Disney+ ကနေ မကြာမီမှာ ထုတ်လွှင့်တော့မယ့် WandaVision စီးရီးအသစ်

Youtube-WandaVision | Official Trailer | Disney+

Vision ကိုတော့ Marvel ပရိသတ်တွေနဲ့ စူပါဟီးရိုးပရိသတ် တော်တော်များများ သိကြမှာပါပဲ။ Vision ဟာ Avengers ထဲမှာ အကြမ်းဆုံးစူပါဟီးရိုးတစ်ယောက်ဖြစ်ပေမယ့် Infinity War ရဲ့ နောက်ဆုံးအပိုင်းမှာ Thanos လက်ချက်ကြောင့် သေဆုံးသွားခဲ့ပါတယ်။ End Game မှာ Thanos ရဲ့ လက်တစ်ဖျောက်အောက်မှာ ပျောက်ကွယ်သွားတဲ့ စူပါဟီးရိုးတွေ ပြန်ပေါ်လာခဲ့ပေမယ့် ပရိသတ်တော်တော်များများ မျှော်လင့်ထားတဲ့ Vision တစ်ယောက်တော့ ပြန်မပေါ်လာခဲ့ပါဘူး။ အခုလည်း မကြာခင်အချိန်အတွင်းမှာ Vision အကြောင်း ရိုက်ကူးထားတဲ့ WandaVision လို့ အမည်ရတဲ့ စီးရီးအသစ်တစ်ခုကို Disney+ ကနေ ထုတ်လွှင့်ပြသတော့မှာဖြစ်ကြောင်း Polygon သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ Wandavision စီးရီးရဲ့ Trailer ကိုတော့ Marvel Entertainment ကနေပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ Youtube ပေါ်တင်ခဲ့ပြီး နာရီပိုင်းအတွင်းမှာတင် အဆိုပါ Trailer ကို ကြည့်ရှု့သူ ၂ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။ ဒီစီးရီးဟာ လာမယ့် ဒီဇင်ဘာလထဲမှာ ထွက်ရှိမှာဖြစ်ပြီး Disney+ ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာပဲ ဖြစ်ပါတယ်။ ဒီစီးရီးရဲ့ အဓိက ဇာတ်လမ်းကတော့ Scarlet Witch နဲ့ Vision တို့ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးပြသသွားတာ ဖြစ်ပါတယ်။

READ
မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ခရီးထွက်နေတဲ့ မင်းသမီး ခိုင်သင်းကြည်
Youtube-WandaVision | Official Trailer | Disney+

Vision ဟာ စက်ရုပ်တစ်ယောက်ဖြစ်ပေမယ့် လူတွေလို ခံစားတတ်ပြီး အသိဥာဏ်ရှိတဲ့ စက်ရုပ်တစ်ယောက်ပဲ ဖြစ်ပြီး Scarlet Witch နဲ့ ချစ်ကြိုက်မိသွားပါတယ်။ Scarlet Witch အနေနဲ့လည်း Vision အပေါ် စိတ်ခံစားချက်ရှိပြီး တစ်ကယ်ချစ်ရှာပါတယ်။ Scarlet Witch ဟာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်နေရှာပြီး ကလေးလိုချင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမယ့် Vision က စက်ရုပ်လူသားဖြစ်နေတဲ့အခါမှာတော့ အရာအားလုံးက ခက်ခဲနေပါတယ်။

 

 

View this post on Instagram

 

#WandaVision, an Original Series from Marvel Studios, is coming soon to #DisneyPlus.

A post shared by Paul Bettany (@paulbettany) on

Marvel Studios က ဇာတ်လမ်းအသေးစိတ်ကို မဖော်ပြသေးပေမယ့် ပရိသတ်အများစုက ဒီစီးရီးဟာ Avengers : Endgame နောက်ပိုင်း ကာလကို အခြေတည်ထားတာ ဖြစ်ကြောင်း ၊ Avengers : Infinity War မှာ Vision ဟာ သေဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့် Scarlet Witch (Wanda Maximoff) မှာ ဖြစ်ရပ်မှန်ကို လက်ခံနိုင်ခြင်း မရှိပဲ သူမနဲ့ Vision တို့ နှစ်ယောက်အတူ ပျော်ရွှင်နေရတဲ့ ပုံရိပ်ယောင် ကာလတစ်ခုကို သူမရဲ့ စွမ်းအားနဲ့ ဖန်တီးထားတာ ဖြစ်နိုင်ကြောင်းလည်း ပရိသတ်တွေက ခန့်မှန်းခဲ့ကြပါတယ်။

READ
ငေးကြည့်မိသူတိုင်း ရင်ခုန်သွားစေမယ့် အမိုက်စားအလှကို ထုတ်ပြလိုက်တဲ့ ခင်သဇင်

 

 

View this post on Instagram

 

; WHAT IS HAPPENING?! Who is that??? SO MANY QUESTIONS AND WHY AM I THE ONLY ONE FREAKING OUT??!!!

A post shared by avengers (@a.vngcrs) on

Pyi Hein Kyaw

SHARE