စမတ်နာရီ ဈေးကွက်ထဲမှ ကမ္ဘာ့ဈေးအကြီးဆုံး နာရီများ

Apple.com

သင်က နာရီနဲ့ ပတ်သက်ရင် အရူးအမူးဖြစ်တတ်ပါသလား…။ နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ အရင်က သာမန်နာရီတွေနေရာမှာ နည်းပညာတွေ ထည့်သွင်းပြင်ဆင်လာကြပြီး ကိုယ့်ရဲ့ အသုံးအဆောင်တွေနဲ့ ချိတ်ဆက်နိုင်အောင်ပါ နာရီ ထုတ်လုပ်သူတွေက ဖန်တီးလာခဲ့ကြပါတယ်။

စမတ်နာရီတွေရဲ့  ဈေးတွေကလည်း မသေးပါဘူး။ စမတ်နာရီတွေထဲက နာမည်ကြီးအဆုံးနဲ့ တန်ဖိုးအကြီးဆုံး နာရီတစ်ချို့ကိုလည်း  ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

Exospace B55 Yachting
www.breitling.com

Exospace B55 Yachting နာရီတွေဟာ Breitling ရဲ့ ပထမဆုံး ချိတ်ဆက်နိုင်တဲ့ နာရီတွေဖြစ်လာခဲ့တယ်။ လေယာဉ်၊ သဘောင်္စတဲ့ နယ်ပယ်တွေအတွက် အထူးရည်ရွယ်ထုတ်လုပ်ထားပါတယ်။ အကြမ်းပတမ်းနိုင်တဲ့ စွန့်စားမှုတွေအတွက် ထုတ်လုပ်ထားတဲ့ စမတ်နာရီ တစ်မျိုးဖြစ်တယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၁၇၀ ရှိပါတယ်။

 

de Grisogono’s Gear S2
www.degrisogono.com

ဒီ နာရီက Samsung နဲ့ ဆွစ်ဇလန် ဇိမ်ခံကျောက်မျက်သမား de Grisogono တို့ ပူးပေါင်းထုတ်လုပ်တဲ့ နာရီဖြစ်တယ်။ နာရီကိုယ်ထည်ဟာ ရွှေနဲ့ ဖြစ်ပြီး စိန်အနက်နဲ့ အဖြူ ၁၇၂ ပွင့် စီထားတယ်။ de Grisogono’s Gear S2 ဟာ သေသပ် ခေတ်ဆန်တဲ့ ဒီဇိုင်းနဲ့ ပုံဖော်ထားတဲ့ စမတ်နာရီဖြစ်တယ်။  အမေရိကန်ဒေါ်လာ ၁၅၀၀၀ တန်ဖိုးရှိပါတယ်။

READ
သစ်ပင်များဟာ အသံတွေကို ကြားနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ

 

Apple Watch Edition

apple.com

၂၀၁၅ ခုနှစ်က ထွက်ပေါ်လာတဲ့ Apple Watch ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၄၉ သာကျသင့်ပေမယ့် ရွေအုပ်ထားတဲ့ နာရီကတော့ မူလဈေးထက် အဆ ၅၀ နီးပါး ပိုပေးရပါတယ်။ သေသပ်ကျနတဲ့ ဒီဇိုင်း၊ ရွေ ၁၈ ကာရက်နဲ့ ဒီနာရီ ဒီလောက်ဈေးပေးရတာ သိပ်တော့လည်း မဆန်းပါဘူး။

ဒီ နှစ်ထဲမှာတော့ Apple ဟာ နာမည်ကြီး ပြင်သစ် ဘရန်း Hermes နဲ့ ပူးပေါင်းပြီး အထက်တန်းစာ စမတ်နာရီ ဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ နာရီရဲ့ ဈေးက အမေရိကန် ဒေါ်လာ ၁၁၉၉ ကျပ်ကနေ ၁၃၉၉ အထိ ရှိပါတယ်။

Nico Gerard Sunrise Pinnacle
www.nicogerard.com

Nico Gerard Sunrise Pinnacle နာရီတွေဟာ စမတ်နာရီတွေနဲ့ မတူပါဘူး။ ဒါပေမယ့် တစ်ဖက်ကို လှည့်လိုက်တဲ့အခါမှတော့ Apple Watch ကို အသုံးပြုနိုင်မှာဖြစ်တယ်။  ဒိုင်ခွက် နှစ်ခုပါတဲ့ ဒီနာရီမှာ ရွေသား ၁၈ ကာရက်ပါဝင်ပြီး ရေအောက် မီတာ ၁၀၀ အထိ ဆင်းနိုင်တယ်။ Nico Gerard နာရီ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၉၃၀၀ ရှိပါတယ်။

READ
ပေါင်၃၀၀ကနေ ၁၄၀ပေါင်အထိ ကိုယ်အလေးချိန်လျော့ချနိုင်ခဲ့သူရဲ့ လျှို့ဝှက်ချက်
The Lux Watch Omni
www.brikk.com

Brikk ကုမ္ပဏီက ထုတ်လုပ်ရောင်းချနေတဲ့ Apple စမတ်နာရီဟာ မျက်နှာပြင် ၄၂ မီလီမီတာရှိတယ်၊ ကြိုးမှာ စိန်တွေစီထားပြီး ရွှေ၊ ရွှေနှင်ဆီးနဲ့ ပလက်တီနမ် ၂၄ ကာရက် ပါဝင်တဲ့ နာရီအမျိုးအစားဖြစ်တယ်။ ဒါကိုမှ မကြိုက်သေးရင် ဒေါ်လာ ၅၀၀၀ တန် ၃၈ မီလီမီတာ မျက်နှာပြင်နဲ့ နောက်တစ်မျိုးရှိသေးကြောင်း သိရပါတယ်။

Connected Modular 45 model
www.tagheuer.com

၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ ထုတ်လုပ်ခဲ့တဲ့ ဒီ နာရီဟာ Tag Heuer ရဲ့ နောက်ဆုံးထုတ် ဖြစ်ပြီး စမတ်နာရီဈေးကွက်ထဲမှာလည်း ဈေးတော်တော်မြောက်တဲ့ နာရီလို့ဆိုရမှာပါ။ Touch screen ၁.၄ လက်မ၊ သိမ်ဆည်းနိုင်တဲ့ ပမာဏက 4GB နဲ့ NFC chip ပြားပါဝင်တယ်။ ဒီ နာရီမှာ ရွှေဖြူ ၁၈ ကာရက် ဖြတ်စိန် ၁ ကာရက် ၂ ဒါဇင်နီးပါလောက်နဲ့ အလှဆင်ထားတဲ့ နာရီဖြစ်တယ်။ နာရီရဲ့ function အမျိုးအစားနဲ့ ထည့်သွင်းထားတဲ့ ပစ္စည်းတွေပေါ်လိုက်ပြီး အနိမ့်ဆုံး ဒေါ်လာ (၂၀၀၀)ကနေ ဈေးနှုန်းတဖြည်းဖြည်း မြင့်တက်သွားမှာပါ။

Matthew (ShweMOM)

 

 

 

SHARE