

 

hey big head 👽

A post shared by chloe x halle (@chloexhalle) on

Penny

SHARE