အိမ်ထောင်သည်များကလေးလိုချင်ရင် အဓိကရှောင်ရမယ့်အရာ

ကိုယ်ဝန်လိုချင်တဲ့ အိမ်ထောင်သည်များအနေနဲ့ အဓိကရှောင်သင့်တဲ့ အရာတစ်ခုကို ဆေးပညာရှင်တွေက ထုတ်ပြန်ခဲ့ပါ
တယ်။ ရှောင်ရမယ့်အရာကတော့ အခြားမဟုတ်ပါဘူး။ အရက်ဖြစ်ပါတယ်။ တစ်ချို့တွေက မျိုးမအောင်လို့ ကလေးမရနိုင်
ပေမယ့် တစ်ချို့ကကျတော့ လင်ရောမယားရော အရက်အလွန်အကျွံသောက်လို့ ကိုယ်ဝန်မရတာမျိုးလည်း ရှိပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ မျိုးဗီဇမအောင်မြင်သူတွေကို ကုထုံးတွေအမျိုးမျိုးပေး၊ ဆေးတွေ အမျိုးမျိုးနဲ့ နှိုးဆွပြီး မျိုးဗီဇရ
အောင် ကုသပေးနိုင်တဲ့ အချိန်ကို ရောက်နေပါပြီ။ ဒါကြောင့် သာမန်အိမ်ထောင်သည်များအနေနဲ့ လက်ထပ်လာတာ ငါးနှစ်လောက် ရှိနေပြီ ကလေးဘာကြောင့် မရသေးတာလဲဆိုရင် အရက်ကြောင့်လို့ ဖြေရမှာ ဖြစ်ပါတယ်။

အရက်၏ဆိုးကျိုး

imgID13540122

အရက်ဟာ အမျိုးသားရဲ့ အောင်မြင်ပြီးသော သုတ်ပိုးတို့ကို သေစေခြင်း၊ သို့မဟုတ် အမျိုးသမီး၏ ယောနိထဲတွင် ကြာရှည် အသက်မရှည်နိုင်ခြင်းတို့ကို ဖြစ်စေပါတယ်။ ဒီနည်းနဲ့ ကိုယ်ဝန်ရခဲ့ရင်လည်း ကလေးအသေမွေးဖွားမှုက 60 ရာခိုင်နှုန်း ဖြစ်နိုင်ပြီး လင်ရောမယားရော နှစ်ယောက်စလုံး သောက်တယ်ဆိုရင်တော့ ကလေးအသေမွေးဖွားမှုနှုန်းဟာ 75 ရာခိုင်
နှုန်းအထိ ရှိပါတယ်။

READ
စူပါဦးနှောက်နဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ချင်ရင် မနက်တိုင်း စားပေးသင့်တဲ့အစားအစာ

ပြင်းထန်ရောဂါများ

ဒါကို မရပ်ပဲ ဆက်ပြီးသောက်မယ်ဆိုရင်တော့ မွေးလာတဲ့ကလေးမှာ စိတ်ကစဥ့်ကလျှားရောဂါ၊ လူကြောက်ရောဂါ၊ မသန်မစွမ်းဖြစ်ခြင်း၊ ဉာဏ်ရည်မပြည့်ခြင်း စတဲ့ ရောဂါလက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုးဝါးဆုံး အခြေအ
နေအဖြစ် အရက်သောက်တဲ့ မိဘက မွေးလာတဲ့ ကလေးမှာ ပြင်းထန်ဆီးချိုရောဂါ၊ အ၀လွန်ရောဂါ၊ နှလုံးရောဂါနဲ့ ဦးနှောက်ကင်ဆာ-စတဲ့ ရောဂါတွေကိုပါ ခံစားရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ ဉာဏ်ရည်ပြည့်မီတဲ့ ကလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ လင်ရော မယားရော အရက်မသောက်ဖို့ လိုအပ်ပါကြောင်း။

နတ်စည်တော် (Shwemom)

shwemom-2

ref : womenshealthmag.com

SHARE