နင်ဂျာလုပ်ချင်သူတွေ စုပြုံရောက်ရှိလာတာကြောင့် တိုင်ပတ်သွားတဲ့ အီဂါမြို့လေး

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နင်ဂျာတစ်ယောက်အတွက် တစ်နှစ်ကို ဒေါ်လာ (၈၅,၀၀၀) အထိ ရနိုင်တယ်လို့ ကြေညာခဲ့တဲ့ ဂျပန်နိုင်ငံတွင်းက အီဂါမြို့လေးဟာ သူတို့ဆီကို နင်ဂျာလုပ်ချင်သူတွေ စုပြုံရောက်ရှိလာခဲ့လို့ တိုင်ပတ်သွားခဲ့ပါတယ်။ ဂျပန်နိုင်ငံအတွင်းက နင်ဂျာတွေရဲ့မြို့တော်လို့ လူသိများတဲ့ အီဂါမြို့လေးမှာ နင်ဂျာတွေ ရှားပါးနေပြီဖြစ်တာကြောင့် အစိုးရအနေနဲ့ ရန်ပုံငွေတစ်ခု တည်ထောင်ပြီး နင်ဂျာတွေကို ခေါ်ယူသွားမယ်လို့ သတင်းတွေ ထွက်လာခဲ့တာပါ။

အဲဒီ သတင်းထွက်ပေါ်လာပြီး ရက်ပိုင်းအကြာမှာပဲ မတူညီတဲ့နိုင်ငံ (၂၃)နိုင်ငံက နင်ဂျာလုပ်ချင်သူ (၁၁၅)ယောက်ဟာ အီဂါမြို့လေးကို ရောက်လာပြီး စာရင်းပေးသွင်းခဲ့ကြပါတယ်။

natashabarr

အီဂါမြို့တော်ဝန်နဲ့ တာဝန်ရှိသူတွေက နင်ဂျာအလုပ် လုပ်ကိုင်ဖို့ လာရောက်ခဲ့သူတွေကို တောင်းပန်လိုက်ပြီး ဒါဟာ ခရီးသွားလုပ်ငန်းတွေရဲ့ကြော်ငြာသတင်း သက်သက်သာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

တကယ်တော့ နင်ဂျာလုပ်ချင်သူတွေသာ မလာခဲ့ရင် အီဂါမြို့နဲ့ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့သတင်းတွေက လူစိတ်ဝင်စားစရာဖြစ်မှာဖြစ်ပေမယ့် နင်ဂျာလုပ်ချင်သူများစွာ ရောက်လာပြီးတဲ့နောက် ဒါဟာ သတင်းအမှားဖြစ်ကြောင်း တာဝန်ရှိသူတွေက တောင်းပန်ခဲ့ရတာပါ။

READ
ပြောင်းလဲတတ်တဲ့ သဘာဝရဲ့အလှကို ရိုက်ပြခဲ့တဲ့ ဖင်လန်နိုင်ငံက ဓာတ်ပုံဆရာ
.japantimes

အီဂါမြို့ရဲ့ ခရီးသွားစီမံခန့်ခွဲရေး တာဝန်ခံတစ်ဦးဖြစ်တဲ့ မိုတိုယိုရှီက “ဒါဟာ အမှားအယွင်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာမရှိသလို ပိုက်ဆံနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာမျိုးလည်း မရှိပါဘူး။ ဒါက ခရီးသွားလုပ်ငန်းတစ်ခုကနေ ကြော်ငြာသဘောမျိုးနဲ့ ရေးသားလိုက်တဲ့သတင်း ဖြစ်မှာပါ” လို့ ဆိုပါတယ်။

ဒါပေမယ့် မိုတိုယိုရှီက အီဂါမြို့မှာ နင်ဂျာဦးရေက အရင်ထက် လျော့နည်းနေကြောင်းကိုတော့ ၀န်ခံသွားခဲ့ပြီး တိုက်ခိုက်ရေးပညာတွေနဲ့ ပတ်သက်လို့ ကောင်းကောင်းလုပ်ကိုင်နိုင်တဲ့သူတွေ လျော့နည်းသွားပြီလို့ ပြောပါတယ်။

gaijinlife

ဂျပန်နိုင်ငံရဲ့ MIE တက္ကသိုလ်မှာ ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်က နိုင်ငံတကာနင်ဂျာလေ့လာရေးစင်တာ တစ်ခုတည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံထဲက နင်ဂျာတွေကို မှတ်ပုံတင်မှုတွေနဲ့ စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“မေးခွန်းအများစုကတော့ ကျွန်တော်တို့ တကယ်ပဲ နင်ဂျာတွေကို ငှားရမ်းမှာလား ဆိုတာပါပဲ။ တချို့ကတော့ တကယ့်ကို ယုံကြည်မှုရှိကြပြီး သူ့တို့မှာ သန်စွမ်းတဲ့ခန္ဓာကိုယ်တွေရှိကြပါတယ်။ အခုတော့ ကျွန်တော်တို့ ဘာသာစကားမျိုးစုံနဲ့ နင်ဂျာတွေအတွက် ကမ်းလှမ်းမှုမရှိဘူးဆိုတာမျိုး လိုက်ကြော်ငြာ ထားရတယ်” လို့ မိုတိုယိုရှီက ဆိုလိုက်ပါတယ်။

READ
အမေဇုန်သစ်တောကြီးသာ မရှိတော့ရင် ကြုံရမယ့် ကြောက်စရာ အခြေအနေ(၈) မျိုး

Linn

Source : Dailymail

SHARE